ၾကားသိသမွ်

နောက်တပတ်အတွင်းမှာ နာမည်ပြောင်းလဲသွားဖို့ ပြင်ဆင်နေတဲ့ Facebook

နောက်တပတ်အတွင်းမှာ နာမည်ပြောင်းလဲသွားဖို့ ပြင်ဆင်နေတဲ့ Facebook

မာ့ခ်ဇူကာဘာ့ဂျ် နဲ့ အက်ဒွါဒိုဆာဗီရင်တို့ ပူးတွဲတည် ထောင်ခဲ့တဲ့ Facebook ဟာ လာမယ့်အပတ်ထဲမှာ ကုမ္ပဏီနာမည်ပြောင်းလဲသွားဖွယ်

ရှိတယ်လို့ သိရပါတယ်။၂၀၀၄ ခုနှစ်မှာ အမေရိကန်တက္ကသိုလ်ကျောင်း သားလေးတွေက တီထွင်ခဲ့ပြီး ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခု

အဖြစ် ရပ်တည်ခဲ့ကာ အချမ်းသာဆုံးကုမ္ပဏီစာရင်းဝင်တဲ့အထိ ကြီးထွားလာခဲ့တဲ့ ဖြစ်ပါတယ်။

မူလက harvard.edu ဆိုတဲ့ အီးမေးလ်လိပ်စာရှိသူတွေအတွက်သာ ရည်ရွယ်ပြုလုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မာ့ဇူကာဘာ့ဂျ်က

ဒီနေ့ခေတ် အားလုံးသိထားကြတဲ့ Facebook ကို မွေးဖွားပေးခဲ့ပါတယ်။The Verge ရဲ့ ဖော်ပြချက်အရဆိုရင် Facebook က ဒစ်ဂျစ်တယ်

VR တစ်ခုကို ပြုလုပ်ဖို့စီစဉ်ထားပြီး ဥရောပမှာ အလုပ်အကိုင်ပေါင်းသောင်းနဲ့ချီကာ ခေါ်ယူဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ နေ့မှာ နှစ်စဉ်ကျင်းပနေကျ Connect ကွန်ဖရင့်ကို ကျင်းပသွားဖို့ရှိနေပြီး ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့ခ်ဇူကာ

ဘာ့ဂျ်က နာမည်သစ်ကို ကြေညာဖွယ်ရှိနေပါတယ်။နာမည်အသစ်ကိုတော့ တိတိကျကျမသိရသေးဘဲ The Verger အဆိုအရ Horizon

ဆိုတဲ့ နာမည်ဖြစ်နိုင်ချေများတယ်လို့ သိရပြီး ဒါဟာ VR Headset တွေအတွက် Horizon Workrooms app bet ဗားရှင်းကို ထုတ်လုပ်

ထားပြီး အဆိုပါနာမည်နဲ့ပဲ metaverse tools တွေကို ဖန်တီးထားလို့ အခုလိုယူဆနေတာဖြစ်ပါတယ်။

Metaverse ဆိုတာကတော့ VR မျက်မှန်လို အထူးဖန်တီးထားတဲ့ AR/VR headware တွေနဲ့ 3D ပုံရိပ်ယောင်ရပ်ဝန်းတစ်ခုကို ဆိုလိုတာ

ဖြစ်ပါတယ်။ နာမည်သစ်ကို လျှို့ဝှက်ထားတယ်လို့သိရပြီး Facebook က ထုတ်လွှင့်နေတဲ့ VR အွန်လိုင်းဂိမ်း Horizon နဲ့ ဆက် စပ်နိုင်

တယ်လို့ ထင်ကြေးပေးနေကြတာလည်းဖြစ်ပါတယ်။
TRNs

Zawgyi

ေနာက္တပတ္အတြင္းမွာ နာမည္ေျပာင္းလဲသြားဖို႔ ျပင္ဆင္ေနတဲ့ Facebook

မာ့ခ္ဇူကာဘာ့ဂ်္ နဲ႔ အက္ဒြါဒိုဆာဗီရင္တို႔ ပူးတြဲတည္ ေထာင္ခဲ့တဲ့ Facebook ဟာ လာမယ့္အပတ္ထဲမွာ ကုမၸဏီနာမည္ေျပာင္းလဲ

သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။၂၀၀၄ ခုႏွစ္မွာ အေမရိကန္တကၠသိုလ္ေက်ာင္း သားေလးေတြက တီထြင္ခဲ့ၿပီး ကမၻာေက်ာ္လူမႈကြန္ရက္တစ္ခုအျဖစ္ ရပ္တည္ခဲ့ကာ အခ်မ္းသာဆုံးကုမၸဏီစာရင္းဝင္တဲ့အထိ ႀကီးထြားလာခဲ့တဲ့ ျဖစ္ပါတယ္။

မူလက harvard.edu ဆိုတဲ့ အီးေမးလ္လိပ္စာရွိသူေတြအတြက္သာ ရည္ရြယ္ျပဳလုပ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ မာ့ဇူကာဘာ့ဂ်္က ဒီေန႔ေခတ္ အားလုံးသိထားၾကတဲ့ Facebook ကို ေမြးဖြားေပးခဲ့ပါတယ္။The Verge ရဲ့ ေဖာ္ျပခ်က္အရဆိုရင္ Facebook က ဒ

စ္ဂ်စ္တယ္ VR တစ္ခုကို ျပဳလုပ္ဖို႔စီစဥ္ထားၿပီး ဥေရာပမွာ အလုပ္အကိုင္ေပါင္းေသာင္းနဲ႔ခ်ီကာ ေခၚယူဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ ၂၈ ေန႔မွာ ႏွစ္စဥ္က်င္းပေနက် Connect ကြန္ဖရင့္ကို က်င္းပသြားဖို႔ရွိေနၿပီး ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္မာ့ခ္ဇူ

ကာဘာ့ဂ်္က နာမည္သစ္ကို ေၾကညာဖြယ္ရွိေနပါတယ္။နာမည္အသစ္ကိုေတာ့ တိတိက်က်မသိရေသးဘဲ The Verger အဆိုအရ Horizon ဆို

တဲ့ နာမည္ျဖစ္နိုင္ေခ်မ်ားတယ္လို႔ သိရၿပီး ဒါဟာ VR Headset ေတြအတြက္ Horizon Workrooms app bet ဗားရွင္းကို ထုတ္လုပ္ထားၿပီး အဆိုပါနာမည္နဲ႔ပဲ metaverse tools ေတြကို ဖန္တီးထားလို႔ အခုလိုယူဆေနတာျဖစ္ပါတယ္။

Metaverse ဆိုတာကေတာ့ VR မ်က္မွန္လို အထူးဖန္တီးထားတဲ့ AR/VR headware ေတြနဲ႔ 3D ပုံရိပ္ေယာင္ရပ္ဝန္းတစ္ခုကို ဆိုလိုတာျဖ

စ္ပါတယ္။ နာမည္သစ္ကို လၽွို႔ဝွက္ထားတယ္လို႔သိရၿပီး Facebook က ထုတ္လႊင့္ေနတဲ့ VR အြန္လိုင္းဂိမ္း Horizon နဲ႔ ဆက္ စပ္နိုင္တယ္လို႔ ထင္ေၾကးေပးေနၾကတာလည္းျဖစ္ပါတယ္။
TRNs