ၾကားသိသမွ်

အာဏာသိမ်းမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မည်

အာဏာသိမ်းမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မည်

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်နှင့် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တို့

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့က တွေ့ဆုံမှုအတွင်း အာဏာသိမ်းမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်

ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်မည်ဟု ဆွေးနွေးကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီမလီဟွန်းက ယင်းကဲ့သို့ ဆွေးနွေးထားခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၂၆) ရက်နေ့က

သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းဖြစ်သည်။

ယင်းအပြင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် မြန်မာပြည်သူများအတွက် လူသားချင်း

စာနာမှုအကူအညီများတိုက်ရိုက်ပေးအပ်နိုင်ရေး အမေရိကန်ပြည်ထောင်စု၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုအကြောင်းကိုလည်း

ဆွေးနွေးခဲ့သည်ဟု သိရသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်သည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များဖြစ်ကြသည့် ယာယီသမ္မတ ဒူး

ဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Zawgyi








လူသားချင်းစာနာမှုအကူအညီများတိုက်ရိုက်ပေးအပ်နိုင်ရေး အမေရိကန်ပြည်ထောင်စု၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုအြေ

ကာင်းကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

