ၾကားသိသမွ်

စစ်ခေါင်းဆောင် ရာထူးကဆင်းဖို့ ကုလအထူးကိုယ်စားလှယ်ပြော

နိုင်ငံအပေါ်စေတနာရှိရင် စစ်ခေါင်းဆောင် ရာထူးကဆင်းဖို့ ကုလအထူးကိုယ်စားလှယ်ပြော

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် အနေနဲ့ နိုင်ငံအပေါ် အမှန်တကယ် စေတနာရှိတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ အရပ်သား

ခေါင်းဆောင်တွေကို အာဏာပြန်လွှဲပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာ (Christine

Schraner Burgener) က ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ၂၆ ကြိမ်

မြောက် အစည်းအဝေးမှာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာက အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တပ်ရဲ့ ခေါင်း ဆောင်မှု အောက်မှာ ရှိနေရင်

တည်ငြိမ်တဲ့အနာဂတ် ဖြစ်လာမှာ မဟုတ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တကယ်ပဲ

စေတနာထားတယ်ဆိုရင် လက်ရှိ ရာထူးကနေ ဆင်းပေးပြီး၊

တပ်မတော်က သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ အရပ်သားခေါင်းဆောင်တွေဆီကို ပြန်လည် လွှဲအပ်ပေး

သင့်တယ်လို့ မစ္စ ခရစ်စတင်း ဘာဂနာက ပြောပါတယ်။လက်ရှိအချိန်မှာ အာ ဏာသိမ်း စစ်ကောင်စီဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ

ထပ်မဖြစ်အောင် တောင်းဆိုမှုတွေကို မျက်ကွယ်ပြုနေပြီး၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့

အရပ်သား ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက်

ပြဿနာကို ပိုပြီးကြီးထွားစေကြောင်း၊ မိမိအနေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့

ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့အကြောင်းလည်း မစ္စခရစ်စတင်း ဘာဂနာ

က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြည်တွင်းစစ်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်ဟုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ

အထူးကိုယ်စားလှယ် Christine Schraner Burgener ကကုလသမဂ္ဂအထွေထွေညီလာခံသို့ပြောကြားလိုက်ပြီး ဒီမိုကရေစီသို့ပြန်ရောက်

ရန်အခွင့်အလမ်းလည်း ပျောက်ဆုံးနေကြောင်း ပြောဆိုလိုက်သည်။

“စစ်တပ်က အလျှော့အတင်းလုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးအတွက်စိတ်မဝင်စားဘူး၊ မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်

အောင်ကူညီဖို့အခွင့်အ လမ်းမရှိဘူး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကကျဉ်း မြောင်းနေတာမို့ အဖွဲ့ဝင်နိုင်ငံတွေကဆောင်ရွက်ဖို့တိုက် တွန်း

ပါတယ် “ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောဆိုသည်။