ၾကားသိသမွ်

ရန်ကုန်မြို့လယ်ခေါင်ရှိ Urban Asia မှ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

ရန်ကုန်မြို့လယ်ခေါင်ရှိ Urban Asia မှ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Urban Asia တွင်ဖွင့်လှစ်ထားသော ကမ္ဘောဇ

ဘဏ် ကိုဓါးပြတိုက်မှု နေ့လည် ၁ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုအနီးတစ်ဝိုက်တွင် နေထိုင်သူများကဆိုသည်။

သေနတ်ကိုင်ဆောင်ထားသည့် လူရွယ်အမျိုးသားသုံးဦးက ဘဏ်ထဲကို ဝင်လာပြီးနောက် လူများကိုးငုံ့ထားစေပြီးနောက် ကောင်တာပေါ်ရှိ

ငွေများကို ထည့်ယူသွားခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“အဲတာက တစ်ကယ်ဖြစ်ခဲ့တာပါ။ သူတို့က ပိုက်ဆံယူပြီးထွက်သွားတယ်။ သေနတ်ပစ်တာဖောက်တာတော့မရှိဘူး။ ပိုက်ဆံဘယ်လောက်

ယူသွားလဲဆိုတာလည်း မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိစစ်ဆေးနေပြီး ၊ မဟာဗန္ဓုလတံတား၊ ပုစွန်တောင်ဈေးနှင့် အနော်ရထာလမ်းပေါ်တွင်

စစ်ဆေးမှုးများပြုလုပ်နေသည်။Urban Asia မှ ဆိုင်တစ်ချို့လည်း ပိတ်သိမ်းဖို့ ပြင်ဆင်နေကြသည်။

Zawgyi


ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Urban Asia တွင်ဖွင့်လှစ်ထားသော ကေ

မ္ဘာဇဘဏ် ကိုဓါးပြတိုက်မှု နေ့လည် ၁ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုအနီးတစ်ဝိုက်တွင် နေထိုင်သူများကဆိုသည်။





