ၾကားသိသမွ်

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

လာမည့် နိုဝင်ဘာ ၁၈ရက်တွင် မန္တလေးဒေသကြီး နန်းမြို့ရိုးရှေ့တည့်တည့်တွင်ပြုလုပ်ရန်စီစဉ်ထားသော အာဏာသိမ်းစစ်ကောင်စီ

တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု အမျိုး သားရေးဝါဒီဟုသူ့ကိုယ်သူကင်ပွန်းတပ်သော မိုက်ကယ်

ကျော်မြင့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

“ ဒီပွဲကို နှောက်ယှက်လာမယ့် PDF အကြမ်းဖက်မှန်သမျှ တစ်ယောက်မှ အသက်မရှင်စေရပါဘူး။ကတိပါ အမျိုးတို့ “ ဟု အကျဉ်းထောင်

တွင်းမှ တရားစွဲခံရရင်ဆိုင်နေရင်းက အာဏာသိမ်းစစ်ကောင်စီကလွှတ်ပေးခံခဲ့ရသော မိုက်ကယ်ကျော်မြင့်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာ

တွင် ရေးသားထားသည်။

ယင်းနေ့တွင် တပ်ထောက်ခံပွဲလုပ်ဆောင်နိုင်ရန် ခွင့် ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်းနှင့် တပ်မတော်ချစ်သူအင်အား မည်မျှရှိကြောင်း

ကို ကမ္ဘာကို ချပြနိုင်ရန် လာရောက်ကြစေလိုသည်ဟုမိုက်ကယ်ကျော်မြင့်က ပြောထားသည်။

အဆိုပါပွဲဖြစ်မြောက်ရေးအတွက် မည်သူ့ဆီကမှ ငွေယူတာ ထောက်ပံ့ကြေးယူတာမရှိဘဲ ကိုယ့်ခံယူချက် အသိတရားနဲ့လုပ်ဆောင်သွား

မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဒီပွဲအစက အဆုံးတိုင် စပွန်ဆာပေးနိုင် ကူညီနိုင်မယ့်သူများကို ဖိတ်ခေါ်ကြောင်း ထပ်မံပြောဆို

ထားသည်ကို တွေ့ရသည်။

“ဒီပွဲမှာ ဘယ်သူ့ဆီကမှ ငွေယူတာ ထောက်ပံ့ကြေးယူတာမျိုးမရှိဘဲ ကိုယ့်ခံယူချက် ကိုယ့်အသိတရားနဲ့ တာဝန်ယူလုပ်ဆောင်သွားမယ်ဖြစ်

တယ်။နောက်ဆ က်တွဲထပ်ပြီးတော့ အကူအညီတောင်းပြီး ပေါ်ပေါက်လာမယ့်အဖွဲ့အစည်းတွေကိုလည်း တရားဝင် ကြောညာပေးပါမယ်။

ဒီနေ့အထိကတော့ဘယ်သူ့ဆီကနေမှ စပွန်ဆာ ယူထားတာမရှိသေးပါဘူး။ ဒီပွဲကြီးအစကနေ အဆုံးအထိကို ကူညီနိုင်မယ့်သူတွေကိုလည်း

ဖိတ်ခေါ်ချင်ပါတယ်။ ဘယ်သူ့မှ မကူညီလည်း ကျုပ်တစ်ယောက်ထဲ အင်အားနဲ့ မဖြစ်ဖြစ်အောင် ဒီပွဲကို လုပ်မှာပါ “ ဟု ၎င်းက ပြောသည်။

မိုက်ကယ်ကျော်မြင့်ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲနှင့် ပတ်သက်၍ တပ်ထောက်ခံသူတစ်ဦးက “မန္တ လေးမှာ ဖင်လာမယားကြပါနဲ့။

ကိုယ်နေတဲ့မြို့မှာ လုပ်ချင်တာ လုပ်ပါ။ နှမ်းလည်းမဖြူးနဲ့ ဇွန်းလည်းမတပ်နဲ့ မင်းတို့လုပ်ချင်တာလုပ်ပြီး ပြန်သွားရင် မြို့ခံတွေ အလုပ်ရှုပ်

