ၾကားသိသမွ်

မြန်မာကို ဖမ်းဆီးခြင်းအမည်ဖြင့် အမေရိကန်နှင့်နေတိုးတပ်ဖွဲ့စစ်ရေးလေ့ကျင့်

အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက Burmese Chase အမည်ဖြင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် စစ်ရေးပေါင်းစည်းလေ့ကျင်မှု ပြုလုပ်လေ့ရှိရာ ယခုနှစ် စစ်ရေးပေါင်းစည်းလေ့ကျင်မှု

ကို Burmese Chase အမည်ဖြင့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ပြီး US မရိန်းတပ်ဖွဲ့မှ မရိန်းတပ်သားများသည် နေတိုးမဟာမိတ်တပ်သား

များနှင့်အတူ မြေပြင်၊ ဝေဟင်နှင့် ရေတပ်တိုက်ပွဲအတွက် ဘက်စုံပေါင်းစည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားရှိ စစ်လေ့ကျင့်ရေးစခန်းတွင် Burmese Chase စစ်ရေးလေ့ ကျင့်ခန်းကို ပြုလုပ်ခြင်းဖြစ်

ပြီး အမေရိကန်နှင့်အတူ ပြင်သစ်၊ ဗြိတိန်၊ ဆွီဒင်နှင့်နော်ဝေ အပါအဝင် နေတိုး အဖွဲ့ဝင်နိုင်ငံများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်မရိန်းတပ်ဖွဲ့မှ Capt. George Gibsonက ” Burmese Chase စစ်ရေးလေ့ကျင်မှုက အဖွဲ့ဝင်နိုင်ငံတွေအတွက် ပူးပေါင်း စစ်

ရေးလေ့မှု ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုကနေ ပိုမိုခိုင်မာတဲ့ မဟာမိတ်ဖြစ်မှုနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ဖြစ်ပါ

တယ်” ဟု အမေရိကန်အခြေစိုက် WITN သတင်းဌာနတစ်ခုသို့ ပြောဆိုထားသည်။

Burmese Chase ပူးပေါင်းစစ်ရေးလေ့ကျင်မှုတွင် မြန်မာအဓိပ္ပာယ်ပြန်ဆိုပါက မြန်မာကို ဖမ်းဆီးခြင်း ဟု အဓိပ္ပာယ်ကောက်ယူနိုင်

ကြောင်း၊ စစ်ရေးလေ့ကျင်မှုတစ်ခုကို နာမည်ပေးခြင်းသာ ဖြစ်ပြီး အခြားတွေးတောမှုများနှင့် မျှော်လင့်ချက် အမှားများ မဖြစ်စေလိုဟု ရန်

ကုန်အခြေစိုက် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

“Burmese Chase ဆိုတာက စစ်ရေးလေ့ကျင့်မှုအတွက် နာမည်ပေးတာပါ။

မျှော်လင့်ချက် အမှားတွေဖြစ်နေမှာစိုးလို့။ မြန်မာပြည်မှာလည်း မင်းအောင် လှိုင်တို့ စစ်ရေးလေ့ကျင့်ရင် ဆင်ဖြူရှင် စစ်ဆင်ရေး တို့ ဘာတို့

ညာတို့ ပေးသလိုပဲ အမေရိကန်နဲ့ နေတိုးက လည်း Burmese Chase ဆိုပြီး နာမည်တပ်ထားတာ။

နာမည်ပဲ။ မြန်မာပြည်ကို လာတိုက်မှာလည်းမဟုတ်ဘူး။ အဓိပ္ပာယ်ကတော့ မြန်မာကို ဖမ်းဆီးခြင်းလို့လည်း ပြန်ချင်ပြန်လို့ရတာပေါ့။

ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို နာမည်တပ်တာပဲ။ မျှော်လင့်ချက်အမှားတွေ ဖြစ်နေမယ်စိုးလို့” ဟု ၎င်းက ဆိုသည်။

Burmese Chase ပူးပေါင်းစစ်ရေးလေ့ကျင်မှု ဗီဒီယိုကို အမေရိကန်၊ ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၃

ရက်နေ့က တရားဝင် ထုတ်ပြန်ထားသည်။

Zawgyi

အေမရိကန္ႏွင့္ေနတိုးတပ္ဖြဲ႕ဝင္နိုင္ငံမ်ားက Burmese Chase အမည္ျဖင့္ ပူးေပါင္းစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့

အေမရိကန္ႏွင့္ ေနတိုးတပ္ဖြဲ႕ဝင္နိုင္ငံမ်ားက ႏွစ္စဥ္ စစ္ေရးေပါင္းစည္းေလ့က်င္မႈ ျပဳလုပ္ေလ့ရွိရာ ယခုႏွစ္ စစ္ေရးေပါ

