ဂျကာတာ သို့ ဆိုက်ရောက်လာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ချိုလက်မှ AP သတင်းဌာနနှင့် တွေ့ဆုံ
ရာတွင် ယခုလို ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
မြန်မာ နိုင်ငံတွင်း အခြေအနေများသည် လူသားချင်း စာနာ ထောက်ထားစွာ ကယ်ဆယ်ရန် ဆိုသည့် ရှု့ဒေါင့်မှ၎င်း၊ လုံခြုံရေး ရှု့ဒေါင့်မှ၎င်း
ဆိုးသည်ထက် ဆိုးဝါးလာနေသည်၊ ထို့အပြင် စီးပွားရေး နှင့် နိုင်ငံရေး ပိုင်းတွင်လည်း တိုးတက်မှု ရှိမလာသည် ကို တွေ့မြင်နေရသည်ဟု ချို
လက် က ဆိုသည်။
ထိုအခြေအနေများ ရှေ့လျောက် ဆက်လက် ဖြစ်ပေါ်နေခြင်း မရှိအောင် ဟန့်တားနိုင်သည့် ကိရိယာ တန်ဆာပလာများ မိမိတို့တွင် ရှိနေပြီ
ဟု ယူဆကြောင်း၊ ထိုလုပ်ငန်းစဉ်များ အတွက် သိသိသာသာ ဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိလာပြီဟု ထုတ်ဖေါ်ပြောဆိုသွားခဲ့ပြန်သည်။
အမေရိကန် နှင့် အခြားသော အစိုးရများ အနေဖြင့် အာဏာသိမ်း အဖွဲ့၏ အမူအကျင့်များ ပြောင်းလဲသွားအောင် တွန်းအား ဖြစ်စေမည့်
နိုင်ငံရေး၊ စီးပွားရေး မောင်းတံများ ဆွဲလို့ရသည့် အနေအထား ရောက်လာနေပြီဟု လည်း ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ချိုလက်
ယခုလို ရောက်လာရခြင်း၏ တစိတ်တပိုင်းသည် မိမိတို့ ဖြစ်စေချင်သည်များအတွက် ဘာလုပ်ရမည် ညာလုပ်ရမည် ကို ပြောဖို့ မဟုတ်ပဲ
မိမိတို့မှ အကောင်းဆုံးဟု ယူဆထားသည့် အမြင်များကို ချပြပြီး ဒေသတွင်းရှိ အကျိုးတူ ပါတနာ အသီးသီး၏ အမြင်များကို နားထောင်ဖို့
အတွက် ဖြစ်သည်ဟု ပြောသည်။
နိုင်ငံတကာ က ဝိုင်းဝန်း ထောက်ပြနေသလို အမေရိကန်သည် ယခုထိ ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းများကို ပိတ်ဆို့ဒဏ်ခတ်ခြင်း မရှိ
သေး ဆိုသည်နှင့် ပတ်သက်ပြီး ပြောဆိုရာတွင် ဝါရှင်တန် အနေဖြင့် ဒေသတွင်းရှိ မဟာမိတ်များ နှင့် အကျိုးတူ နိုင်ငံများ၏ အကျိုးစီးပွားကို
လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေ၍ ဖြစ်သည်ဟု ဆိုသည်။
ထို့အတွက်ကြောင့်လည်း အာဏာသိမ်း အဖွဲ့၏ အတွေး အမြင်များ ပြောင်းလဲလာအောင် ရှေ့လျောက် ဘာဆက်လုပ်ကြမည် ဆိုသည်နှင့်
ပတ်သက်၍ ဝိုင်းဝန်း စဉ်းစားကြဖို့ ရောက်လာခြင်း ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ချိုလက်
အာရှ ကုန်းမြေကြီး၏ အလယ်ခေါင်တည့်တည့်တွင် failed state နိုင်ငံ ဖြစ်လာမည့် အရေးအားမိမိတို့ အရဲစွန့်ပြီး လက်ခံထား၍ မဖြစ်ဟု
လည်းချိုလက်က ပြောသွားခဲ့ပြန်သည်။
မည်သည့် ကိရိယာ တန်ဆာပလာမျိုး ပိုင်ဆိုင်ထားသည်ကိုမူ အသေးစိတ် ပြောဆိုသွားခြင်း မရှိပေ။
သို့သော် ဒဲရက် ချိုလက်သည် စင်္ကာပူ ငွေကြေး အာဏာပိုင် အဖွဲ့မှ တာဝန်ရှိ အကြီးအကဲနှင့် တွေ့ဆုံပြီး မြန်မာအစိုးရ ပိုင်ဆိုင်မှု များ ကို