တယ်” ဟုပြောထားသည်ကိုလည်း တွေ့ရသည်။မိုက်ကယ်ကျော်မြင့်က ယခုပွဲသည် အကြမ်း ဖက်မှုများကိုဆန့်ကျင်ရှုတ်ချပြီးတပ်မတော်

နှင့်နစကကို ထောက်ခံကြောင်း ကမ္ဘာသို့ဆန္ဒဖော်ထုတ်ပြသမည့််ပွဲဖြစ်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြဆူပူကြောင့် ထောင်ဒဏ်ကျခံဖူးသူ မိုက်ကယ်ကျော်မြင့်သည်

ရွေးကောက်ပွဲမတိုင်မီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံရေးပါတီ၃၄ ပါတီတွေ့ဆုံပွဲတွင် သူထူထောင်ထား

သည့် လူသိနည်းသော အခြေခံ လူတန်းစားဘဝမြင့်မားရေးပါတီကို ကိုယ်စားပြု၍ တက်ရောက်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်တွဲရိုက်ထား

သော ဓာတ်ပုံများကလည်း ဖေ့စ်ဘွတ်စာမျက်နှာတွင် ပျံနှံ့ခဲ့ဖူးသည်။

Zawgyi

မႏၲေလးတြင္ ျပဳလုပ္မည့္ တပ္ေထာက္ခံပြဲကိုPDF မ်ား လာပါက တစ္ေယာက္မွ အသက္မရွင္ေစရဟု မိုက္ကယ္ေက်ာ္ျမင့္ ၿခိမ္းေျခာက္

လာမည့္ နိုဝင္ဘာ ၁၈ရက္တြင္ မႏၲေလးေဒသႀကီး နန္းၿမိဳ႕ရိုးေရွ႕တည့္တည့္တြင္ျပဳလုပ္ရန္စီစဥ္ထားေသာ အာဏာသိမ္းစစ္ေကာင္စီ

တပ္ေထာက္ခံပြဲကိုPDF မ်ား လာပါက တစ္ေယာက္မွ အသက္မရွင္ေစရဟု အမ်ိဳး သားေရးဝါဒီဟုသူ႔ကိုယ္သူကင္ပြန္းတပ္ေသာ မိုက္ကယ္ေက်ာ္ျမင့္က ၿခိမ္းေျခာက္ေျပာဆိုလိုက္သည္။

“ ဒီပြဲကို ေႏွာက္ယွက္လာမယ့္ PDF အၾကမ္းဖက္မွန္သမၽွ တစ္ေယာက္မွ အသက္မရွင္ေစရပါဘူး။ကတိပါ အမ်ိဳးတို႔ “ ဟု အက်ဥ္းေထာ

င္တြင္းမွ တရားစြဲခံရရင္ဆိုင္ေနရင္းက အာဏာသိမ္းစစ္ေကာင္စီကလႊတ္ေပးခံခဲ့ရေသာ မိုက္ကယ္ေက်ာ္ျမင့္က ၎၏ ေဖ့ဘြတ္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ယင္းေန႔တြင္ တပ္ေထာက္ခံပြဲလုပ္ေဆာင္နိုင္ရန္ ခြင့္ ျပဳခ်က္လည္း ရရွိထားၿပီးျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ခ်စ္သူအင္အား မည္မၽွရွိေၾကာင္းကို ကမၻာကို ခ်ျပနိုင္ရန္ လာေရာက္ၾကေစလိုသည္ဟုမိုက္ကယ္ေက်ာ္ျမင့္က ေျပာထားသည္။

အဆိုပါပြဲျဖစ္ေျမာက္ေရးအတြက္ မည္သူ႔ဆီကမွ ေငြယူတာ ေထာက္ပံ့ေၾကးယူတာမရွိဘဲ ကိုယ့္ခံယူခ်က္ အသိတရားနဲ႔လု

ပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားေသာ္လည္း ဒီပြဲအစက အဆုံးတိုင္ စပြန္ဆာေပးနိုင္ ကူညီနိုင္မယ့္သူမ်ားကို ဖိတ္ေခၚေၾကာင္း ထပ္မံေျပာဆိုထားသည္ကို ေတြ႕ရသည္။

“ဒီပြဲမွာ ဘယ္သူ႔ဆီကမွ ေငြယူတာ ေထာက္ပံ့ေၾကးယူတာမ်ိဳးမရွိဘဲ ကိုယ့္ခံယူခ်က္ ကိုယ့္အသိတရားနဲ႔ တာဝန္ယူလုပ္ေဆာင္သြားမယ္ျဖစ္တယ္။ေနာက္ဆ က္တြဲထပ္ၿပီးေတာ့ အကူအညီေတာင္းၿပီး ေပၚေပါက္လာမယ့္အဖြဲ႕အစည္းေတြကိုလည္း တရားဝင္ ေၾကာညာေပးပါမယ္။

ဒီေန႔အထိကေတာ့ဘယ္သူ႔ဆီကေနမွ စပြန္ဆာ ယူထားတာမရွိေသးပါဘူး။ ဒီပြဲႀကီးအစကေန အဆုံးအထိကို ကူညီနိုင္မယ့္သူေတြကိုလည္း ဖိတ္ေခၚခ်င္ပါတယ္။

ဘယ္သူ႔မွ မကူညီလည္း က်ဳပ္တစ္ေယာက္ထဲ အင္အားနဲ႔ မျဖစ္ျဖစ္ေအာင္ ဒီပြဲကို လုပ္မွာပါ “ ဟု ၎က ေျပာသည္။

မိုက္ကယ္ေက်ာ္ျမင့္ျပဳလုပ္မည့္ တပ္မေတာ္ေထာက္ခံပြဲႏွင့္ ပတ္သက္၍ တပ္ေထာက္ခံသူတစ္ဦးက “မႏၲ ေလးမွာ ဖင္လာမယားၾကပါနဲ႔။ကိုယ္ေနတဲ့ၿမိဳ႕မွာ လုပ္ခ်င္တာ လုပ္ပါ။

ႏွမ္းလည္းမျဖဴးနဲ႔ ဇြန္းလည္းမတပ္နဲ႔ မင္းတို႔လုပ္ခ်င္တာလုပ္ၿပီး ျပန္သြားရင္ ၿမိဳ႕ခံေတြ အလုပ္ရႈပ္တယ္” ဟုေျပာထားသည္ကိုလ

ည္း ေတြ႕ရသည္။မိုက္ကယ္ေက်ာ္ျမင့္က ယခုပြဲသည္ အၾကမ္း ဖက္မႈမ်ားကိုဆန႔္က်င္ရႈတ္ခ်ၿပီးတပ္မေတာ္ႏွင့္နစကကို ေထာက္ခံေၾကာင္း ကမၻာသို႔ဆႏၵေဖာ္ထုတ္ျပသမည့္္ပြဲျဖစ္ပါတယ္” ဟု ေရးသားထားသည္ကို ေတြ႕ရသည္။

အစၥလာမ္ဘာသာဝင္မ်ားကို ပစ္မွတ္ထား၍ ဘာသာေရးအေၾကာင္းျပဆူပူေၾကာင့္ ေထာင္ဒဏ္က်ခံဖူးသူ မိုက္ကယ္ေက်ာ္ျမင့္သည္ ေ

ရြးေကာက္ပြဲမတိုင္မီက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ ၎၏ မဟာမိတ္ နိုင္ငံေရးပါတီ၃၄ ပါတီေတြ႕ဆုံပြဲတြင္ သူထူေထာင္ထား

သည့္ လူသိနည္းေသာ အေျခခံ လူတန္းစားဘဝျမင့္မားေရးပါတီကို ကိုယ္စားျပဳ၍ တက္ေရာက္ခဲ့ဖူးသည္။ သူတို႔ႏွစ္ေယာက္တြဲရိုက္ထားေသာ ဓာတ္ပုံမ်ားကလည္း ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ ပ်ံႏွံ့ခဲ့ဖူးသည္။