ၾကားသိသမွ်

အာဆီယံ ထိပ်သီးအစည်းအဝေး မဖိတ်လည်းတက်မည်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံမှ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ

ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန် အာဆီယံက ဆုံး ဖြတ်ချက် ချမှတ်ထားသော်လည်း ယင်းဆုံးဖြတ်ချက်သည်

အာဆီယံ ပဋိညာဉ်နှင့် ကိုက်ညီမှုမရှိ၍ မင်းအောင်လှိုင်အနေဖြင့် အစည်းအဝေး တက်ရောက်ခွင့်အပြည့်အ၀ ရှိသည်ဟု စစ်ကောင်စီက

ထုတ်ပြန်လိုက်သည်။


မင်းအောင်လှိုင်

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် အာဆီ

ယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခဲ့ရာတွင် မင်းအောင်လှိုင်ကို ဖိတ်ကြားရန် အဖွဲ့ဝင်

နိုင်ငံများအကြား တူညီဆန္ဒမရရှိခဲ့ကြသကဲ့သို့ မဖိတ်ကြားရန်လည်း တူညီဆန္ဒမရရှိခဲ့ကြောင်း၊ သို့ရာတွင် အစည်းအဝေးအပြီး အာဆီယံ

အလှည့်ကျဥက္ကဋ္ဌမှ ထုတ်ပြန်ခဲ့သည့် ကြေ ညာချက်တွင် အဆိုပါတူညီဆန္ဒမရရှိသည့် ကိစ္စကို ထည့်သွင်းဖော်ပြခဲ့သော ကြောင့် အာဆီယံ

ပဋိညာဉ် အပိုဒ်-၂၀(၁) ပြဋ္ဌာန်းချက်ဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆို

သည့်အချက်နှင့် မကိုက်ညီကြောင်း ဖော်ပြထားသည်။


မင်းအောင်လှိုင်

အာဆီယံပဋိညာဉ်၊ ပုဒ်မ ၂၀ (၁)အရ ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့်သာ ချမှတ်ရမည်ဖြစ်ပြီး၊ တူညီဆန္ဒမရရှိသည့်အခါ ပုဒ်မ ၂၀ (၂) ပါ

ပြဌာန်းချက်အရ ဆုံးဖြတ်ချက်ကို အာဆီယံထိပ်သီးအစည်းအဝေးကသာ ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅

ရက်နေ့ အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးခဲ့ရာတွင် အာဆီယံပဋိညာဉ် အပိုဒ်အချို့အပေါ် ၎င်းတို့ လိုသလို

အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲမှုရှိပါက ပုဒ်မ ၂၅ ပါ ပြဌာန်းချက်အရ စေ့စပ်ဖျန်ဖြေရေးဖြစ်သည့် အငြင်းပွားမှုဖြေရှင်းရေး

ယန္တရားအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၂၆ တွင် ဖြေရှင်း၍မရသော အငြင်းပွားမှုများကို အာဆီယံထိပ်သီး အစည်းအဝေးသို့

တင်ပြဆုံးဖြတ် ချက်ရယူရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။


Getty Images

အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးအစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့မှုများသည် အထက်

ဖော်ပြပါ ပြဌာန်း ချက်များနှင့် ကိုက်ညီမှုမရှိဘဲ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်မှုမရှိသောကြောင့် သက်ဆိုင်ရာနိုင်ငံ

ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လိုက် နာ ဆောင်ရွက်ရန် ခက်ခဲကြောင်း ဖော်ပြထားသည်။

အာဆီယံဥက္ကဋ္ဌသည် အဖွဲ့၀င်နိုင်ငံများ၏ ပြည်တွင်းရေးမစွက်ဖက်ရ မူကို ဆန့်ကျင်နေကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာရန် ခက်ခဲ

ကြောင်း၊ အစည်းအဝေးတက်ရောက်ရန် အခွင့်အ‌ရေး အပြည့်အ၀ရှိကြောင်း၊ မျှတမှုမရှိ မူဘောင်ကျော်လွန်သည့် ဥက္ကဋ္ဌ၏ လုပ်ဆောင်မှု

များကို လက်မခံကြောင်း ပြင်းထန်စွာထုတ်ပြန်သည်။


အာဆီယံ ထိပ်သီး အစည်းအဝေး

အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၅) အရ အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် တန်း တူရည်တူ ရှိပြီး၊ အပိုဒ် (၇)(၁) အရ အာဆီယံထိပ်သီး

အစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရ အဖွဲ့အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဌာန်းထားသောကြောင့်

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲမှ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့် အဝရပိုင်ခွင့်ရှိ

ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

“ခင်ဗျား ထုတ်ပြန်ချက် တစ်ခုလုံးကို ခြုံကြည့် အာဆီယံ ဆုံးဖြတ်ချက် မလိုက် နာနိုင်ဘူး။ ထိပ်သီး အစည်းအဝေး မဖိတ်လည်း မင်း

အောင်လှိုင်ဘက်က တက်မယ်ပြောနေတာ။ ဒီပြဿနာက မြန်မာကို အာဆီယံက အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့တဲ့အထိတောင် ဖြစ်လာနိုင်တယ်”

ဟု ပြည်တွင်းမှ နိုင်ငံတကာရေးရာကျွမ်း ကျင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။