ယနေ့မနက် နေပြည်တော် လမ်းဟောင်းမှာ ပျဉ်းမနားဘက်ကို ကားလေးမောင်းရင်း လေကောင်းလေသန့်လေးရှူကာ မွန်းကြပ်မှုတချို့ကို
ခဏတာဖြေဖျောက်နေမိတယ်ဆိုပါတော့လေ ။ဒီလိုနဲ့ လမ်းဟောင်းလေးအတိုင်း ကားလေးမောင်းလာရင်း လမ်းဘေးတစ်နေရာအရောက်
မှာတော့ ချောင်းရေထဲကနေ ငါးလေးတွေကိုပက်နေတဲ့ မိသားစုလေးတစ်စုကိုမြင်တွေ့လိုက်ရပါတယ်။
လယ်တောစာလေးတွေကို ခုံမင်နှစ်သက်တဲ့ ကိုယ်က ကားလေးကို ဂငယ်ကွေ့ပြန်ကွေ့လိုက်ပြီး သူတို့မိသားစုအနီးမှာ ကားကိုလမ်းဘေးချ
ရပ်ရင်း ဟင်းစားလေးဝယ်ဖို့ လင်ဗန်းထဲက ငါးဘဲလေးတွေကိုတစ်ချက်စိုက်ကြည့်ကာ ဒီငါးလေးတွေဘယ်လိုရောင်းလဲလို့ ဈေးမေးမိပါ
တယ်,,,,။
အစ်မတစ်ယောက်ကဖြေပါတယ် အဘကြိုက်သလိုယူလို့ရပါတယ်တဲ့ ၅၀၀ ဖိုး ၁၀၀၀ ဖိုး စသည်ဖြင့်ပေါ့ ဒါနဲ့ ကိုယ်လည်း ၁၀၀၀ ဖိုးပေးပါ
လို့ပြောတော့ ချောင်းထဲကအကိုက ခဏစောင့်ပါအုံးတဲ့ ဖော်လက်စမို့ များများထည့်ပေးချင်လို့ပါတဲ့ လှစ်ခနဲမြင်လိုက်ရတဲ့ သူ့ရင်ထဲက
စေတနာဒီတော့ ကိုယ်ကလည်း မြို့ထဲအသွားဆိုတော့ကာ စောင့်တော့မနေနိုင်လို့ပါဗျာ အပြန်မှဝင်ယူပါ့မယ်ပေါ့ထည့်ထားပေးပါဗျာ
အညစ်အကြေးပါတစ်ပါတည်းသန့်စင်ပေးပါလို့ ပြောခဲ့ပါတယ်,,,,,။အဲမှာချောင်းထဲကအကိုက ကုန်းပေါ်ကိုတက်လာပြီးကိုယ့်ကိုလက်ဆွဲ
နှုတ်ဆက်လိုက်ပါတယ်
သူတို့ကိုအားပေးလို့ကျေးဇူးတင်ပါတယ်လို့လည်း ပြောပါတယ်ပြီးတော့အဲ့အကိုက ဆက်ပြောလာပါတယ် သူတို့ကဆင်းရဲတယ်တဲ့ ….ရင်
ထဲမှာဆို့သွားမိပါတယ်သူတို့မိသားစုလေး ဒီငါးလေးရောင်းပြီးမှ ထမင်းစားကြရမှာပါလားဆိုတာလည်း သိလိုက်ရတဲ့အခါမှာ ကျွန်တော်
ဘယ်လိုမှဥပေက္ခာပြုမနေနိုင်တော့ဘူး ဆိုပါတော့လေ။
ဒါနဲ့ ကဲ ကျွန်တော်တတ်နိုင်သလောက် ငွေလေး တစ်သောင်းကျပ် ထောက်ပံ့လှူဒါန်းကုသိုလ်ပြုချင်ပါတယ်လို့ ပြောလိုက်မိပါတယ်,,,။
အမှတ်တရအနေနဲ့ ပုံလေးလည်းရိုက်ယူချင်ပါတယ် Facebook ပေါ်လည်းတင်ချင်ပါတယ်ပေါ့ခွင့်ပြုမလား?လို့ဆိုတော့ ခွင့်ပြုပါတယ်တဲ့
တင်ပါတဲ့
ကိုယ့်ငွေတစ်သောင်းကျပ်ထောက်ပံ့မှုကြောင့် သူတို့မိသားစုလေး ပျော်နေကြတာများဗျာထိုင်တောင်ကန်တော့တဲ့အထိပါ မနည်းတားယူရ
ပါတယ်။ကျွန်တော့် ရင်ထဲကဝမ်းသာတဲ့ပီတိအဟုန်ကတော့ အတိုင်းမသိနိုင်အောင် ခံစားနေမိပါတယ်သွားရင်းလာရင်း ကြုံကြိုက်လို့ပြုရ
တဲ့ ကာလဒါနကုသိုလ်လေးမို့ ငွေဆင်းရဲပေမယ့် စိတ်ရင်းစတနာရိုးသားဖြူစင်မှုတွေ မဆင်းရဲတဲ့ မိသားစုလေးကို ကိုယ့်အနေနဲ့ တတ်နိုင်
သလောက် ကာလဒါနပြုရင်း ခံစားရတဲ့ ဝမ်းသာပီတိလေးကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေများလည်း ခံစားနိုင်စေရန်ရည်ရွယ်ကာ တင်ပြ
ရေးသားမျှဝေလိုက်မိပါတော့တယ်။