ၾကားသိသမွ်

Dr.ဆာဆာပြောသော စည်းလုံးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေးအကြောင်း

Dr.ဆာဆာပြောသော စည်းလုံးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေးအကြောင်း

လူမျိုးရေး၊ ဘာသာရေးဆိုတဲ့အခါမှာ အင်မတန်မှကျယ်ပြန့်လှပါတယ်။ ထိရှလဲလွယ်ပါတယ်။ လူသားတွေဟာ မိမိယုံကြည်ကိုးကွယ်သော

ဘုရားအတွက် ဘာသာရေးကိုမြတ်နိူးတန်ဖိုးထားကြပါတယ်။ ဒါကိုကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်တွေက လက်နက်တဖွယ်အသုံးပြုလေ့ရှိကြပါတယ်။

လူမျိုးရေး၊ ဘာသာရေးဆိုတဲ့အခါမှာ ကျွန်တော်တို့အနေနှင့် ဘယ်လိုနားလည်ရမလဲဆိုရင် ဒီလူမျိုးခြား၊ ဘာသာခြားက အခုမှထပေါ်လာတာမဟုတ်ပါဘူး။

နှစ်ပေါင်းထောင်၊ သောင်းများစွာကတည်းကတည်ရှိပြီးသားဖြစ်ပါတယ်။ လူတိုင်းဟာကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူမျိုးခြား၊ဘာသာခြားတွေနှင့် တစ်နိူင်ငံထဲမှာအတူတူနေထိုင်ကြရမယ်ဆိုတာသိထားရပါမယ်။

ဒီတော့ ဘယ်ဟာကအရေးကြီးသလဲဆိုရင် လူမျိုးရေး၊ ဘာသာရေးကို ရှေ့တမ်းမတင်မိဖို့ပါ။ ရှေ့တမ်းတင်ရမှာက လူကိုလူလိုမြင်တတ်အောင်ကျင့်ရပါမယ်။

ဒီနေရာမှာ ရိုးရိုးလေးပဲတွေးကြည့်ရအောင် အော်. . . သူလဲလူပဲ သူ့ယုံကြည်ရာ ဘာသာရှိမှာပဲ ငါ့ဘုရားကို ငါယုံကြည်ကိုးကွယ်သလို သူ့မှာလဲသူယုံကြည်တဲ့ဘုရား ကိုးကွယ်မှာပဲဆိုတာ တစ်ချက်လေးတွေးကြည့်လိုက်ရင်တောင်

လူမျိုးရေး၊ ဘာသာရေးခေါင်စဥ်အောက်မှာ ကျွန်တော်တို့ပြသနာဖြစ်စရာအကြောင်းမရှိနိူင်တော့ပါဘူး။ အခြားလူမျိုးပဲဖြစ်ဖြစ် အခြားဘာသာပဲဖြစ်ဖြစ် တန်ဖိုးထားလေးစားမူပေးကြည့်လိုက်ပါ။

သူဘက်ကလဲတန်ပြန်တန်ဖိုးထားမူ၊ လေးစားမူပြန်ပေးပါလိမ့်မယ် ဒါကသေချာပါတယ်။ လူ့အတိုင်းအဝှမ်းဆိုတာဒါပါပဲ။

မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဒီလိုအကျင့်ကောင်းတွေအတွေးခေါ်ကောင်းတွေရှိနေပြီဆိုရင် ကျွန်တော်တို့က ဒီထက်ပိုစည်းလုံးလာကြမယ် လူမျိုးရေး၊ ဘာသာရေး မိုင်းတိုက်ခံစရာအကြောင်းမရှိတော့ပါဘူး။

ကျွန်တော်တို့ ကောင်းမွန်တဲ့စနစ် ဒီမိုကရေစီအပြည့်ဝရတဲ့အခါကျရင်… ဥပမာ တစ်ခုပြောမယ် သမ္မတကြီးပဲဖြစ်ဖြစ် ၊အမေဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် ၊ဆရာကြီးဒေါက်တာ ဇော်ဝေစိုးပဲဖြစ်ဖြစ် ၊

