ရရက် သားသမီးများ အတွက် 24-10-2021 မှ 30-10-2021 အထိ တစ်ပတ်စာ ဟောစာတမ်း
တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
ကျဆင်းနေသော စီးပွားရေး ပြန်ကောင်းလာမည်။ ထွက်ထားသော ရွှေပြန်ဝင်မည်။ ကြွေးကိစ္စအတွက် ရင်အေးရလိမ့်မည်။ အိမ်ပြင်၊
အိမ်ဆောက်ကိန်း ရှိသည်။
ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖြေရှင်းစရား အနည်းငယ်ရှိမည်။ နေအိမ်သို့ အရက်ပုလင်း၊ ဘီယာပုလင်း ရောက်ပါက ကံညံ့မည်။
အနုပညာလုပ်ငန်းအတွက် သတင်းကောင်းကြားရမည်။
ပညာရေးမှာ တိုးတက်မှု ရှိပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်း ရောဂါဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏သဝန်တိုမှုကြောင့်
စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရလိမ့်မည်။
ကံကောင်းသောဂဏန်းများမှာ ၃၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အုန်းခွံရောင် ဖြစ်ပါသည်။
ယတြာ – တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းသီးနှင့်လုပ်ထားသော မုန့်များကို ကပ်လှူပါ။
တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
ဝင်ငွေကောင်းမည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရလိမ့်မည်။ အောင်မြင်မည်။ မိသားစုအတွင်းသို့ သတင်းကောင်းဝင်မည်။
ဧည့်သည်ရောက်မည်။ ကောင်းပါသည်။ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။
စိုက်ပျိုးရေး (သို့မဟုတ်) မွေးမြူရေးလုပ်ငန်းအတွက် အရင်းအနှီးရမည်။ နေအိမ်မှာ မှန်ကွဲမည်။ ထိုသို့ ဖြစ်ပါက ချက်ခြင်းလဲတပ်ပါ။
အသိမိတ်ဆွေ (သို့မဟုတ်) သူငယ်ချင်းတစ်ဦး၏ နာရေးသတင်းကြားပါက ဖိနပ်ဟောင်းကို စွန့်ပစ်ပါ။
ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့်
အတူ အလှူဒါနပြုလုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသောဂဏန်းများမှာ ၃၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဝါရောင် ဖြစ်ပါသည်။
ယတြာ – တနင်္လာနေ့တွင် နေအိမ်ဘုရားမှာ ကျောက်ကျောကပ်လှူပါ။
အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
ငွေအတွက် ကူညီမည့်သူပေါ်မည်။ အလုပ်လျှောက်ထားပါက (သို့မဟုတ်) အလုပ်ရှာနေပါက အလုပ်ရသော သတင်းကောင်းကြားရမည်။
အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။
မော်တော်ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ အဖိုးတန်ရတနာပစ္စည်း အရောင်းအဝယ် ဖြစ်မည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ နေအိမ်သို့
အရက်ပုလင်း၊ ဘီယာပုလင်း ရောက်ပါက ကံညံ့မည်။
ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် အာရုံကြောအားနည်းမည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမ
ရှိပါက ချစ်သူတွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ချောကလက်ရောင် ဖြစ်ပါသည်။
ယတြာ – နေအိမ်ဘုရားစင်မှာ အင်္ဂါနေ့မှာ စပါယ် ၅ ကုံးကပ်လှူပါ။
ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
ရပ်ဝေး (သို့မဟုတ်) နိုင်ငံခြားမှ ငွေရောက်မည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ အလုပ်သစ်ရမည်။ နိုင်ငံခြားမှာ ရောက်နေပြီး
အလုပ်ရှာနေပါက အလုပ်ရလိမ့်မည်။
ဆိုင်ကယ်အသစ်ဝင်မည်။ အနုပညာလုပ်ငန်းမှာ အောင်မြင်မှုရရှိမည်။ ဆွေမျိုးညီအစ်ကို မောင်နှမတစ်ဦးဦးအတွက် သောကများရ
လိမ့်မည်။ သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။
ပညာရေးမှာ အထူးကြိုးစားရမည့် အချိန်ဖြစ်နေပါသည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ သာယာပါသည်။
အိမ်ထောင်ရေးလည်း အခြေအနေကောင်းပါသည်။
ကံကောင်းသောဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။
ယတြာ – ဗုဒ္ဓဟူးနေ့တွင် နေအိမ်ဘုရားစင်မှာ ယို ၄ မျိုးကပ်လှူပါ။
ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်းအတွက် အရောင်းအဝယ် (သို့မဟုတ်) အဌား စာချုပ်ချုပ်ရလိမ့်မည်။ မော်တော်ဆိုင်ကယ်အတွက်
သောကများမည်။ သို့မဟုတ် တစ်စုံတစ်ယောက်နဲ့ စကားများရမည်။
ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ကောင်းမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အထက်လူကြီးနှင့် စကားများရမည်။ အိမ်
အနီးအနားမှာ နာရေးပေါ်မည်။ မသွားရ။
ပညာရေးအနေဖြင့် နိုင်ငံခြားပညာသင်ရန် အခွင့်အလမ်းရရှိိမည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦး နားလည်မှုလွဲမှားမည်။ အိမ်ထောင်ရေးလည်း
အခြေအနေမကောင်းပါ။
ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခရမ်းရောင် ဖြစ်ပါသည်။
ယတြာ – ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ဖရုံယို ကပ်လှူပါ။
သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
ဝင်ငွေကောင်းမည်။ ရရန်ရှိသော ငွေဝင်မည်။ သတင်းကောင်းကြားရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ အလုပ်သစ်ပေါ်မည်။ အစိုးရ
ဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ရမည်။
ကျောက်မျက်ရတနာရောင်းဝယ်ရေး ကောင်းမည်။ အမွေရကိန်း ရှိပါသည်။ နေအိမ်သို့ အရက်ပုလင်းရောက်ပါက ကံညံ့မည်။ သော့ပျောက်မည်။
ပညာရေးမှာ ရလဒ်ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်ရောဂါဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ကတိမတည်မှုကြောင့်
စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရလိမ့်မည်။
ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းနုရောင် ဖြစ်ပါသည်။
ယတြာ – သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သစ်သီး ၅ လုံး ကပ်လှူပါ။
စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း
အိမ်နေရာအပြောင်းအရွှေ့ပေါ်မည်။ နိုင်ငံခြားခရီးအတွက် ပြင်ဆင်ရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ မြေ
အရောင်းအဝယ်မှာ အထစ်အငေ့ါဖြစ်မည်။ ဆွေမျိုးတစ်ဦးနှင့် စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။
တယ်လီဖုန်းအသစ်ဝင်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းမွန်မည်။
ပညာရေးမှာ ကံကောင်းနေပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် သည်းခြေမှာကျောက်တည်မည်။ အချစ်ရေး
မှာ သာယာပါသည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြှီးစိမ်းရောင် ဖြစ်ပါသည်။
ယတြာ – စနေနေ့တွင် နေအိမ်ဘုရားစင်မှာ နွားနို့ကပ်လှူပါ။