အာဆီယံအထူးသံတမန်အနေနဲ့ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့
ပြောဆိုဆက်ဆံမှုမလုပ်ဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်ဆိုပြီး အာဆီယံအထူးသံဘက်က ပြောလာပါတယ်။
အာဆီယံအထူးသံတမန် အီရာ၀န်ယူစွပ်အနေနဲ့ NUG ၊ CRPH တို့ကို အသိအမှတ်မပြုဖို့၊ မဆက်သွယ်ဖို့၊ စေ့စပ်ဆွေးနွေးတာလည်း
လုံး၀မလုပ်ဖို့ အကြမ်းဖက်စစ်ကောင်စီက စာပို့သတိပေးကြောင်း ဘရူနိုင်းသံရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ ဒီ
အစီရင်ခံစာကို ဂျပန် NHK သတင်းဌာနက ရရှိခဲ့တာပါ။
ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ် မြန်မာ့အရေး အာဆီယံအထူးသံတမန်လည်းဖြစ်တဲ့ အီရာဝမ်ယူဆွဖ်က သူ့အစီရင်ခံစာထဲမှာ
အခုလိုရေးသားထားတာဆိုပြီး ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြလာတာဖြစ်ပါတယ်။
အာဆီယံအထူးသံတမန် အီရာ၀န်ယူစွပ်
@NHK
အထူးသံတမန်ဟာ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။
အစီရင်ခံစာထဲမှာတော့ အထူးသံဟာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့
အပါအဝင် အခရာကျတဲ့လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လိုတဲ့အကြောင်းကို အလေးပေးပြောထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဟာ တရားရင်ဆိုင်နေရသူတွေဖြစ်တာကြောင့် တွေ့ဆုံခွင့်ပေးဖို့
ငြင်းဆိုတယ်လို့လည်း အထူးသံရဲ့အစီရင်ခံစာမှာပါတယ်လို့ဆိုပါတယ်။
ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြကာ အာဆီယံက လာမယ့်သီတင်းပတ်
မှာ ကျင်းပမယ့်ထိပ်သီးဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ထားအပြီးမှာ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာ ထွက်
လာတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချထားပါတယ်။
ယမန်နေ့က ထုတ်ပြန်ချက်မှာတော့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ဆက်ပြီးပူးပေါင်းမယ့်အကြောင်းအပြင် နိုင်ငံအချင်းချင်း မိတ်
ဝတ်မပျက်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်
အာဆီယံ ဘုံသဘောညီချက် ၅ ရပ်မှာ အထူးသံတမန် မြန်မာနိုင်ငံလာရောက်ရေးပါဝင်ပြီး လာရောက်ရေးအကောင်အထည်ဖော်ရာမှာ
တော့ အာဆီယံ သံတမန်ဘက်က တွေ့ဆုံလိုသူတွေ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး မပြေမလည် ဖြစ်ခဲ့တာပါ။