ဆရာ ကိုမင်းကိုနိူင်ပဲဖြစ်ဖြစ်၊ သံအမတ်ကြီးဦးကျော်မိုးထွန်းပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့လေ သူတို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ် ကျွန်တော်အပါအဝင်အခြားသော တိုင်းရင်းသားခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။

မြန်မာပြည်အတွက်ဆုတောင်းပေးမယ်ဆိုရင် ကိုယ့်ဘာသာအလိုက် ဆုတောင်းပေးမယ်။ သူတို့က ဘုန်းကြီးကျောင်းသွားမယ်။ ကျွန်တော်တို့ကဘုရားကျောင်းတက်မယ်။

ပြီးရင် ကျွန်တော်တို့ မြန်မာနိူင်ငံ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဆွေးနွေးတိုင်ပင်မယ်ရတာပဲမဟုတ်ဘူးလား? ငါ့လူမျိုးမှလူ ၊ငါ့ဘာသာမှ ဘာသာဖြစ်နေမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားမဟုတ်တော့ပါဘူး။

မြန်မာပြည်မှာ ဘယ်တော့မှငြိမ်းချမ်းရေးမရနိူင်သလို၊ တိုးတက်လာမှာလဲမဟုတ်ပါဘူး။ အခြားဘာသာဖြစ်တဲ့ မူစလင်ဘာသာနှင့် ဟိန္ဒူဘာသာဝင် ညီအစ်ကိုမောင်နှမတွေလဲထိုနည်းတူပဲ။

မသမာသူတွေရဲ့ လူမျိုးရေးမိုင်းတိုက်မှု၊ ဘာသာရေးမိုင်းတိုက်မှုအောက်မှာ ကျွတော်တို့ကလိုက်ကနေဖို့မဟုတ်ဘူး။ ကျွန်တော်တို့အနေနှင့် တွေးရမှာက အနာဂတ်မြန်မာနိုင်ငံတော်ကို ဘယ်လိုပုံဖော်ကြမလဲ…

ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကို ဘယ်လိုပုံစံမျိုးနှင့်ထားခဲ့ကြမှာလဲ…တွေးပြီးတော့ ပုံဖော်ပေးရတော့မယ်။

နောက် ဥပမာတစ်ခု ထပ်ပြောမယ်ဆိုရင်… မြန်မာပြည်ဟာဥယျာဉ်လိုသဘောထားကြည့်လိုက်ပါ။ ဒီဥယျာဉ်ထဲမှာ ပန်းမျိုးစုံရှိမှပွင့်မှလှတာမဟုတ်ဘူးလား? ပန်းမျိုးစုံရှိမှ ဥယျာဥ်လို့ ခေါ်လို့ရတာမဟုတ်ဘူးလား? နိူင်ငံတော်တစ်ခုဆိုတာဟာလဲ လူမျိုးစုံရှိမယ်။

ဘာသာစုံရှိမှာပါပဲ။ အခုဖြစ်နေတာက မြန်မာနိူင်ငံဆိုတဲ့ ဥယျာဥ်ထဲမှာပန်းမျိုးစုံရှိပါလျှက်နှင့် ပိုးဟက်ဆိုတဲ့ စစ်အာဏာရှင်က ဒီဥယျာဉ်မလှမပဖြစ်အောင် နှစ်ပေါင်းများစွာ ဖျတ်စီးလာခဲ့ကြတယ်။

ဒီလိုဆက်ပြီးအဖျတ်စီးမခံရတော့အောင် ကျွန်တော်တို့အတူတကွ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမူန်းကြပါစို့လို့နောက်ဆုံးအနေဖြင့်ပြောချင်ပါတယ်။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ပြည်ထောင်စုဝန်ကြီး Dr.ဆာဆာ