ကျနော်ရူးနေပါပြီဗျတဲ့
Gen Zတစ်ယောက်ကို ချောင်းဦးPDF ပါဗျလို့အော်ခိုင်းပြီး ဝိုင်းလှောင်ခဲ့ကြပြီးနှစ်လအကြာမှာ
မင်းအောင်လှိုင်တစ်ယောက် အာဆီယံကိုးနိုင်ငံရှေ့မှာ ကျနော်ရူးနေပါပြီ ကြောက်နေပါပြီဗျဆိုပြီး အော်နေရတဲ့အလှည့်ကိုရောက်လာတော့တယ်…
အာဏာသိမ်းပြီးနှစ်လလောက်အကြာမှာ အာဆီယံအရေးပေါ်အစည်းအဝေးကို ရင်ကော့ပြီးသွားတက်ပြခဲ့တယ် ၊ ကိုယ့်ကိုကိုယ်အရမ်းယုံကြည်မှုရှိနေတဲ့ ဒီဇိုင်းကာလာနဲ့ပေါ့..
အာဆီယံနဲ့နိုင်ငံတကာရဲ့ကစားကွက်အစကို ဥာဏ်မမှီတော့ အာဆီယံမူငါးချက်ကို လိုက်နာမယ်ဆိုပြီး အေးရာအေးကြောင်းကတိပေးခဲ့တယ်..
(သူ့ဘေးမှာ အကြံပေးမပါတဲ့အခါ ဘယ်ကိစ္စက ဘယ်အထိရောက်သွားနိုင်လဲတွေးတက်ပုံမရဘဲ အလွယ်လုပ်တက်တဲ့ငဖျင်းတစ်ကောင်ပုံစံပေါ့)
ပြန်ရောက်လာပြီး သုံးရက်အကြာမှာတော့ အာဆီယံမူငါးချက်ကို စဉ်းစားဦးမယ်ဆိုပြီး အရူးချီးပန်းလုပ်ပြန်တယ်…
သူ့အဖေတရုတ်ကိုယ်တိုင် အာဆီယံမူငါးချက်နောက်ကွယ်မှာ ရှိနေတာကိုလည်း သတိထားမိပုံမပေါ်ပါဘူး..တော်တော်ဖျင်းတဲ့လူပါ..
အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းတော့လည်းခွင့်မပြုဘူးဆိုပြီး တင်းပြတယ်..ခွင့်မပြုရင်အာဆီယံဆွေးနွေးပွဲတက်ခွင့်မရဘူး
ဆိုပြီး ဟိုဘက်ကကြေညာတော့မှယုံကြည်မှုအရင်တည်ဆောက်ပြီးရင် (နောက်အခေါက်တွေမှာ တွေ့ဖို့စီစဉ်ပေးမယ်ဆိုတဲ့ပုံစံ) လေသံပြောင်းပြန်တယ်..
လေသံပြောင်းပြီး နောက်တစ်ရက်အကြာမှာ NUG နဲ့ PDFကိုတော့ ဘာလို့မတားကြသလဲဆိုပြီး အာဆီယံကို နတ်သံနေနှောပြီးရန်တွေ့ပြန်တယ်..
နတ်သံနှောပြီးနောက်တစ်ရက်အကြာမှာ အာဆီယံရဲ့သက်မှတ်ချက်အတိုင်း နိုင်ငံရေးရာထူးမရှိသူကိုယ်စားလှယ်တစ်ယောက် အစည်းအဝေးတက်ဖို့လူရွေးနေပါပြီဆိုပြီးပြောပြန်တယ်..
လူရွေးနေတယ်ပြောပြီး နောက် ၂ရက်အကြာမှာပဲ အာဆီယံဆုံးဖြတ်ချက်ကိုလက်မခံကြောင်း ၊ အစည်းအဝေးတက်ခွင့်ရှိကြောင်း ဇွတ်တက်မဲ့ပုံစံဖြစ်သွားပြန်တယ်..
