ၾကားသိသမွ်

တောင်ကိုရီးယားဟာ ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းထဲသို့ မပို့နိုင်ခဲ့ ဒါပေမယ့် ဒါဟာ ပထမဆုံးစမ်းသပ်မှုတစ်ခုအတွက် အံ့သြစရာကောင်းတဲ့ အောင်မြင်မှုပဲလို့ မွန်ဂျယ်အင်း ကဆို

တောင်ကိုရီးယားဟာ ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းထဲသို့ မပို့နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံဟာ ၎င်းတီထွင်ထားတဲ့ အဆင့် ၃ Nuri ဒုံးပျံကို ပထမဆုံး လွှတ်တင်ခဲ့ပြီး ကြာသပတေးနေ့က ဂြိုဟ်တုကို ပတ်လမ်း

သို့ လွှတ်တင်ရန် ပျက် ကွက်ခဲ့တယ်လို့ နိုင်ငံရဲ့သမ္မတ မွန်ဂျယ်အင်း က ကြာသပတေးနေ့တွင် ကြေငြာခဲ့ပါတယ်။

” ကံမကောင်းစွာဘဲ ငါတို့ပန်းတိုင်ကိုကောင်းကောင်းမရောက်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါဟာ ပထမဆုံးစမ်းသပ်မှုတစ်ခုအတွက် အံ့သြစရာ

ကောင်းတဲ့ အောင်မြင်မှုပဲ။ ငါတို့ မှာ မပြည့်စုံသေးတဲ့ပန်းတိုင်တစ်ခုရှိနေတယ်။ အဲဒါက ဂြိုဟ်တုကို ကမ္ဘာပတ်လမ်း ကြောင်းထဲကို ဘေး

ကင်းစွာပို့ဆောင်ဖို့ပဲ ” လို့ မွန်ဂျယ်အင်း ကဆိုပါတယ်။

ဒုံးပျံဟာ ပျံသန်းမှုအစီအစဉ်အားလုံးပြီးစီးခဲ့ပြီး ကမ္ဘာမြေပြင်အထက် အမြင့် ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) သို့ ရောက်ရှိခဲ့ပါတယ်။ တောင်ကို

ရီးယားက ၂၀၂၇ တွင် ၎င်း ရဲ့ Nuri ဒုံးပျံကို ငါးကြိမ်ထပ်မံပစ်လွှတ်မှာဖြစ်ပြီး လာမည့်မေလတွင် ပစ်လွှတ်ရန် စီစဉ်ထားပါတယ်။ တောင်ကို

ရီးယားနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှစ၍ အဆင့်သုံးဆင့် Nuri တည်ဆောက်ခြင်းအတွက် ကိုရီးယားဝမ် ၂ ထရီလီယံနီးပါး (ဒေါ်လာ ၁.၆၆ ဘီလီ

ယံ) ရင်းနှီးမြုပ်နှံခဲ့ပါတယ်။

ကြာသပတေးနေ့က မစ်ရှင်အောင်မြင်ခဲ့လျှင် ရုရှား၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန်နှင့်အိန္ဒိယတို့ပြီးလျှင် ၁ တန်ကျော်ဂြိုဟ်တုကို

သယ်ဆောင်နိုင်တဲ့ အာကာသ ယာဉ်ကို လွှတ်တင်နိုင်တဲ့ ကမ္ဘာ့သတ္တမမြောက်နိုင်ငံဖြစ်လာလိမ့်မယ်လို့ Korea Aerospace Research

Institute (KARI) ရဲ့ အဆိုအရ သိရပါတယ်။

နိုင်ငံဟာ အာကာသပြိုင်ပွဲ၌ ၎င်းရဲ့အိမ်နီးချင်းအာရှနိုင်ငံများနှင့် လိုက်မီရန် ရုန်းကန် နေရပါတယ်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင်

တောင်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်နှစ်စင်းကို ရုရှားမှတီထွင်ထုတ်လုပ်ထားတဲ့အင်ဂျင်များသုံး၍ လွှတ်တင်ခဲ့ သော်လည်း နှစ်စင်းလုံး

ကမ္ဘာပတ်လမ်းသို့မရောက်နိုင်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားဟာ နောက်ဆုံးတွင် ကမ္ဘာပတ်လမ်းကြောင်းသို့ ပို့ဆောင်ရေး

ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပို့နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒါဟာ ရုရှား နည်း ပညာကို အသုံးပြုပြီး တီထွင်ခဲ့​ခြင်းဖြစ်ပါတယ်။

ကိုရီးယားဘာသာမှာ “Nuri” ဟာ ကမ္ဘာလို့အဓိပ္ပာယ်ရပြီး ဒါဟာ တောင်ကိုရီးယား ရဲ့ ပထမဆုံးသောပြည်တွင်းဖြစ်ဒုံးပျံ ဖြစ်ပြီး ၎င်းရဲ့

ကိုယ်ပိုင်နည်းပညာကိုအသုံးပြု၍ အနာဂတ်ဂြိုဟ်တုများနှင့် မစ်ရှင်များစွာကို တံခါးဖွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၎င်းရဲ့နျူကလီးယားလက်နက် ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရတဲ့

အတွက် ဒီအာကာသ အစီအ စဉ်ဟာ ထိခိုက်လွယ်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အာကာသအစီအစဉ်များတွင် အနာဂတ်မှာ စောင့်ကြည့်ရေး၊ ရေကြောင်းသွားလာရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်း

များ ပါဝင်နိုင်တဲ့ စစ်ဘက် ဆိုင်ရာဂြိုဟ်တုများလွှတ်တင်ရန် တို့ပါဝင်ပါတယ်။ နိုင်ငံဟာ ပထမဆုံး လပတ်လမ်း

ကြောင်းကို NASA နှင့်ပူးပေါင်း၍ လာမည့်နှစ်သြဂုတ်လတွင် လွှတ်တင်ရန် စီစဉ် ထားပါတယ်။ ၎င်းဟာ လကို တစ်နှစ်ခန့်ပတ်ပြီး ကမ္ဘာ

ပတ်လမ်းကိုကျော်တဲ့ ပထမဆုံးသောတောင်ကိုရီးယားမစ်ရှင် ဖြစ်လာပါလိမ့်မယ်။

မူရင်း CNN