ၾကားသိသမွ်

တိုက်ပွဲတွင်ကျဆုံးသွာသောယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ စစ်ကောင်စီဘက်က လာမကောက်

ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ စစ်ကောင်စီဘက်က လာမကောက်သေးဟု KNLA ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ဝင်းရေး (ရေးမြို့နယ်) အတွင်းရှိ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်း

အနီးတွင် အောက် တိုဘာလ ၂၀ ရက်နေ့ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ခလရ ၂၈၃ ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ

ဘက်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်း အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ယနေ့အချိန်ထိ အလောင်းလာကောက်ခြင်း မရှိသေး

ကြောင်း ဒေသသတင်းရင်းမြစ် Klo FM က သတင်းဖော်ပြသည်။

အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် ၁ ကြိမ်၊ သံပုရာရွာနှင့်

အနန်းကွင်းရွာကြားတွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး သန်းဝင်းထွန်းအပါအဝင် ၆ ဦး သေဆုံးခဲ့သည်

ဟု သိရသည်။

နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၂၈၃ ဖြစ်ပြီး

လက်နက်အတိုအရှည်အပါအဝင် ၇ လက် သိမ်းဆည်းရမိကာ ကားတစ်စီးပျက်စီးသွားကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲကျသွားခဲ့သည့် ယာယီတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအလောင်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ထိ ပြန်လည်

သယ်ဆောင်သွားခြင်းမရှိသေးဟု ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

အောက်တိုဘာလ ၂၀ ရက် ညပိုင်းတွင်လည်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ

ထပ်မံစစ်ရေးလှုပ်ရှားလာသည့်အတွက် နယ်မြေခံ KNLA တပ်နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဗိုလ်မှူး

၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိကြောင်း နယ်မြေခံ KNLA တပ်ထံမှ သိရသည်။

Zawgyi

ယာယီတပ္ရင္းမႉး ဗိုလ္မႉး သန္းဝင္းထြန္းအေလာင္း အပါအဝင္တပ္ဖြဲ႕ဝင္မ်ား၏ အေလာင္းမ်ား စစ္ေကာင္စီဘက္က လာမေကာက္ေသးဟု KNLA ေျပာ

ရန္ကုန္၊ ေအာက္တိုဘာ ၂၁

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ စစ္ေရးလႈပ္ရွားရာ ဝင္းေရး (ေရးၿမိဳ႕နယ္) အတြင္းရွိ ဘုရားသုံးဆူ-သံျဖဴဇရပ္ ကား

လမ္းအနီးတြင္ ေအာက္ တိုဘာလ ၂၀ ရက္ေန႔ KNLA တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီ ခလရ ၂၈၃ ၾကား တိုက္ပြဲ ၃ ႀကိမ္ျဖစ္ပြားခဲ့

ၿပီး စစ္ေကာင္စီဘက္မွ ယာယီတပ္ရင္းမႉး ဗိုလ္မႉး သန္းဝင္းထြန္း အပါအဝင္ ၇ ဦးေသဆုံးခဲ့ၿပီး ယေန႔အခ်ိန္ထိ အေလာင္းလာေကာ

က္ျခင္း မရွိေသးေၾကာင္း ေဒသသတင္းရင္းျမစ္ Klo FM က သတင္းေဖာ္ျပသည္။

ေအာက္တိုဘာလ ၂၀ ရက္ နံနက္ပိုင္း ဘုရားသုံးဆူ-သံျဖဴဇရပ္ ကားလမ္းေပၚရွိ ခုခံရြာႏွင့္ သံပုရာရြာၾကားတြင္ ၁ ႀကိမ္၊ သံပုရာ

ရြာႏွင့္ အနန္းကြင္းရြာၾကားတြင္ ၁ ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ယာယီတပ္ရင္းမႉး သန္းဝင္းထြန္းအပါအဝင္ ၆ ဦး ေသဆုံးခဲ့သည္ဟု သိရသည္။

နယ္ေျမခံ KNLA တပ္ဖြဲ႕ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ စစ္ေကာင္စီတပ္သည္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕အေျခစိုက္ ေျချမန္တပ္ရင္း

၂၈၃ ျဖစ္ၿပီး လက္နက္အတိုအရွည္အပါအဝင္ ၇ လက္ သိမ္းဆည္းရမိကာ ကားတစ္စီးပ်က္စီးသြားေၾကာင္း KNLA သတင္းရင္းျမစ္က ေျပာသည္။

တိုက္ပြဲက်သြားခဲ့သည့္ ယာယီတပ္ရင္းမႉးအပါအဝင္ စစ္ေကာင္စီတပ္သားအေလာင္းမ်ားကို ယေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ထိ ျပန္လည္သယ္ေဆာင္သြားျခင္းမရွိေသးဟု ေဒသသတင္းရင္းျမစ္ထံမွ သိရသည္။

ေအာက္တိုဘာလ ၂၀ ရက္ ညပိုင္းတြင္လည္း ဘုရားသုံးဆူ-သံျဖဴဇရပ္ ကားလမ္းေပၚရွိ လြတ္ရွမ္းေက်းရြာဘက္သို႔ စစ္ေကာင္စီတပ္မွ

ထပ္မံစစ္ေရးလႈပ္ရွားလာသည့္အတြက္ နယ္ေျမခံ KNLA တပ္ႏွင့္ တိုက္ပြဲ ထပ္မံ ျဖစ္ပြားၿပီး စစ္ေကာင္စီဘက္က ၁ ဦးေသဆုံးကာ ဗိုလ္မႉး ၁ ဦးအပါအဝင္ ၆ ဦး ဒဏ္ရာရရွိေၾကာင္း နယ္ေျမခံ KNLA တပ္ထံမွ သိရသည္။