ၾကားသိသမွ်

ရေဖြူ NLD ရုံးရှေ့ လူခေါင်းပြတ်ချိတ်ဆွဲထားမှု စစ်ကောင်စီက မဖယ်ရှားဘဲ ဆက်လက်ထားရှိ

ရေဖြူ NLD ရုံးရှေ့ လူခေါင်းပြတ်ချိတ်ဆွဲထားမှု စစ်ကောင်စီက မဖယ်ရှားဘဲ ဆက်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့ ခြံစည်းရိုးမှာ ချိတ်ဆွဲထားတဲ့ လူဦးခေါင်းပြတ်တစ်လုံးကို စစ်ကောင်စီ

တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပေမယ့် ရှင်းလင်း မဖယ်ရှားခဲ့ဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဘယ်သူ၊ ဘယ်ဝါမှန်းမသိရတဲ့ အဲဒီခေါင်းပြတ်ကို လူခြေတိတ်ချိန်မှာ လာရောက်ချိတ်ဆွဲသွားတာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက် မနက်

ပိုင်းမှာမှ မြို့ခံ‌တွေသတိထားမိကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးခဲ့ပေမယ့် လူခေါင်းပြတ်ကို မဖယ်ရှားဘဲ စည်းတားပြီး ပြန်သွားခဲ့

တယ်လို့ ဆိုပါတယ်။

ချိတ်ဆွဲထားတဲ့ ခေါင်းပြတ်ကြီးရဲ့အောက်မှာတော့ ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dawei Guerrilla Revolutionary Force က

လုပ်ဆောင်ခဲ့သလိုလို ထင်‌ယောင် ထင်မှားဖြစ်စေမယ့် စာသားပါ စာရွက်ကို ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“DGRF နဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတဲ့အနေနဲ့ တမင်ကိုလာပြီး လုပ်ထားတာလို့ထင်တယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။DGRF

အဖွဲ့ဟာ သူတို့လုပ်ဆောင်ခဲ့အကြောင်းအရာတွေကို သတင်းထုတ်ပြန်ပေးလေ့ရှိပါတယ်။

ဒီကိစ္စမှာတော့ အောက်တိုဘာလ ၂၂ ရက် ညနေ သုံးနာရီကျော်အချိန်အထိ တစ်စုံတရာ သတင်းထုတ်ပြန် ဖြေရှင်းတာမျိုး မလုပ်ဆောင်

သေးပါဘူး။

ရေဖြူမြို့နယ် NLD ပါတီရုံးဟာ (ဂ) ရပ်ကွက် ထားဝယ်-ရန်ကုန် အဝေးပြေးကားလမ်းမဘေးမှာ တည်ရှိပါတယ်။

အောက်တိုဘာလ ၂၀ ရက်က မြိတ်မြို့ NLD ပါတီရုံး ဖောက်ခွဲခံရပြီး အောက်တိုဘာလ ၂၁ ရက်မှာတော့ ထားဝယ်မြို့မှာရှိတဲ့ NLD ( ခရိုင်၊

တိုင်း) ရုံး ဖောက်ခွဲခံရလို့ ပြိုကျပျက်စီးသွားခဲ့ပါတယ်။

CRd..News