ၾကားသိသမွ်

နိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ

နိုင်ငံခြားရေးဝန်ကြီးပြော

ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို အသုံးချကာ နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို

ကျူးလွန်တာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ပြောပါ

တယ်။

ဆိုးရွားရက်စက်တဲ့ အကြမ်းဖက်မှုတွေကို အစီရင်ခံစာမှာ လျှော့ပေါ့ရေးသားထားပြီး တရားဝင် အစိုးရကို စွပ်စွဲရှုတ်ချဖို့ ပူးပေါင်းကြံစည်ရာ

ရောက်တဲ့ ဆောင် ရွက် မှုတွေက ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ရည်ရွ ယ်ချက်၊ မူဝါဒတွေနဲ့ ဆန့်ကျင်နေတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံ၊ တတိယ

ကော်မတီရဲ့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး

အစီရင်ခံစာတင်သွင်းသူတို့ရဲ့ အစီရင်ခံစာအပေါ်အခုလို တုန်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူကို တပ်မတော်အနေနဲ့ ကျည်ဆန်အစစ်သုံးပြီး လွန်စွာ အင်အား သုံးပစ်ခတ်တာ၊ တရားမဝင် ဖမ်းဆီး

ထိန်းသိမ်းတာ၊ နှိပ်စက်တာ၊

ဥပ‌ဒေနဲ့အညီ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားတာ၊ စွပ်စွဲခံထားရသူတွေအနေနဲ့ ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိနိုင်တာ စ

တာတွေကို ချိုးဖောက်နေတယ်လို့ အောက်တိုဘာ (၂၂) ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ

အထွေထွေ ညီလာခံမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ခံရပြီး

တရားရင်ဆိုင်နေရတဲ့ ကျော်မိုးထွန်းက ယခုအပြန်အလှန်ဆွေးနွေးမှုတွေ အပါအဝင် ကုလသမဂ္ဂအစည်းအဝေးတွေကို တက်ရောက်ခွင့် ရရှိ

နေတာကလည်း ဘက်လိုက်မှုမရှိခြင်း၊

အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမရှိတာ စတဲ့ ကုလသမဂ္ဂရဲ့ မူဝါဒတွေနဲ့ တိုက်ရိုက်

ဆန့်ကျင်နေတာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ပစ်မှတ်ထားပြီး၊ ပြည်တွင်းရေးကို ဝင်

ရောက်စွက်ဖက် နှောင့်ယှက်ဖို့ လူ့အခွင့်အရေးကို ခုတုံးလုပ် အသုံးချနေမှုတွေကို မြန်မာနိုင်ငံအနေနဲ့ လက်မခံဘူးလို့လည်း နိုင်ငံခြားရေး

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။