ၾကားသိသမွ်

ဆီဖိုးနဲ့မမွဲစေချင်သည့်ဆန္ဒဖြင့်သာ တနိုင်ငံလုံး လျှပ်စစ်ရထား လျှပ်စစ်ကားများပြေး ဆွဲစေချင်တာပါဟုန-စ-ကဥက္ကဋ္ဌ ပြောကြား

တစ်နိုင်ငံလုံး လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားများပြေးဆွဲရမည်ဖြစ်ပြီး အချိန်တစ်ခုတွက်ချက်ပြီးပါက ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံ လုံးမြို့ပတ်ရထားလမ်းဆို

မြို့ပတ်လမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေမှာ သုံးတဲ့ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။

ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေငြာပါ့မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါ တယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ယမန်နေ့မွန်းလွဲပိုင်းတွင်

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊

တက်ရောက်အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့အားပေးဖို့လိုတယ်။ မီးရထားတွေ၊ မြို့ ပတ်ရထားတွေ၊

ဘတ်စ်ကားလိုင်းတွေ။ ဒါတွေများများ သုံးနိုင်အောင်လုပ်ပါ၊ ဒါကြောင့် ကျွန်တော်အရှုံးခံပြီး ရထားလမ်းတွေ ဖွင့်ခိုင်းပါတယ်။

ဘယ်လောက်ပဲဖျက်ဖျက်၊ ဘယ်လောက်ပဲဖျက်ဖျက်ရအောင် ဆွဲမယ်ဆိုပြီး ကျွန်တော် လုပ်ပေးနေတယ်။ ရထားလမ်းတွေကိုလည်း

ရအောင် အဆင့်မြှင့်ခိုင်းနေပါတယ်။ ဒါက ဘာလဲဆို တော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့လုပ်ငန်းမို့လို့။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်

တော့ အကျိုးမရှိနိုင်ပေမယ့် တိုင်းပြည်အတွက်တော့ အကျိုးရှိတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့ကြောင့် ကျွန်တော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံး

တဲ့စနစ်ကို ဘယ်အဆင့်မှာ ပြောင်းပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။

လုပ်ငန်း ခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေ

ကျွန်တော်တို့ ကြည့်ရအုန်းမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကား တွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ

လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လဲ ကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်လို့ ပြော

ကြားခဲ့ပါတယ်။