အဖွဲ့အစည်းတစ်ခုရဲ့ဆုံးဖြတ်ချက်ကိုမကြိုက်ရင် နှုတ်ထွက်တာပဲလုပ်ကြရတာ ၊ မင်းအောင်လှိုင်ရဲ့တုံ့ပြန်နေပုံက သိက္ခာမရှိ ဗျူဟာမရှိ
အကြောက်လွန်သွေးပျက်နေတဲ့ပုံစံသိသာလွန်းပြီး လူရီစရာဖြစ်နေတာ သူ့ကိုယ်သူ သတိထားမိပုံမပေါ်ပါဘူး…
အာဆီယံကိုနတ်သံနှောအပြစ်တွေတင်လိုက် နိုင်ငံရေးရာထူးမရှိသူကိုစေလွှတ်ဖို့ပြင်လိုက် အစည်းအဝေးဇွတ်တက်မယ်လုပ်လိုက်နဲ့
ကြေညာချက်တွေအမျိုးမျိုးထုတ်ပြီးနောက်ထပ်တစ်ရက်အကြာမှာပဲ အာဆီယံမူငါးချက်ကိုလိုက်နာပါ့မယ်ဆိုပြီး ထပ်ကြေညာပြန်တယ်..
သွေးရူးတန်းလန်းဖြစ်နေပုံက ဖုံးမရဖိမရဖြစ်နေတဲ့အထိ ပေါ်လွင်လွန်းနေတယ်..
Gen Zလေးကို ကျနော်ချောင်းဦးPDFပါဗျလို့
အော်ခိုင်းခဲ့သလိုမျိုး နိုင်ငံတကာရဲ့ရှေ့မှာ ကျနော်ရူးနေပါပြီဗျ ကျနော်ကြောက်နေပါပြီဗျလို့ အော်နေရတာနဲ့ အတူတူပါပဲ…
Zawgyi
က်ေနာ္႐ူးေနပါၿပီဗ်တဲ့
Gen Zတစ္ေယာက္ကို ေခ်ာင္းဦးPDF ပါဗ်လို႔ေအာ္ခိုင္းၿပီး ဝိုင္းေလွာင္ခဲ့ၾကၿပီးႏွစ္လအၾကာမွာ
မင္းေအာင္လွိုင္တစ္ေယာက္ အာဆီယံကိုးနိုင္ငံေရွ႕မွာ က်ေနာ္႐ူးေနပါၿပီ ေၾကာက္ေနပါၿပီဗ်ဆိုၿပီး ေအာ္ေနရတဲ့အလွည့္ကိုေရာက္လာေတာ့တယ္…
အာဏာသိမ္းၿပီးႏွစ္လေလာက္အၾကာမွာ အာဆီယံအေရးေပၚအစည္းအေဝးကို ရင္ေကာ့ၿပီးသြားတက္ျပခဲ့တယ္ ၊ ကိုယ့္ကိုကိုယ္အရမ္းယုံၾကည္မႈရွိေနတဲ့ ဒီဇိုင္းကာလာနဲ႔ေပါ့..
အာဆီယံနဲ႔နိုင္ငံတကာရဲ့ကစားကြက္အစကို ဥာဏ္မမွီေတာ့ အာဆီယံမူငါးခ်က္ကို လိုက္နာမယ္ဆိုၿပီး ေအးရာေအးေၾကာင္းကတိေပးခဲ့တယ္..
(သူ႔ေဘးမွာ အႀကံေပးမပါတဲ့အခါ ဘယ္ကိစၥက ဘယ္အထိေရာက္သြားနိုင္လဲေတြးတက္ပုံမရဘဲ အလြယ္လုပ္တက္တဲ့ငဖ်င္းတစ္ေကာင္ပုံစံေပါ့)
ျပန္ေရာက္လာၿပီး သုံးရက္အၾကာမွာေတာ့ အာဆီယံမူငါးခ်က္ကို စဥ္းစားဦးမယ္ဆိုၿပီး အ႐ူးခ်ီးပန္းလုပ္ျပန္တယ္…
သူ႔အေဖတ႐ုတ္ကိုယ္တိုင္ အာဆီယံမူငါးခ်က္ေနာက္ကြယ္မွာ ရွိေနတာကိုလည္း သတိထားမိပုံမေပၚပါဘူး..ေတာ္ေတာ္ဖ်င္းတဲ့လူပါ..
