ၾကားသိသမွ်

ဒီးမော့ဆို၌ NUGကာကွယ်ရေးဝန်ကြီးဌာနက ပို့ချသည့် Drone အသုံးပြုနည်း သင်တန်း အောင်မြင်စွာ ပြီးဆုံး

ဒီးမော့ဆို၌ NUGကာကွယ်ရေးဝန်ကြီးဌာနက ပို့ချသည့် Drone အသုံးပြုနည်း သင်တန်း အောင်မြင်စွာ ပြီးဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ UAV (Drone)

ပညာရှင်များမှ UAV (Drone) ကိုင်တွယ်အသုံးပြုခြင်း ​​​သင်တန်းတစ်ခုကို ဒီးမော့ဆိုမြို့နယ်အတွင်းတွင် ဖွင့်လှစ်၍ ပို့ချသင်ကြားပေးခဲ့

သည်။

အဆိုပါသင်တန်းသို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) မှ တပ်ဖွဲ့ဝင်ရဲဘော်များ တက် ရောက်သင်ယူခဲ့ပြီး ယမန်နေ့

အောက်တိုဘာလ ၂၄ ရက်တွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်

ပြတ်သည်အထိ တိုက်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆထက်တပိုး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီး

မော့ဆို (DMO-PDF) က ယနေ့ အောက်တိုဘာလ ၂၅ရက်တွင် ဖော်ပြထားသည်။

အရေးတော်ပုံ အောင်ရမည် 💪💪💪

Zawgyi



(Drone) ပညာရှင်များမှ UAV (Drone) ကိုင်တွယ်အသုံးပြုခြင်း ​​​သင်တန်းတစ်ခုကို ဒီးမော့ဆိုမြို့နယ်အတွင်းတွင် ဖွင့်လှစ်၍ ပို့ချသင်ြ

ကားပေးခဲ့သည်။




