မြန်မာမတည်ငြိမ်မှုအတွက် လက်နက်ကိုင်တော်လှန်ရေးကို ရုရှားသံရုံးက အပြစ်တင်
အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အားကောင်းလာတယ်လို့
မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက ရုရှားသတင်းဌာန TASS ကို ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ရုရှားက အပြည့်အ၀ ထောက်ခံအားပေးခဲ့ပြီး နှစ်ဖက် စစ်ခေါင်းဆောင်
တွေ အပြန်အလှန် သွားရောက်လည်ပတ်မှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ ရုရှား စစ်ဖက်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို
ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံက အခြေအနေအကြောင်း ရုရှားသံရုံးက TASS သတင်းဌာနကို ဖြေကြားရာမှာ စက်တင်ဘာ ၇ ရက်နေ့ အမျိုးသားညီညွန်ရေး
အစိုးရက စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်ဖို့ ကြေငြာခဲ့ပြီးတဲ့နောက် လက်ရှိ စစ်အစိုးရကို ဒေသခံလက်နက်ကိုင်အဖွဲ့တွေက
တိုက်ခိုက်မှု ပိုမိုမြင့်တက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ- ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရုရှားသံရုံးကတော့ ပုံမှန်အတိုင်း လည်ပတ်နေပြီး စစ်ကောင်စီတပ်တွေက သံရုံးလုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးထားတယ်လို့လည်း
ဆိုပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၁၀၀ ကျော် ရှိပြီး
ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်နဲ့ချီ ရှိနေပါတယ်။
Ref: TASS
Zawgyi
မန္မာမတည္ၿငိမ္မႈအတြက္ လက္နက္ကိုင္ေတာ္လွန္ေရးကို ႐ုရွားသံ႐ုံးက အျပစ္တင္
အေဝးေရာက္ အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ လႈံ႔ေဆာ္မႈေၾကာင့္ ျမန္မာနိုင္ငံမွာ လက္နက္ကိုင္တိုက္ခိုက္မႈေတြ အားေကာင္း
လာတယ္လို႔ ျမန္မာနိုင္ငံမွာရွိတဲ့ ႐ုရွားသံ႐ုံးက ႐ုရွားသတင္းဌာန TASS ကို ေျဖၾကားခဲ့ပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းမႈကို ႐ုရွားက အျပည့္အ၀ ေထာက္ခံအားေပးခဲ့ၿပီး ႏွစ္ဖက္ စစ္ေခါ
င္းေဆာင္ေတြ အျပန္အလွန္ သြားေရာက္လည္ပတ္မႈေတြလည္း ရွိခဲ့ပါတယ္။ လက္ရွိမွာ ႐ုရွား စစ္ဖက္ကိုယ္စားလွယ္အဖြဲ႕တစ္ခု ျမန္မာနိုင္ငံကို ေရာက္ရွိေနပါတယ္။
ျမန္မာနိုင္ငံက အေျခအေနအေၾကာင္း ႐ုရွားသံ႐ုံးက TASS သတင္းဌာနကို ေျဖၾကားရာမွာ စက္တင္ဘာ ၇ ရက္ေန႔ အမ်ိဳးသားညီ
ညြန္ေရးအစိုးရက စစ္ေကာင္စီကို လက္နက္ကိုင္တြန္းလွန္ဖို႔ ေၾကျငာခဲ့ၿပီးတဲ့ေနာက္ လက္ရွိ စစ္အစိုးရကို ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြက တိုက္ခိုက္မႈ ပိုမိုျမင့္တက္လာတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
႐ုရွားသံ႐ုံးကေတာ့ ပုံမွန္အတိုင္း လည္ပတ္ေနၿပီး စစ္ေကာင္စီတပ္ေတြက သံ႐ုံးလုံျခဳံေရးကို အျပည့္အ၀ တာဝန္ယူေပးထားတယ္လို႔လည္း ဆိုပါတယ္။
အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြရဲ့ အၾကမ္းဖက္မႈေၾကာင့္ ျမန္မာနိုင္ငံမွာ ေသဆုံးသူ ၁၁၀၀ ေက်ာ္ ရွိၿပီး ဖမ္းဆီးထိန္းသိမ္းခံရသူ ေထာင္နဲ႔ခ်ီ ရွိေနပါတယ္။
Ref: TASS