မုံရွာမြို့မှာ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် အရပ်ဝတ်ရဲတပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံး
စစ်ကိုင်းတိုင်း၊မုံရွာမြို့၊စက်မှုဇုန်ရပ် စွယ်တော်လမ်းမှာ ဒီကနေ့မနက်၄နာရီဝန်းကျင်ခန့်က အရပ်ဝတ်ဖြင့်ဆိုင်ကယ်မောင်းနှင်လာသည့်ရဲ
တပ်သားနှစ်ဦးကို ကင်းပုန်းဝတ်စစ်ကောင်စီတပ်သားများက အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့် အရပ်ဝတ်ရဲတပ်သားနှစ်ဦး နေရာမှာ
တွင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံများထံမှ RNAသိရသည်။
ဓာတ်ပုံ- မှတ်တမ်းတင်နေသောစခတစ်ဦးပုံဟောင်း
အရပ်ဝတ်ဖြင့်ရဲတပ်သားများသည် KTVကအပြန် ကင်းပုန်းဝတ်စစ်ကောင်စီတပ်သားများက ၈ချက်ကျော်လောက် ပစ်ခတ်ပြီး မနက်၅နာရီ
ဝန်းကျင်ခန့်မှာ လမ်းပေါ်သေဆုံးနေတာကိုတွေ့ရတယ်လို့ သိရှိရပါတယ်။
ဒီအကြောင်းအရာတွေနဲ့ပက်သက်ပြီး ဒေသခံတစ်ဦးကိုRNAကမေးမြန်းကြည့်တော့
“KTVကပြန်လာတာဖြစ်နိုင်တယ်၊ညတုန်းကဆို သီချင်းသံတွေဆူညံနေတာ၊အဲ့မှာမနက်မိုးလင်း၅နာရီကျော်မှာ လမ်းပေါ်မှာ နှစ်ယောက်
သေနေတာတွေ့တယ်၊အဲ့ကျမှ ရဲတပ်သားတွေမှန်းသိတာ အရပ်ဝတ်နဲ့၊ပြီးတော့ စကစသူတွေ အလောင်းကိုသယ်ယူပြီး အခုစစ်ဆေးမှုတွေ
နေရာအနှံ့ပြုလုပ်နေတယ်”လို့ သိရှိရပါတယ်။
သေနတ်သံတွေကြားမှာ KTVက သီချင်းဆိုသံတွေရပ်တန့်သွားပြီး အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် အရပ်ဝတ်နှင့်ရဲ
တပ်သား၂ဦးအနက် တစ်ဦးမှာ ရာထူးအနည်းငယ်ကြီးလို့ သတင်းထွက်ပေါ်နေပေမယ့် RNAအနေဖြင့် အတည်ပြုပြောကြားနိုင်ခြင်းမရှိ
သေးပေ။
ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာ အောက်တိုဘာ၂၅ရက်နေ့ည၁၁နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး ဒေသခံ၄ဦးလည်း
ဖမ်းဆီးခံရပြီး မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့လည်း ဖမ်းဆီးခံလိုက်ရသည်ဟုသိရသည်။
Zawgyi
စစ်ကိုင်းတိုင်း၊မုံရွာမြို့၊စက်မှုဇုန်ရပ် စွယ်တော်လမ်းမှာ ဒီကနေ့မနက်၎နာရီဝန်းကျင်ခန့်က အရပ်ဝတ်ဖြင့်ဆိုင်ကယ်မောင်းနှင်လာသ
စ်ယောက်သေနေတာတွေ့တယ်၊အဲ့ကျမှ ရဲတပ်သားတွေမှန်းသိတာ အရပ်ဝတ်နဲ့၊ပြီးတော့ စကစသူတွေ အလောင်းကိုသယ်ယြူ
ပီး အခုစစ်ဆေးမှုတွေ နေရာအနှံ့ပြုလုပ်နေတယ်”လို့ သိရှိရပါတယ်။
ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာ အောက်တိုဘာ၂၅ရက်နေ့ည၁၁နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး ဒေသခံ၎ဦးလ