င္းစည္းေလ့က်င္မႈကို Burmese Chase အမည္ျဖင့္ စက္တင္ဘာလတြင္ ျပဳလုပ္ခဲ့ၿပီး US မရိန္းတပ္ဖြဲ႕မွ မရိန္းတပ္သားမ်ားသည္ ေန

တိုးမဟာမိတ္တပ္သားမ်ားႏွင့္အတူ ေျမျပင္၊ ေဝဟင္ႏွင့္ ေရတပ္တိုက္ပြဲအတြက္ ဘက္စုံေပါင္းစည္းေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

အေမရိကန္ျပည္ေထာင္စု ေျမာက္ကယ္ရိုလိုင္းနားရွိ စစ္ေလ့က်င့္ေရးစခန္းတြင္ Burmese Chase စစ္ေရးေလ့ က်င့္ခန္းကို

ျပဳလုပ္ျခင္းျဖစ္ၿပီး အေမရိကန္ႏွင့္အတူ ျပင္သစ္၊ ၿဗိတိန္၊ ဆြီဒင္ႏွင့္ေနာ္ေဝ အပါအဝင္ ေနတိုး အဖြဲ႕ဝင္နိုင္ငံမ်ား ပါဝင္ခဲ့ေၾကာင္း သိရွိရသည္။

အေမရိကန္မရိန္းတပ္ဖြဲ႕မွ Capt. George Gibsonက ” Burmese Chase စစ္ေရးေလ့က်င္မႈက အဖြဲ႕ဝင္နိုင္ငံေတြအတြက္ ပူးေပါ

င္း စစ္ေရးေလ့မႈ ျဖစ္ပါတယ္။ ဒီေလ့က်င့္မႈကေန ပိုမိုခိုင္မာတဲ့ မဟာမိတ္ျဖစ္မႈနဲ႔ ေရွ႕ဆက္ ပူးေပါင္းေဆာင္ရြက္မႈေတြ တည္ေဆာက္ဖို႔ျဖစ္ပါတယ္” ဟု အေမရိကန္အေျခစိုက္ WITN သတင္းဌာနတစ္ခုသို႔ ေျပာဆိုထားသည္။

Burmese Chase ပူးေပါင္းစစ္ေရးေလ့က်င္မႈတြင္ ျမန္မာအဓိပၸာယ္ျပန္ဆိုပါက ျမန္မာကို ဖမ္းဆီးျခင္း ဟု အဓိပၸာယ္ေကာ

က္ယူနိုင္ေၾကာင္း၊ စစ္ေရးေလ့က်င္မႈတစ္ခုကို နာမည္ေပးျခင္းသာ ျဖစ္ၿပီး အျခားေတြးေတာမႈမ်ားႏွင့္ ေမၽွာ္လင့္ခ်က္ အမွားမ်ား မျဖစ္ေစလိုဟု ရန္ကုန္အေျခစိုက္ နိုင္ငံတကာေရးရာ ကၽြမ္းက်င္သူတစ္ဦးက ဆိုသည္။

“Burmese Chase ဆိုတာက စစ္ေရးေလ့က်င့္မႈအတြက္ နာမည္ေပးတာပါ။

ေမၽွာ္လင့္ခ်က္ အမွားေတြျဖစ္ေနမွာစိုးလို႔။ ျမန္မာျပည္မွာလည္း မင္းေအာင္ လွိုင္တို႔ စစ္ေရးေလ့က်င့္ရင္ ဆင္ျဖဴရွင္ စစ္ဆင္ေရး တို႔ ဘာတို႔ ညာတို႔ ေပးသလိုပဲ အေမရိကန္နဲ႔ ေနတိုးက လည္း Burmese Chase ဆိုၿပီး နာမည္တပ္ထားတာ။

နာမည္ပဲ။ ျမန္မာျပည္ကို လာတိုက္မွာလည္းမဟုတ္ဘူး။ အဓိပၸာယ္ကေတာ့ ျမန္မာကို ဖမ္းဆီးျခင္းလို႔လည္း ျပန္ခ်င္ျပန္လို႔ရတာေပါ့။
ပူးေပါင္းစစ္ေရးေလ့က်င့္မႈကို နာမည္တပ္တာပဲ။ ေမၽွာ္လင့္ခ်က္အမွားေတြ ျဖစ္ေနမယ္စိုးလို႔” ဟု ၎က ဆိုသည္။

Burmese Chase ပူးေပါင္းစစ္ေရးေလ့က်င္မႈ ဗီဒီယိုကို အေမရိကန္၊ ကာကြယ္ေရးဝန္ႀကီးဌာန လူမႈကြန္ရက္တြင္ ေအာက္တိုဘာလ ၂၃ ရက္ေန႔က တရားဝင္ ထုတ္ျပန္ထားသည္။