စစ်ကောင်စီတပ်က ဗုံးအတုဖြုတ်နေတဲ့အချိန် ဗုံးအစစ်သုံး (၃) ပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
အောက်တိုဘာ (၂၅)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှောင်လမ်းထိပ် သုံးခွစုံနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးအတုအစစ်မခွဲခြားတတ်ဘဲ ဗုံးအတုကို
ဖြုတ်နေတဲ့အချိန် ဗုံးအစစ် (၃) လုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားခဲ့တယ်လို့ Seven People Defense Force
အဖွဲ့က ပြောပါတယ်။
“ပခုက္ကူ မြို့ရှောင်လမ်းထိပ် သုံးခွစုံနေရာတွင် တောင်မြောက်လမ်း အရှေ့ဘက်ခြမ်း၌ ၂လုံး/ အရှေ့အနောက်လမ်း ညာဘက်ခြမ်း၌ ၂လုံး
ဗုံးအစစ် ၄လုံး ထောင်ထားကာ လမ်းအလယ်ခေါင် တြိဂံ ပလပ်ဖောင်းပေါ်၌ “ငါလိုးမသား စောက်ရူးတွေ” စာထည့်ထားသော ဗုံးအတုအား
Burmese Guerrilla Force & Seven PDF မှ ထောင်ထားခဲ့ခြင်း” ဖြစ်တယ်လို့ Seven PDF အဖွဲ့က လူမှုကွန်ယက်မှာ ရေးသားထားပါ
တယ်။
ဗုံးအတုအစစ်မခွဲခြားတတ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ဗုံးအတုကို လာရောက်ဖြုတ်တဲ့အချိန်မှာ PDF အဖွဲ့တွေက ဗုံးအစစ် (၄) လုံးကို
ခွဲခဲ့ရာမှာ (၃) လုံးသာ ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတချို့ရှိခဲ့တယ်လို့ Burmese Guerrilla Force & Seven PDF က ပြောပါ
တယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချင်သူတွေက PDF အဖွဲ့တွေ ဖွဲ့စည်းပြီး
နေ့စဉ် စစ်အာဏာရှင်ကို တုန်ပြန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
Zawgyi
အောက်တိုဘာ (၂၅)