ၾကားသိသမွ်

PDFစခန်းကို ဝင်ရောက်စီးနင်းပြီး ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုမှ မိုင်းဆွဲတိုက်ခိုက်…See More

PDFစခန်းကို ဝင်ရောက်စီးနင်းပြီး ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုမှ မိုင်းဆွဲ

တိုက်ခိုက်၊၁၀ဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးမှုလည်းရှိနိုင်သည်ဟု ပြော

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တောင်ပိုင်း ကန်ရင်းကျေးရွာတောစပ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း၂ခုကို ဒီကနေ့မနက်ပိုင်း၄နာရီ

အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီမှ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး စခန်း၂ခုလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများ

ထံမှ သိရသည်။

အရာတော်မြို့နယ် ကန်ရင်းတောင်တောနှင့်ကန်ရင်းမြောက်တောမှာရှိသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း၂ခုကို အကြမ်းဖက်စစ်တပ်

မှ တပြိုင်နက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ၆ဦးကိုလည်း ရိုက်နှက်နှိပ်စက်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင်ဒေသခံနေအိမ်များဆီမှ ရွှေထည်ပစ္စည်းတချို့၊ ကားတစ်စီး၊ ဆိုင်ကယ်၊ ငွေသား(၈)သိန်းကျော်၊ တန်ဖိုးရှိပစ္စည်းတချို့နှင့် ဖမ်းဆီး

ထားသောလူငယ်များထံမှ ဖုန်းများကို အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် PDFစခန်းများကို ဝင်ရောက်စီးနင်း ပြန်လာချိန် အရာတော် ကံသုံးဆင့်ရွာအနီးမှာ

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းဒဏ်ရာရရပြီး

သေဆုံးသူများလဲရှိနိုင်သည်ဟု ဒေသအခြေစိုက် မိတ်ဖက်အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရပါတယ်။

ဒါ့အပြင် မုံရွာ-အရာတော်ကားလမ်းကိုလည်း ကျန်းမာရေးအရေးကြီးကိစ္စကလွဲ၍ ယာယီဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မုံရွာမြို့ပြ

ပျောက်ကြားတပ်ဖွဲ့၅ဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်ပါသည်။ Source; RNA

Zawgyi

PDFစခန္းကို ဝင္ေရာက္စီးနင္းၿပီး ျပန္လာသည့္ စစ္ေကာင္စီယာဥ္တန္းကို အရာေတာ္ၿမိဳ႕နယ္ ေတာ္လွန္ေရးအင္အားစုမွ မိုင္းဆြဲတိုက္ခိုက္၊၁၀ဦးထက္မနည္းဒဏ္ရာရၿပီး ေသဆုံးမႈလည္းရွိနိုင္သည္ဟု ေျပာ

စစ္ကိုင္းတိုင္း၊အရာေတာ္ၿမိဳ႕နယ္ေတာင္ပိုင္း ကန္ရင္းေက်းရြာေတာစပ္ရွိ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕စခန္း၂ခုကို ဒီကေ

န႔မနက္ပိုင္း၄နာရီအခ်ိန္ခန္႔က အၾကမ္းဖက္စစ္ေကာင္စီမွ အင္းအားအလုံးအရင္းျဖင့္ ဝင္ေရာက္စီးနင္းၿပီး စခန္း၂ခုလုံးကိုမီးရွို႔ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံမ်ားထံမွ သိရသည္။

အရာေတာ္ၿမိဳ႕နယ္ ကန္ရင္းေတာင္ေတာႏွင့္ကန္ရင္းေျမာက္ေတာမွာရွိသည့္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕စခန္း၂ခုကို

အၾကမ္းဖက္စစ္တပ္မွ တၿပိဳင္နက္ဝင္ေရာက္မီးရွို႔ဖ်က္ဆီးခဲ့ၿပီး ေဒသခံ၆ဦးကိုလည္း ရိုက္ႏွက္ႏွိပ္စက္တယ္လို႔ သိရွိရပါတယ္။

ဒါ့အျပင္ေဒသခံေနအိမ္မ်ားဆီမွ ေရႊထည္ပစၥည္းတခ်ိဳ႕၊ ကားတစ္စီး၊ ဆိုင္ကယ္၊ ေငြသား(၈)သိန္းေက်ာ္၊ တန္ဖိုးရွိပစၥည္းတခ်ိဳ႕ႏွ

င့္ ဖမ္းဆီးထားေသာလူငယ္မ်ားထံမွ ဖုန္းမ်ားကို အၾကမ္းဖက္စစ္တပ္က အဓမၼသိမ္းဆည္းယူေဆာင္သြားတယ္လို႔ သိရပါတယ္။

အဆိုပါအၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားသည္ PDFစခန္းမ်ားကို ဝင္ေရာက္စီးနင္း ျပန္လာခ်ိန္ အရာေတာ္ ကံသုံးဆင့္ရြာအနီးမွာ

အရာေတာ္ၿမိဳ႕နယ္ ေတာ္လွန္ေရးအင္အားစုအဖြဲ႕မွ ေစာင့္ႀကိဳမိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၁၀ဦးထက္မနည္းဒဏ္ရာရ

ရၿပီး ေသဆုံးသူမ်ားလဲရွိနိုင္သည္ဟု ေဒသအေျခစိုက္ မိတ္ဖက္အရာေတာ္ၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ထံမွသိရပါတယ္။

ဒါ့အျပင္ မုံရြာ-အရာေတာ္ကားလမ္းကိုလည္း က်န္းမာေရးအေရးႀကီးကိစၥကလြဲ၍ ယာယီျဖတ္သန္းသြားလာျခင္းမျပဳၾကဖို႔ မုံရြာၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕၅ဖြဲ႕မွ ထုတ္ျပန္ေၾကညာလိုက္ပါသည္။