ထုတ်ယူနိူင်စွမ်းကို ကန့်သတ်ပစ်ရန် ဆွေးနွေးသွားခဲ့သည်၊ ထို့မတိုင်မီက အာဏာသိမ်း အဖွဲ့၏ ရင်းနှီး မြုပ်နှံမှု တာဝန်ခံ သည် မိမိတို့တွင်
ဒေါ်လာ ၆ ဘီလီယံ ရှိကြောင်း ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။
စင်္ကာပူသည် မကြာမီ နှစ်များ အတွင်းက မြန်မာတွင် ရင်းနှီးမြုပ်နှံမှု အများဆုံး ဖြစ်လာသည်နှင့် အမျှ ဘဏ္ဍာရေး ပိုင်းတွင်လည်း စစ်
ကောင်စီ အပေါ် ဩဇာ မှု ရှိကြောင်း ချိုလက်က ထောက်ပြသွားခဲ့ပြန်သည်။
စင်ကာပူမှာရှိတဲ့ စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ ဆွေးနွေး
@Twitter
မင်းအောင်လှိုင်အား အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့် မပေးခြင်းကြောင့် ကမ္ဘာအလယ်တွင် တရားဝင် ရပ်တည်ပိုင်ခွင့် ဆုံးရှုံးပြီး
လူရာမဝင် ဖြစ်သွားပြီ ဆိုကာ မြန်မာ အတွက် ကုလ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် တွန် အင်ဒရူးက ကြိုဆိုလိုက်သည်။
မင်းအောင်လှိုင် အား တက်ရောက်ခွင့် ပေးမထားသည့် အာဆီယံ နှင့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲများတွင် မြန်မာပြည် ပြဿနာ အား
အဓိက ထား ဆွေးနွေးကြဖွယ် ရှိနေသည်ဟု သတင်းများက ခန့်မှန်း ပြောဆိုနေကြသည်။
ဒီဇင်ဘာလ အတွင်း လန်ဒန် တွင် ပြုလုပ်မည့် ASEAN -G7 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာ စစ်ကောင်စီ
ကိုယ်စားလှယ်အား အခြားသူများကဲ့သို့ လူကိုယ်တိုင် ရောက်လာမည်ကို ကြိုဆိုမည် မဟုတ်ဟု ဗြိတိသျှ နိုင်ငံခြားရေး ရုံး၏ အာရှ ရေးရာ
ဝန်ကြီး အာမန်ဒါ မေးလင်း က ပါလီမန် တွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။
အာဆီယံ
အာဏာသိမ်း အဖွဲ့အား တပတ် အတွင်း ဒုတိယ အကြိမ် နိုင်ငံတကာ အသိုက်အဝန်း မှ လူသိရှင်ကြား ဖယ်ထုတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။
ချိုလက်သည် ထိုင်းနိုင်ငံ တွင် ရောက်ရှိခဲ့စဉ် အတွင်း ထိုင်း နယ်ခြား ဖြတ်ကျော်၍ လူလူချင်း စာနာမှု အကူအညီများ ပေးနိုင်မည့် နည်း
လမ်းများကို ထိုင်း အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေး အဖြေရှာခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
အမေရိကန် တို့ဖက် မှ ထိုသို့ အားတက်သရော ဖြစ်လာရခြင်းသည် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များအား ချေမှုန်းရန် “အနော်ရထာ” ဟု
အမည်ပေးထားသော စစ်ဆင်ရေး ဖြင့် စစ်ကောင်စီမှ အရှိန်မြင့် ထိုးစစ် ဆင်လာရန် ပြင်ဆင်နေမှု များ နှင့် တိုက်ဆိုင်လျက် ရှိနေသည်။
အခြေအနေများကို ရိပ်စားမိသော စစ်ကောင်စီသည် အမေရိကန် တို့ဖက် မှ အကူအညီ ပေးလိုက ပေးစရာ တဦးတလေမျှ မကျန်အောင်
