KNU ၏ ထိန်းချုပ်နယ်မြေ၌ ရက်ပေါင်း (၂၀)အတွင်း ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၁၂၃)ကြိမ်တွင် အာဏာသိမ်းစစ်တပ်ဘက်က (၅၈)ဦး
သေဆုံးခဲ့
KNU ၏ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလ၏ ရက်ပေါင်း(၂၀)အတွင်း တိုက်ပွဲပေါင်း (၁၂၃)ကြိမ် ဖြစ်ပွားရာတွင်
အာဏာသိမ်းစစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး အပါအဝင် စုစုပေါင်း (၅၈)ဦး သေဆုံးပြီး (၆၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက
အောက်တိုဘာလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ထိမ်းချုပ်နယ်မြေအတွင်း ဘူးသိုမြို့နယ် နှင့် ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့
အာဏာသိမ်းစစ်တပ်က လက်နက်ကြီး အလုံးပေါင်း (၁၇၀)ကျော် ပစ်ချသလို လက်နက်ငယ်များဖြင့်လည်း အချက်ပေါင်းများစွာဖြင့် ရမ်း
သမ်းပစ်ခတ်သည့်အတွက် ကျေးရွာနေ ပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
KNU ၏ တပ်မဟာ (၅) နယ်မြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်ရေးလှုပ်ရှားတပ် (၂၇) တပ်ရင်းရှိပြီး ရက်ပေါင်း (၂၀)၏ တိုက်ပွဲအတွင်း
အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးနှင့်ဒဏ်ရာရရှိသူများပြားခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့မှ ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးသာရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Zawgyi
KNU ၏ ထိန္းခ်ဳပ္နယ္ေျမ၌ ရက္ေပါင္း (၂၀)အတြင္း ျဖစ္ပြားသည့္ တိုက္ပြဲေပါင္း (၁၂၃)ႀကိမ္တြင္ အာဏာသိမ္းစစ္တပ္ဘက္က
(၅၈)ဦး ေသဆုံးခဲ့
KNU ၏ တပ္မဟာ(၅) ထိန္းခ်ဳပ္နယ္ေျမတြင္ ေအာက္တိုဘာလ၏ ရက္ေပါင္း(၂၀)အတြင္း တိုက္ပြဲေပါင္း (၁၂၃)ႀကိမ္ ျဖစ္ပြား
ရာတြင္ အာဏာသိမ္းစစ္တပ္ဘက္က ဒုဗိုလ္မႉးႀကီး အပါအဝင္ စုစုေပါင္း (၅၈)ဦး ေသဆုံးၿပီး (၆၄)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေကအဲန္ယူ
ဗဟိုက ေအာက္တိုဘာလ(၂၃)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။
KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ မူေၾတာ္ခရိုင္ ထိမ္းခ်ဳပ္နယ္ေျမအတြင္း ဘူးသိုၿမိဳ႕နယ္ ႏွင့္ ဒြယ္လိုးၿမိဳ႕နယ္ရွိ ေက်းရြာမ်ား
အတြင္းသို႔ အာဏာသိမ္းစစ္တပ္က လက္နက္ႀကီး အလုံးေပါင္း (၁၇၀)ေက်ာ္ ပစ္ခ်သလို လက္နက္ငယ္မ်ားျဖင့္လည္း အခ်က္ေပါင္း
မ်ားစြာျဖင့္ ရမ္းသမ္းပစ္ခတ္သည့္အတြက္ ေက်းရြာေန ျပည္သူမ်ားမွာ စစ္ေဘးတိမ္းေရွာင္ေနရေၾကာင္းလည္း သိရသည္။
KNU ၏ တပ္မဟာ (၅) နယ္ေျမတြင္ အာဏာသိမ္းစစ္တပ္၏ စစ္ေရးလႈပ္ရွားတပ္ (၂၇) တပ္ရင္းရွိၿပီး ရက္ေပါင္း (၂၀)၏ တိုက္ပြဲအ
တြင္း အာဏာသိမ္းစစ္တပ္ဘက္က ေသဆုံးႏွင့္ဒဏ္ရာရရွိသူမ်ားျပားခဲ့ေသာ္လည္း ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေ
တာ္(KNLA) ႏွင့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕(KNDO)တို႔မွ ထိခိုက္ဒဏ္ရာရရွိသူ (၇)ဦးသာရွိေၾကာင္း KNU ၏ သတ
င္းထုတ္ျပန္ခ်က္အရ သိရသည္။