စစ်ကောင်စီ စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို ကျေးဇူးအရမ်းတင်မိတယ်.. တကယ်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ
ဒေါ်လာ ၆ဘီလီယမ်ကိစ္စကို ကျနော်တို့လည်းမေ့နေကြပါပြီ.တစ်ကမ္ဘာလုံးကမေ့နေကြပြီ.. အမေရိကန်ကလည်း မေ့နေလောက်ပြီ..
ဒါပေမဲ့ ဝန်ကြီးဦးအောင်နိုင်ဦးက လွန်ခဲ့တဲ့ငါးရက်လောက်က ရိုက်တာသတင်းဌာနနဲ့အင်တာဗျူးတဲ့အခါမှာ မြန်မာ့စီးပွားရေးကျနေတာက
မလိုသူတွေဖျက်ဆီးနေလို့ဖြစ်ကြောင်း ၊
မြန်မာငွေတန်ဖိုးကျနေတာကိုထိမ်းချုပ်ဖို့ စင်္ကါပူမှာအပ်ထားတဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ၆ဘီလီယမ်ရှိနေလို့ စိတ်ပူစရာမရှိကြောင်း
ဖြေကြားလိုက်တော့မှ အမေရိကန်လည်း ဒေါ်လာ၆ဘီလီယမ်ကိစ္စကို သတိရသွားပုံပေါ်တယ်..
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြပ်အတည်းကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပုံကြီးချဲ့ ဖော်ပြခဲ့ကြတာ ဖြစ်ပြီး လာမယ့်လအနည်းငယ်
အတွင်း အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်တော့မယ်လို့ စစ်ကောင်စီလက်အောက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်
ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရိုက်တာစ် သတင်းဌာနကို ဖြေဆိုခဲ့တာပါ။
ဦးအောင်နိုင်ဦး
ချက်ချင်းပဲ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံကိုယ်စားလှယ်အဖွဲ့ စင်ကာပူကိုရောက်ချလာပြီး ဒေါ်လာ၆ဘီလီယမ်ကို ထိမ်းချုပ်ဖို့ စင်
ကာပူနဲ့ညှိနှိုင်းလိုက်တော့တယ်..
အဲဒါကတော့ အဘတို့နဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားငွေကြေးတွေကို ထိန်းချုပ်လိုက်ဖို့ပါပဲ။ မြန်မာပြည်က ခရိုနီတွေ အပါအဝင် သူဌေးအတော်
များများဟာ စင်ကာပူမှာ အိမ်၊ ခြံ၊ မြေနဲ့ ငွေကြေးပိုင်ဆိုင်ကြတာတွေရှိပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ပြည်ပမှာရှိတဲ့ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ရယူသုံးစွဲနိုင်တဲ့အခြေအနေ အကန့်အသတ်ဖြစ်လာအောင်လုပ်မယ့်
နည်းလမ်းတွေကို စင်ကာပူနိုင်ငံနဲ့ဆွေးနွေးထားတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မူဝါဒဆိုင်ရာ အကြံပေးဖြစ်သူ ဒဲရက်ရှ
လေးက ပြောလာပါတယ်။
စင်ကာပူမှာရှိတဲ့ စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ ဆွေးနွေး
@Twitter
တချို့စင်ကာပူ Company တွေကလဲ တွဲဖက်လုပ်ကိုင်တဲ့လုပ်ငန်းအချို့ကို Black List အသွင်းခံရမှာကြောက်လို့ ဆက်မလုပ်တော့ပဲ
လက်တွဲဖြုတ်တာတွေရှိနေပါတယ်။
သူ့ရဲ့စင်ကာပူနိုင်ငံခရီးစဉ်မှာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ဒုတိယစီမံညွှန်ကြားရေးမှူးနဲ့ အောက်တိုဘာလ ၂၀ ရက်မှာတွေ့ဆုံချိန်
အခုလိုဆွေးနွေးတာလို့ဆိုပါတယ်။
ဒီတချက်ကလဲ အတော်အထိနာစေမယ့်အချက်ဖြစ်ပြီး ဘယ်လိုအနေအထားတွေထိ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။
ဦးအောင်နိုင်ဦး
ဒီစစ်ကောင်စီဝန်ကြီးက ဖရသီးအကြီးစားကြီးဖြစ်ပါလိမ့်မယ်.. အားလုံးမေ့နေကြတဲ့ အဓိကအချက်ကို အမေရိကန်ကော တစ်ကမ္ဘာလုံး
ကော သတိရအောင် သူလုပ်ပေးသွားတာ…
ကျေးဇူးအထူးတင်ပါတယ်ဝန်ကြီး.. အခုလောက်ဆိုအထုအထောင်းခံနေရလောက်ရောပေါ့…။