ၾကားသိသမွ်

နေကြာနဲ့ ထမီ ယတြာဆင်လည်း မြေဇာဖြစ်ပြီး သေမှာ အသေအချာပါ

နေကြာနဲ့ ထမီ ယတြာဆင်လည်း မြေဇာဖြစ်ပြီး သေမှာ အသေအချာပါ။

မနေ့က ဒီမော့ဆိုနဲ့ ဖရုဆိုကြား

နန်းဖဲနဲ့ ထားလဲကြားမှာ စကစစခတပ်ကို ကရင်နီတပ်မတော်KA၊ ပြည်သူ့ကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၆)တို့ ပူးပေါင်းအဖွဲ့ Ambush လုပ်ပြီး တိုက်ပွဲ (၃)ကြိမ်ဖြစ်တယ်။

မိုင်းနဲ့ (၃)ကြိမ်တိုက်တယ်။ ပထမတကြိမ် စကစကားတွေ လွတ်သွားတယ်။ ဒုတိယတကြိမ် အထိနာတယ်။ တတိယ တကြိမ် ပိုအထိနာတယ်။

ကယား Area 1 KAတပ်မတော်နှင့် KNDF များအောင်ပါစေ။

စကစစခသယ်လာတဲ့ စစ်ကား(၆)မီးလောင်ပျက်စီးတယ်။ အဆိုးဆုံးကား (၅)စီးထဲက ကား (၃)စီးက စစ်သားအပြည့် ပါလာတယ်။ စကစ

စစ်သား အပြည့်ပါလာတဲ့ ကား(၃)စီးကို ဆွဲမိုင်း၊ M-79၊ RPG နဲ့ အပြည့်အဝ သင်္ကြန်ရေပက်သလို လုံးစုံများစွာ သတ္တဝါ အမုန်းကျွေးတယ်။

(၃)စီးအပြည့် နေကြာကနေ မြေဇာဖြစ်တယ်။ စစ်ကား (၃)စီးပေါ်က စခ အကုန်သေတယ်။

ကယား Area 1 KAတပ်မတော်နှင့် KNDF များအောင်ပါစေ။

စကစတပ်က သုံးဆယ်ကျော်သေပြီး ဒဏ်ရာရတာလည်းများတယ်။နောက်က ပါလာတဲ့ စခကား ယဉ်တန်း ၁၀စီးက စခ အင်အား

(၂၀၀)တက်လာလို့ KAနဲ့ KNDF အဖွဲ့တွေ အထိအခိုက်မရှိ ပြန်ဆုတ်ပေးတယ်။ Ambush အပြည့်အဝ အောင်မြင်တယ်။ စကစတွေ

အထိနာပြန်တယ်။

မဆီမဆိုင်ညမှာ ဒီမောဆို့ရဲစခန်းကနေ စကစတွေလက်နက်ကြီးနဲ့ မြို့ထဲကို ရမ်းပစ်ပြန်တယ်။ KNDF တပ်ရင်း(၁၉) ကဒီမောဆိုရဲစခန်း

နောက်က တပ်စွဲထားတဲ့ စကစတပ်ကို သွားရောက်ပစ်ခတ်လို့ စကစ (၃)ယောက် မြေစာဖြစ်ပြန်တယ်။

ကယား Area 1 KAတပ်မတော်နှင့် KNDF များအောင်ပါစေ။

ကယားမှာ ကရင်နီ တပ်မတော် KAနဲ့ KNDF တို့ ပူးပေါင်းစစ်ဆင်နေကြတယ်။ နယ်မြေစိုးမိုးမှု တော်တော်များများ စိုးမိုးနိုင်ပြီ။ လွိုင်ကော်

(၆)မိုင်ကျော်တာနဲ့ စကစအတွက် အမဲရောင်နယ်မြေ ပြည်သူ့ KNDF တွေအတွက် စိုးမိုးနယ်မြေဖြစ်တယ်။

ဗျူဟာအတွက် ကယား၊ ချင်းနဲ့စစ်ကိုင်းကို ကူကြမယ်။ ။စစ်ကိုင်းမှာ အုပ်ချုပ်ရေးမှုး အပေါင်း လူပေါင်းမှားလို့ နောက်ကျတဲ့ ခြေထောက်

သစ္စာဖောက် ဖနောင့်နဲ့ တင်ပါး အချိုးကျ ပြေးနေရတယ်။စစ်ကိုင်းတိုင်း နယ်မြေစိုးမိုးမှု (၇၀)ရာခိုင်နှုန်း လောက်ရနေပြီ။ မောင်းပြန်ကိုယ်စီ

ကိုင်နိုင်ရင် သန်းလှိုင်လောက်တော့ စာမဖွဲ့လို့ဆိုတယ်။အရိပ်(၃)ပါးနားမလည်တဲ့ ဝေသာလီပြည် ဘီလူးစီးနေချိန် ဘုရားဖူးထွက်တဲ့ အဖွဲ့

တွေကို ညနေ(၅)နာရီကနေ စစ်ကိုင်းတိုင်းအတွင်း မနက် (၅)နာရီ မထွက်ကြဖို့ D-Day Channel ကတဆင့်တောင်း ဆိုလာတယ်။

ကယား Area 1 KAတပ်မတော်နှင့် KNDF များအောင်ပါစေ။

ခုချိန်မှာ နယ်မြေစိုးမိုးမှုတွေ ရနေတဲ့ Local PDF တွေ အပြည့်အဝကူညီကြမယ်။ တချို့ရွာတွေ PDF တွေစိုးမိုးပြီး ရွာထဲ သေနတ်ကိုင်

လမ်းလျှောက် လုံခြုံရေးယူပေးနိုင်ပြီ။ နယ်မြေစိုးမိုးဖို့ ရသလောက် ကူညီကြမယ်။

စကစတွေ နေကြာနဲ့ ထမီယတြာဆင်လည်း သေချာတာကတော့ မေခလာတောင် မကယ်နိုင်ပဲ

မြေဇာဖြစ်ပြီး သေမှာ အသေအချာပါ။ပြည်သူ့အာဏာ ပြည်သူပြန်ရတော့မည်။အရေးတော်ပုံ အောင်တော့မည်။ ဒီမိုဝေယံ