ၾကားသိသမွ်

တပ်တွင်းလုံခြုံရေးစည်းပေါက်ကာထောက်ကြန့် ခမရ ၁၀၆ ဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား

တပ်တွင်းလုံခြုံရေးစည်းပေါက်ကာထောက်ကြန့် ခမရ ၁၀၆ ဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ထောက်ကြန့် လှော်ကားလမ်းဆုံအနီးကခမရ ၁၀၆ ဝင်းထဲမှာ မနေ့က ညနေ ၆ နာရီ ဝန်းကျင်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့

တယ်လို့ တပ်တွင်း သတင်းပေးပို့ချက်အရသိရပါတယ်။ပေါက်ကွဲမှုဟာ အသံအတော်ကျယ်ပြီး လူထိခိုက်မှုမရှိပေမဲ့ တပ်တွင်းလုံခြုံရေး

စည်းပေါက်တာဖြစ်လို့ တပ်ရင်းမှူး ကြီးစိတ်ညစ်နေတယ်လို့ တပ်တွင်းရဲဘော်တစ်ဦးကပြောပါတယ်။တပ်တွင်းမိသားစုဝင်တွေဟာ တပ်

တွင်းထဲအထိပေါက်ကွဲမှုဖြစ်လို့ထိတ်လန့်နေကြသလို အပြင်လည်း ထွက်မရ လို့ စိတ်ညစ်နေကြတယ်လို့သူကဆက်ပြောပါတယ်။ဒီ

ဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်သလဲဆိုတာမသိရသေးပေမဲ့ လွန်ခဲ့တဲ့ ၁ လကျော်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကိုတော့ Burma Gun

Stars အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ခမရ ၁၀၆တပ်ရင်းဟာ တပ်မ ၇၇ လက်အောက်ခံတပ်ဖြစ်ပါတယ်။

Zawgyi

တပ္တြင္းလုံျခဳံေရးစည္းေပါက္ကာေထာက္ၾကန္႔ ခမရ ၁၀၆ ဝင္းအတြင္း ေပါက္ကြဲမႈျဖစ္ပြား

ရန္ကုန္တိုင္း၊ေထာက္ၾကန္႔ ေလွာ္ကားလမ္းဆုံအနီးကခမရ ၁၀၆ ဝင္းထဲမွာ မေန႔က ညေန ၆ နာရီ ဝန္းက်င္က ေပါက္ကြဲမႈတစ္ခု ျဖစ္

ပြားခဲ့တယ္လို႔ တပ္တြင္း သတင္းေပးပို႔ခ်က္အရသိရပါတယ္။ေပါက္ကြဲမႈဟာ အသံအေတာ္က်ယ္ၿပီး လူထိခိုက္မႈမရွိေပမဲ့ တပ္တြင္းလုံျ

ခဳံေရးစည္းေပါက္တာျဖစ္လို႔ တပ္ရင္းမႉး ႀကီးစိတ္ညစ္ေနတယ္လို႔ တပ္တြင္းရဲေဘာ္တစ္ဦးကေျပာပါတယ္။တပ္တြင္းမိသားစုဝင္ေတြ

ဟာ တပ္တြင္းထဲအထိေပါက္ကြဲမႈျဖစ္လို႔ထိတ္လန႔္ေနၾကသလို အျပင္လည္း ထြက္မရ လို႔ စိတ္ညစ္ေနၾကတယ္လို႔သူကဆက္ေျပာပါ

တယ္။ဒီေဖာက္ခြဲမႈကို ဘယ္အဖြဲ႕က လုပ္သလဲဆိုတာမသိရေသးေပမဲ့ လြန္ခဲ့တဲ့ ၁ လေက်ာ္က လက္နက္ႀကီးနဲ႔ပစ္ခတ္မႈကိုေတာ့ Burma

Gun Stars အဖြဲ႕က လုပ္ေဆာင္ခဲ့တာလို႔ သိရပါတယ္။ခမရ ၁၀၆တပ္ရင္းဟာ တပ္မ ၇၇ လက္ေအာက္ခံတပ္ျဖစ္ပါတယ္။