ၾကားသိသမွ်

အမှုဖွင့်ပြီးမှဖမ်းရမှာကို ဖမ်းပြီမှအမှုဖွင့်တာ အဲ့ဒီအမှုငါနဲ့မဆိုင်ဘူး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ

၂၀၀၈ အခြေခံဥပဒေပုဒ်မ ၇၃ ပါ ပြဌာန်းချက် များနှင့်အညီ ၂၈ မတ်လ ၂၀၁၈ မှာ လွှတ်တော်က တရားဝင် ရွေးချယ်တင်မြှောက်ထားသော

သမ္မတ ဖြစ်ပါတယ်။ သမ္မတဟာ ပြစ်မှုတစ်ခုခု ကျူးလွန်ရင် သို့မဟုတ် အခြေခံဥပဒေပါ ပြဌာန်းချက် တွေကို ဖောက်ဖျက်ခဲ့တယ် ဆိုရင်

သမ္မတ အဖြစ်မှ အလိုအလျောက် ရပ်စဲသွား ရမယ်ဆိုတဲ့ ပြဌာန်းချက် မျိုး ခြေဥမှာ ပြဌာန်းထားခြင်းလုံးဝမရှိပါဘူး။

အကယ်၍ သမ္မတဟာ အခြေခံဥပဒေပါ ပြဌာန်းချက် တွေကို ချိုးဖောက်ခဲ့ရင် ပုဒ်မ ၇၁ (ခ)(ဂ)(ဃ)(င)(စ) ပါ ပြဌာန်းချက်တွေ အတိုင်း

လွှတ်တော်က လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့် အရေးယူ ဆောင်ရွက်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြင့်သာလျင်သမ္မတတာဝန်ကနေ

အနားပေးရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥအရ နိုင်ငံတော် သမ္မတဟာ မိမိသဘောအလျောက် နုတ်ထွက်တာ သို့မဟုတ် မသန်စွမ်းဖြစ်တာ

သို့မဟုတ် ကွယ်လွန်တာ တွေကြောင့် နုတ်ထွက်တာမျိုး မဟုတ်ရင် နိုင်ငံတော်သမ္မတကို လွှတ်တော်ကလွဲလို့ ဘယ်အဖွဲ့အစည်း၊ ဘယ်

အာဏာပိုင်ကမှ မည်သည့်အကြောင်းပြချက်နဲ့မှ ဖြုတ်ချပိုင်ခွင့် မရှိသလို သမ္မတ ရာထူးသက်တမ်း မကုန်မီ သမ္မတရာထူးကနေ

အလိုအလျောက် ရပ်စဲနိုင်ခွင့်လဲ လုံးဝမရှိပါဘူး။

အခြေခံဥပဒေပုဒ်မ ၄၂၄ မှာ “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား

လွှတ်တော်ဥက္ကဋ္ဌ တို့သည်လည်းကောင်း ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံး စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ

နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ် တို့ကိုလည်း ကောင်း၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

အသစ်တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည်အထိ ဆက်လက်တည်ရှိသည်။” ဆိုပြီးပြဌာန်းထားတဲ့အတွက် နောက်သမ္မတ

အသစ် မခန့်အပ်မချင်း သမ္မတ အာဏာတည်ရှိပါတယ်။

ယနေ့အချိန်အထိ လွှတ်တော်သစ်ခေါ်ယူပြီး သမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးသည့်အတွက် ပုဒ်မ ၄၂၄ အရ ဦးဝင်းမြင့်သာလျင် တည်ဆဲ

သမ္မတ ဖြစ်ပါတယ်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ဖြစ်စဉ်မှာ ဦးဝင်းမြင့်ဟာ အာဏာရှိဆဲ သမ္မတ သာလျင်ဖြစ်ပြီး အခြေခံဥပဒေ ပုဒ်မ

၇၁(ခ)(ဂ)(ဃ)(င)(စ)(ဆ) ပါ ပြဌာန်းချက်များနှင့်အညီ လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် သမ္မတတာဝန်မှ ရပ်စဲခြင်းမရှိပဲ ဒုသမ္မတ မြင့်ဆွေက

ယာယီသမ္မတ လုပ်ပိုင်ခွင့်မရှိသည့်အပြင် ကာလုံခေါ်ခွင့်နှင့် အာဏာလွှဲပြောင်းခွင့်ပါ လုံးဝမရှိပါ။

ထို့ကြောင့် ထို ဖေဖော်ဝါရီ ၁ အာဏာလွှဲပြောင်းမှုမှာ တရားမဝင်သဖြင့် ပျက်ပြယ်ပါတယ်။ အာဏာလွှဲပြောင်းမှု တရားမဝင်သဖြင့်

နောက်ဆက်တွဲ ဖွဲ့စည်းတဲ့ နစကဟာလဲ တရားမဝင်မတရားသင်းသာ ဖြစ်ပါတယ်။ ထို့ပြင် အာဏာရှိဆဲသမ္မတကို လက်နက်အားကိုးနဲ့ ဝင်

ရောက်ဖမ်းဆီးချုပ်နှောင်အကျဉ်းချတာဟာ နိုင်ငံတော် ပုန်ကန်မှု ဖြစ်ပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးအက်ဥပဒေ ပုဒ်မ

၂(ဃ) မှာ ပြဌာန်းထားတဲ့ အချက်တွေကို အတိအလင်း ဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတော်ပုန်ကန်မှု ဦးဆောင်ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်ကို ၎င်းရာဇဝတ်မှုကြီး ကျူးလွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကထဲက

ရာဇဝတ်ကောင် အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ ထိုသို့ နိုင်ငံတော်ပုန်ကန်မှုထင်ရှားကျူးလွန်ထားတဲ့ ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့

တပ်မတော်အကြီးအကဲ ရာထူးကိုလဲ ဥပဒေအရရုပ်သိမ်းရမှာ ဖြစ်သလို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူ ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့

အပေါင်းပါများဟာ ပြစ်မှုထင်ရှားရင် ၎င်းတို့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ဟာ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးအက်ဥပဒေ ပုဒ်မ ၃

အရ သေဒဏ်ပဲ ဖြစ်ပါတယ်။
Credit.