လှိုင်သာယာကျူးကျော်များကို အင်အားအများအပြားဖြင့် ဖယ်ရှား၊ ဖုန်းနှင့်ဓာတ်ပုံရိုက်မှုကိုပင် စစ်ကောင်စီခေါ်လာသူများအား တားမြစ်ထား
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ ရန်ကုန်- ပုသိမ်လမ်းပေါ်မှ ကျူးကျော်များအား ယနေ့မနက်တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် ဖယ်ရှားနေသည်။
ရပ်ကွက်ပေါင်း ၂၀ ရှိသည့် လှိုင်သာယာမှ တစ်ရပ်ကွက်လျှင် စစ်ကောင်စီခန့်ရပ်ကျေးအဖွဲ့ လူ ၂၀ နှုန်းဖြင့်ခေါ်ဆောင်လာပြီး၊ ရဲတပ်ရင်း၊ စစ်တပ်များက ခြံရံကာဖယ်ရှားနေသည်။
`သတင်းထောက်တွေ မလာစေနဲ့၊ ပါလာသူတွေ ဖုန်းကင်မရာထုတ်မရိုက်နဲ့၊ ကျူးကျော်ဖျက်တဲ့အကြောင်း ကျနော်တို့မှာသီးသန့် ဖြေရှင်းမ
ယ့်အဖွဲ့ ရှိတယ်ဆိုပြီး ဗိုလ်မှူးတယောက်က တားမြစ်ထားတယ်´ ဟု ပါဝင်သူတယောက်က မဲခေါင်သတင်းဌာန မေးမြန်းမှုကို ရှင်းပြသည်။
ကျူးကျော်ရှင်းလင်းမှုတွင် စစ်တပ်၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်ဖယ်ရှားရှင်းလင်းရခြင်းမဟုတ်ဘဲ
ကျူးကျော်နေထိုင်သူများ ကိုယ်တိုင် ဖျက်သိမ်းနေမှုအား စောင့်ကြည့်ရခြင်းဖြစ်သည်ဟု ဆိုသည်။
` သူတို့သတ်မှတ်ထားတဲ့ ရက်အထိ ဒီလိုလိုက်ကြည့်တာ၊ ရက်ပြည့်ရင် ဝင်ဖျက်မှာပေါ့၊ အဲ့ဒီအခါကျရင် အကောင်းအတိုင်းပစ္စည်းတွေ ဘယ်ပြန်ရတော့မလဲ´ ဟု ၎င်း ကဆိုသည်။
ရန်ကုန် – ပုသိမ် လမ်းမှ ကျူးကျော်များကို အောက်တိုဘာ ၁၆ မှ ဖယ်ရှားရန်သတိပေးထါးပြီး နောက် ၅ ရက်၊ နောက် ၃ ရက် ပုံစံဖြင့်
သတိပေးခဲ့ပြီး၊ နောက်ဆုံးအဆင့်သတိပေးမှုသည် နိုဝင်ဘာ ၂ ရက် နောက်ဆုံးဖျက်သိမ်းရန် သတိပေးထါးသည်။
ယနေ့ဖယ်ရှားနေသည့် ကျူးကျော်နေထိုင်သူများသည် ရန်ကုန် ပုသိမ်လမ်းဘေးတွင် နေထိုင်လာသည်မှာ ၁၅ နှစ်ခန့်ပင်ရှိပြီး အိမ်အခိုင်အမာဖြင့် နေထိုင်သူများပင်ရှိသည်။
ဖယ်ရှားရှင်းလင်းခံရမှုကြောင့် နစ်နာကြေးတစုံတရာပင်မရဘဲ ရပ်ကွက်များအတွင်း အဆောင်ငှားခြင်း၊ ဇာတိမြို့များသို့ ပြန်သွားကြသူများ၊
မိသားစုများသူများသည် ကလေးငယ်များနှင့် နေထိုင်ရာခက်ခဲနေသူများလည်း ရှိနေကြသည်။