ၾကားသိသမွ်

တပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း ကို ပါစစ်ကောင်စီက အမှိုက်အိတ်အမည်းဖြင့်ထုပ်ပစ်

ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင် တပ်ဖွဲ့ဝင်များ၏ အလောင်းများကို စစ်ကောင်စီက အမှိုက်အိတ်အမည်း

ဖြင့်ထုပ်၍ သင်္ချိုင်းဇရပ်တွင် ဖြစ်သလို စွန့်ပစ်သွား

အောက်တိုဘာလ ၂၀ ရက်နေ့ KNLA တပ်မဟာ ၆ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီ ခလရ ၂၈၃ တပ်ရင်းမှ

ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအပါအဝင် သေဆုံး ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်၇ ဦး ၏ အလောင်းများကို အမှိုက် အိတ်အ

မည်းများဖြင့် ထုပ်ကာ သံဖြူဇရပ်မြို့နယ် သင်္ချိုင်းဇရပ်ပေါ်တွင် ဖြစ်သလို လာရောက်စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် ၁ ကြိမ်၊ သံပုရာရွာနှင့်

အနန်းကွင်းရွာကြားတွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး သန်းဝင်းထွန်းအပါအဝင် ၆ ဦး သေဆုံးခဲ့သည်

ဟု သိရသည်။

နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၂၈၃ ဖြစ်ပြီး

လက်နက်အတိုအရှည်အပါအဝင် ၇ လက် သိမ်းဆည်းရမိကာ ကားတစ်စီးပျက်စီးသွားကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင်လည်း ဘုရားသုံးဆူ-သံဖြူဇရပ် ကား လမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ

ထပ်မံစစ်ရေးလှုပ်ရှားလာသည့်အတွက် နယ်မြေခံ KNLA တပ်နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဗိုလ်မှူး

၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိကြောင်း နယ်မြေခံ KNLA တပ်ထံမှ သိရသည်။