စစ်ကောင်စီ ၏ ဒုခေါင်းဆောင် စိုးဝင်းမှ ပြည်သူ ကာကွယ်ရေး တပ်များနှင့် ထောက်ခံနေသူများ ကို ကျုပင်ခုတ် ကျုငုတ်မကျန် ရှင်းလင်း
ပစ်ရန် စစ်တိုင်းမှုးများကို အမိန့်ပေးလိုက်ပြီ ဖြစ်သည်၊ ထိုအကြောင်းကို ဧရာဝတီမှ နေပြည်တော် သတင်းရပ်ကွက် များအား ကိုးကားပြီး
အတည်ပြုခဲ့သည်။
စစ်ခေါင်းဆောင်များ
အာဏာသိမ်း အဖွဲ့သည် အလွန် အကျွံ လုပ်လာပါက ပြည်ပမှ ဝင်ရောက် စွက်ဖက်လာမည်ကို စိုးရွံနေဟန် ရှိသော်လည်း ယခုအခါ ရှက်
ရမ်း ရမ်းလာနေပြီ ဖြစ်သည်၊ အဓိက အားဖြင့် ၎င်းတို့ အဖွဲ့ ဆက်ပြီး အသက်ဆက် နိုင်ကြဦးမည်လောဟု လက်အောက်ခံ အလိုတော်ရိ
ဝန်ထမ်းများ အကြား သံသယ များ ဖြစ်လာတော့မည့် အရေးကို ဟန့်တား ရန် လိုအပ်လာပြန်၍ ဆုတ်လည်းစူး စားလည်းရူး ဘဝ ရောက်
နေပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏ အမိန့်ကို လုပ်သင့် လုပ်ထိုက်သည် ဟု ယုံကြည်ကြခြင်း မရှိတော့သည့် လက္ခဏ အဖြစ် ပြန်လွှတ်ပေးသူများကို လိုက်လံ
ဖမ်းဆီးလျက် ရှိရာ ရော့ခ် အဆိုတော် အီတိုး အပါအဝင် လူပေါင်း ၁၁၀ နီးပါး အင်းစိန် ဘဝတက္ကသိုလ် သို့ ပညာရည်နို့သောက်စို့ရန်
ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်သည်။
စီးပွားရေး ပြိုလဲ လိုက်လာမှုကြောင့် ပြည်ပတွင် အလုပ်သွားလုပ်ရန် ထွက်ခွာမည့် လူများအား ရန်ကုန် လေဆိပ်တွင် စာရွက်စာတမ်း မ
ပြည့်စုံ အစရှိသည့် အကြောင်းအမျိုးမျိုး ပြကာ ပြန်လွှတ်နေသည်ဟု ကိုယ်တွေ့ကြုံလာရသူ များက ပြောကြောင်း မြန်မာနောင်းက
ရေးသားထားသည်။
မြန်မာ့အရေး နိုင်ငံတကာ တသံတည်းထွက်ရန် ဦးကျော်မိုးထွန်းနှင့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေး နွေး
သက်တမ်းကုန် ဆုံး၍ ရာထူးမှ နှုတ်ထွက်ရတော့မည့် ကုလ အတွင်းရေးမှုးချုပ်၏ အထူး ကိုယ်စားလှယ် ခရစ်စတင်း ဘာဂင်ဂါ မှ နိုင်ငံတွင်
ပြည်တွင်းစစ်ကြီး စတင်နေပြီဟု ပြောလိုကြောင်း၊ ထို့အတွက် နိုင်ငံတကာ အစိုးရများ နှင့် ကုလသမဂ္ဂ အနေဖြင့် အာဏာသိမ်း အဖွဲ့ကို
မည်သည့် ပုံစံမျိုးနှင့်မျှ အသိအမှတ် ပြုသည့် လက္ခဏာမျိုး မပြသကြရန် နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအား မဲပေးရွေးချယ်ခဲ့ကြသည့်
ပြည်သူတို့၏ ဆန္ဒကို အကာအကွယ် ပေးရန် တို့သည် လွန်စွာ အရေးပါနေသည်ဟု မှတ်ချက်ပြုသွားခဲ့သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း မေလ အတွင်း စစ်အာဏာသိမ်းခဲ့သော မာလီအား အာဖရိက သမဂ္ဂ အဖွဲ့ကြီး
မှ အဖွဲ့ဝင် အဖြစ် ရပ်ဆိုင်းခဲ့သည့် နမူနာကို ထောက်ပြပြီး ပြည်တွင်းရေးကို ဝင်မစွက်ရ ဆိုသည့် မူကို ပြန်လည် ဝေဖန် သုံးသပ်ရတော့မည်
ဟု ပြောဆိုလာခဲ့ပြီ ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး
တော်လှန်ရေး မုချအောင်ရမည်!!!
Hla Soewai