အာဆီယံအထူးကိုယ္စားလွယ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ေတာင္းေတာ့လည္းခြင့္မျပဳဘူးဆိုၿပီး တင္းျပတယ္..
ခြင့္မျပဳရင္အာဆီယံေဆြးေႏြးပြဲတက္ခြင့္မရဘူး
ဆိုၿပီး ဟိုဘက္ကေၾကညာေတာ့မွယုံၾကည္မႈအရင္တည္ေဆာက္ၿပီးရင္ (ေနာက္အေခါက္ေတြမွာ ေတြ႕ဖို႔စီစဥ္ေပးမယ္ဆိုတဲ့ပုံစံ) ေလသံေျပာင္းျပန္တယ္..
ေလသံေျပာင္းၿပီး ေနာက္တစ္ရက္အၾကာမွာ NUG နဲ႔ PDFကိုေတာ့ ဘာလို႔မတားၾကသလဲဆိုၿပီး အာဆီယံကို နတ္သံေနေႏွာၿပီးရန္ေတြ႕ျပန္တယ္..
နတ္သံေႏွာၿပီးေနာက္တစ္ရက္အၾကာမွာ အာဆီယံရဲ့သက္မွတ္ခ်က္အတိုင္း နိုင္ငံေရးရာထူးမရွိသူကိုယ္စားလွယ္တစ္ေယာက္ အစည္းအေဝးတက္ဖို႔လူေရြးေနပါၿပီဆိုၿပီးေျပာျပန္တယ္..
လူေရြးေနတယ္ေျပာၿပီး ေနာက္ ၂ရက္အၾကာမွာပဲ အာဆီယံဆုံးျဖတ္ခ်က္ကိုလက္မခံေၾကာင္း ၊ အစည္းအေဝးတက္ခြင့္ရွိေၾကာင္း ဇြတ္တက္မဲ့ပုံစံျဖစ္သြားျပန္တယ္..
အဖြဲ႕အစည္းတစ္ခုရဲ့ဆုံးျဖတ္ခ်က္ကိုမႀကိဳက္ရင္ ႏႈတ္ထြက္တာပဲလုပ္ၾကရတာ ၊ မင္းေအာင္လွိုင္ရဲ့တုံ႔ျပန္ေနပုံက သိကၡာမရွိ ဗ်ဴဟာမရွိ
အေၾကာက္လြန္ေသြးပ်က္ေနတဲ့ပုံစံသိသာလြန္းၿပီး လူရီစရာျဖစ္ေနတာ သူ႔ကိုယ္သူ သတိထားမိပုံမေပၚပါဘူး…
အာဆီယံကိုနတ္သံေႏွာအျပစ္ေတြတင္လိုက္
နိုင္ငံေရးရာထူးမရွိသူကိုေစလႊတ္ဖို႔ျပင္လိုက္အစည္းအေဝးဇြတ္တက္မယ္လုပ္လိုက္နဲ႔ ေၾကညာခ်က္ေတြအမ်ိဳးမ်ိဳးထုတ္ၿပီး
ေနာက္ထပ္တစ္ရက္အၾကာမွာပဲ အာဆီယံမူငါးခ်က္ကိုလိုက္နာပါ့မယ္ဆိုၿပီး ထပ္ေၾကညာျပန္တယ္..
ေသြး႐ူးတန္းလန္းျဖစ္ေနပုံက ဖုံးမရဖိမရျဖစ္ေနတဲ့အထိ ေပၚလြင္လြန္းေနတယ္..
Gen Zေလးကို က်ေနာ္ေခ်ာင္းဦးPDFပါဗ်လို႔
ေအာ္ခိုင္းခဲ့သလိုမ်ိဳး နိုင္ငံတကာရဲ့ေရွ႕မွာ က်ေနာ္႐ူးေနပါၿပီဗ် က်ေနာ္ေၾကာက္ေနပါၿပီဗ်လို႔ ေအာ္ေနရတာနဲ႔ အတူတူပါပဲ…