ကိုးကန့်ဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ထိုးစစ် ဆင်သော်လည်း လက်နက်စွန့်ခွာထွက်ပြေးသွားမှုကြောင့် ကျန်ရစ်ခဲ့
သည့် လက်နက်ခဲယမ်းများကို MNDAA က ထပ်မံသိမ်းဆည်းရရှိ
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အထူးဒေသ(၁) မူပန်ခရိုင်(သိန္နီဒေသ)ရှိ အာဏာသိမ်းစစ်တပ် အင်အား(၈၀)ကျော်က MNDAA တပ်ရှိ
ရာသို့ ထိုးစစ်ဆင်လာ၍ ကြာရမ်းဒေသ နှင့် ထန်ကြာပကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားကြောင်း နှင့် စစ်မြေပြင်များတွင် အာဏာသိမ်း
စစ်တပ်၏ လက်နက်ခဲယမ်းများကို MNDAA က သိမ်းဆည်းရရှိကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ အမှတ်(၅၆၇)တပ်ရင်းမှ အင်အား (၈၀)ကျော်သည် MNDAA တပ်စခန်းရှိရာသို့ ၂၀၂၁ခုနှစ်
အောက်တိုဘာလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီ (၅၂)မိနစ်ဝန်းကျင်အချိန်က ဦးတည်ကာ ထိုးစစ်ဆင် ချီတက်လာသည့်အတွက် မူပန်
ခရိုင်(သိန္နီဒေသ)ကြာရမ်းဒေသ နှင့် ထန်ကြာပကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။
လက်ရှိမှာတော့ အဆိုပါနေရာတွင် ထိုးစစ်ဆင်မှု လျော့လာပြီး MNDAA တပ်ကလည်း အထူးဒေသ(၁) မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသ၏
စစ်မြေပြင်များကို ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၂၂)ရက်နေ့က ရှီကျိကျတောင်တန်းရှိ MNDAA တပ်ဖွဲ့ဝင်များသည် စစ်မြေပြင်ရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ
အာဏာသိမ်းစစ်တပ်ဘက်က လက်နက်စွန့်ခွာထွက်ပြေးသွားမှုကြောင့် ကျန်ရစ်ခဲ့သည့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရရှိ
ကြောင်း သိရသည်။
မုံးကိုးဒေသတွင် အာဏာသိမ်းစစ်တပ်က စစ်ရေးအင်အားတိုးမြှင့်ပြီး MNDAA ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်သည့်အတွက်
အောက်တိုဘာလ၏ တတိယပတ်အတွင်း၌ တိုက်ပွဲများ အရှိန်အဟုန်မြှင့်တက်လာခဲ့ကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားသည့် စစ်မြေပြင်များ
ကို ရှင်းလင်းရေးများ လုပ်ဆောင်ချိန်တွင် MNDAA က အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိသလို
အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသည့် အလောင်း(၂၀)ကျော်ကိုလည်း တွေ့ရှိသည်ဟု သိရသည်။
Zawgyi
ကိုးကန႔္ေဒသတြင္ အာဏာသိမ္းစစ္တပ္က အင္အားမ်ားျဖင့္ ထိုးစစ္ ဆင္ေသာ္လည္း လက္နက္စြန႔္ခြာထြက္ေျပးသြားမႈေၾကာင့္ က်န္ရစ္ခဲ့သည့္ လက္နက္ခဲယမ္းမ်ားကို MNDAA က ထပ္မံသိမ္းဆည္းရရွိ
ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း အထူးေဒသ(၁) မူပန္ခရိုင္(သိႏၷီေဒသ)ရွိ အာဏာသိမ္းစစ္တပ္ အင္အား(၈၀)ေက်ာ္က MNDAA
တပ္ရွိရာသို႔ ထိုးစစ္ဆင္လာ၍ ၾကာရမ္းေဒသ ႏွင့္ ထန္ၾကာပေက်းရြာအနီးတြင္ တိုက္ပြဲ ျဖစ္ပြားေၾကာင္း ႏွင့္ စစ္ေျမျပင္မ်ားတြင္ အာဏာသိမ္းစစ္တပ္၏ လက္နက္ခဲယမ္းမ်ားကို MNDAA က သိမ္းဆည္းရရွိေၾကာင္း သိရသည္။
အာဏာသိမ္းစစ္တပ္၏ အမွတ္(၅၆၇)တပ္ရင္းမွ အင္အား (၈၀)ေက်ာ္သည္ MNDAA တပ္စခန္းရွိရာသို႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၂၂)ရ
က္ေန႔ ေန႔လည္(၂)နာရီ (၅၂)မိနစ္ဝန္းက်င္အခ်ိန္က ဦးတည္ကာ ထိုးစစ္ဆင္ ခ်ီတက္လာသည့္အတြက္ မူပန္ခရိုင္(သိႏၷီေဒသ)ၾကာရမ္းေဒသ ႏွင့္ ထန္ၾကာပေက်းရြာအနီးတြင္ တိုက္ပြဲ ျဖစ္ပြားျခင္း ျဖစ္သည္။
လက္ရွိမွာေတာ့ အဆိုပါေနရာတြင္ ထိုးစစ္ဆင္မႈ ေလ်ာ့လာၿပီး MNDAA တပ္ကလည္း အထူးေဒသ(၁) မုံးကိုးခရိုင္၊ ေဖာင္းဆိုင္ေဒသ၏ စစ္ေျမျပင္မ်ားကို ရွင္းလင္းေရးမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာလ(၂၂)ရက္ေန႔က ရွီက်ိက်ေတာင္တန္းရွိ MNDAA တပ္ဖြဲ႕ဝင္မ်ားသည္ စစ္ေျမျပင္ရွင္းလင္းေရး လုပ္ေဆာင္စဥ္မွာ
အာဏာသိမ္းစစ္တပ္ဘက္က လက္နက္စြန႔္ခြာထြက္ေျပးသြားမႈေၾကာင့္ က်န္ရစ္ခဲ့သည့္ လက္နက္ခဲယမ္းမ်ားကို ထပ္မံသိမ္းဆည္းရရွိေၾကာင္း သိရသည္။
မုံးကိုးေဒသတြင္ အာဏာသိမ္းစစ္တပ္က စစ္ေရးအင္အားတိုးျမႇင့္ၿပီး MNDAA ကို ထိုးစစ္ဆင္မႈမ်ား လုပ္ေဆာင္သည့္အတြက္ ေအာက္တိုဘာ
လ၏ တတိယပတ္အတြင္း၌ တိုက္ပြဲမ်ား အရွိန္အဟုန္ျမႇင့္တက္လာခဲ့ေၾကာင္းႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားသည့္ စစ္ေျမျပင္မ်ားကို ရွင္းလ
င္းေရးမ်ား လုပ္ေဆာင္ခ်ိန္တြင္ MNDAA က အာဏာသိမ္းစစ္တပ္၏ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရရွိသလို အာဏာသိမ္းစစ္တပ္ဘက္က ေသဆုံးသည့္ အေလာင္း(၂၀)ေက်ာ္ကိုလည္း ေတြ႕ရွိသည္ဟု သိရသည္။