ၾကားသိသမွ်

စစ်အုပ်စုရဲ့ ရှေ့တန်းရောက် စစ်သားတွေ မင်းအောင်လှိုင်ကို မုန်းတီးနေကြတယ်လို့ MNDAA ထုတ်ပြန်

စစ်အုပ်စုရဲ့ ရှေ့တန်းရောက် စစ်သားတွေ မင်းအောင်လှိုင်ကို မုန်းတီးနေကြတယ်လို့ MNDAA ထုတ်ပြန်

အာဏာသိမ်း စစ်အုပ်စုရဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ အပြုအမူကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုကို မုန်းတီးနေကြတယ်

ဆိုတာ သက်သေပြနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAAက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ပုံအဟောင်းများကို စုစည်းဖော်ပြထားပါတယ်။

အရင်က စစ်မြေပြင်ကနေ အလျင်စလို ထွက်ပြေးမှသာ သေဆုံးသွားတဲ့ အလောင်းတွေနဲ့ လက်နက်တွေကို ထားရစ်ခဲ့တဲ့ အစဉ်အလာကနေ

တိုက်ပွဲရှုံးနိမ့်ချိန်တိုင်းမှာ သေဆုံးသူ ရဲဘော်တွေကို အလောင်းတောင် ပြန်မကောက်ဘဲ လက်နက်တွေနဲ့အတူ စွန့်ပစ်ခဲ့တာဟာ အလွန်

ရှားပါးတဲ့ ဖြစ်ရပ်တွေဖြစ်တယ်လို့ အကြမ်းဖက်စစ်အုပ်စုနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ MNDAAက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း သူတို့ရဲ့ သေဆုံးသွားတဲ့ စစ်သားတွေကို အိမ်သာတွင်းထဲ

စွန့်ပစ်ခဲ့တာ လမ်းဘေးမှာ ဒီအတိုင်းပစ်ထားခဲ့တာကြောင့် ပြည်သူတွေက ကောက်ယူပြီး မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါ

တယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၀ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ KNUထိန်းချုပ်နယ်မြေထဲ စစ်ကြောင်းထိုးခဲ့တဲ့ ယာယီတပ်ရင်းမှူး သန်းဝင်းထွန်း

ဦးဆောင်တဲ့ တပ်ဖွဲ့ကို KNLAက ခုခံစစ် ဆင်နွှဲခဲ့တာကြောင့် ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်းအပါအဝင် စစ်သား ၆ဦး သေဆုံးခဲ့

တာမှာလည်း အလောင်းကောက်ယူခြင်း မရှိဘဲ ထားရှိခဲ့ပါတယ်။

KNLAက အလောင်းတွေ လာကောက်ဖို့ ပြောမှသာ လာရောက်ကောက်ယူခဲ့ပြီး၊ ကောက်ယူခဲ့တဲ့အလောင်းတွေကိုလည်း သံဖြူဇရပ်မြို့

သင်္ချိုင်းကဇရပ်မှာ အိတ်အမဲတွေနဲ့ ထည့်ပြီးတော့ ဖြစ်သလို စွန့်ပစ်ခဲ့ပါတယ်။

ပြည်သူတွေဆီ အလင်းဝင်ရောက်ပြီး CDMပြုလုပ်ခဲ့တဲ့ တပ်မတော်သားတွေဟာလည်း တပ်တွင်းမှာ စည်းလုံးမှုမရှိတော့ဘဲ သတင်းအမှား

တွေနဲ့ ဖုံးလွှမ်းနေကာ အထက်အောက်အဆင့်ဆင့် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ဖွင့်ဟထားပါတယ်။