ဘုရားပေါ်မှာပျော်နေတဲ့ပိုစ့်ကို ဝင်တားတဲ့PDFကလေးတစ်ယောက်ရဲ့ Comment ကို Reply ပြန်ပေးထားတာ
“ဘယ်သူကမင်းတို့ တောခိုခိုင်းလို့လဲ” ဆိုတဲ့စကားကရင်ဘတ်ထဲအနာဆုံးပဲ။ဘယ်သူမှတောမခိုခိုင်းပါဘူး။ပြည်သူအားလုံး ဒီမတရားမှုက
လွတ်မြောက်ဖို့ကိုယ် တိုင်တာဝန်သိစိတ်၊ခံယူချက်အပြည့်နဲ့အားလုံး စွန့်လွှတ်ပြီး တောခိုခဲ့တာပါ။
ပုံတွေတင်ကြတယ် ဘုရားတွေသွားကြလာကြတယ်။သူများပျော်နေတာမြင်ရင်ကျွန်တော်တို့လဲ ပျော်ချင်ပါတယ်။လူစုလူဝေးစည်ကားရာ
နေရာများမှာ မသမာသူများက PDFအသွင်ယူပြီးဖောက်ခွဲသွားရင် ပြည်သူ့အသက်များ စိုးရိမ်မိလို့ပါ။
အပစ်မရှိတဲ့ပြည်သူတွေ ထပ်မဆုံးရှုံးစေချင်တော့ဘူး။သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်ရတဲ့မိဘနှစ်ပါး(အမွေပြတ်စွန့်လွတ်ထား
သူ)အပါအဝင် ဆရာ၊ဆရာမများနှင့် ဓမ္မဘက်မှရပ်တည်ပေးသောမိမိထက်စက္ကန့်ပိုင်းမှစ၍ ကြီးသောသူအားလုံးကိုရိုသေလေးစား၊
ဦးထိပ်ထား၍ ကျွန်တော် တောထဲတစ်နေရာကဆီမီး ပူဇော် ကန်တော့လိုက်ပါတယ်🙏
ကာယကံ၊ဝဇီကံ၊မနောကံ တပါးပါးသောကံနှင့်ပစ်မှားကျူးလွန်မိခဲ့သော် ထိုအပစ်တို့မှခွင့်လွှတ်ပေးပါ။ကန်တော့နေတဲ့ပိုစ့်တွေတက်လာရင်
ပိုဝမ်းနည်းရတယ် ဘာလိုလဲ သိလား❓အမွေပြတ်စွန့်ထားတဲ့ကျွန်တော့်အမေလဲ သူ့သားလာကန်တော့မယ့်အချိန်မုန့်ဖိုးပေးဖို့ 1000 တန်
အနွမ်းလေးကိုင်ပြီး မျှော်ချင် မျှော်နေမှာပဲလို့ထင်မိတယ်။…
မျက်ရည်မကျဖို့ကို ထိန်းထားကြည့်သေးတယ်။ဒါပေမယ့်မရဘူး ကျသွားတယ်။ပျော်စရာမဟုတ်ပဲ ပျော်နေကြတဲ့နေ့ရက်တွေရောက်တိုင်း
ကျွန်တော်တို့တို့မျက်ရည်တွေ ဆက်ကျနေအုံးမှာပဲ။
Zawgyi
ဘုရားေပၚမွာေပ်ာ္ေနတဲ့ပိုစ့္ကို ဝင္တားတဲ့PDFကေလးတစ္ေယာက္ရဲ့ Comment ကို Reply ျပန္ေပးထားတာ
“ဘယ္သူကမင္းတို႔ ေတာခိုခိုင္းလို႔လဲ” ဆိုတဲ့စကားကရင္ဘတ္ထဲအနာဆုံးပဲ။ဘယ္သူမွေတာမခိုခိုင္းပါဘူး။ျပည္သူအားလုံး ဒီမတရားမႈက
လြတ္ေျမာက္ဖို႔ကိုယ္ တိုင္တာဝန္သိစိတ္၊ခံယူခ်က္အျပည့္နဲ႔အားလုံး စြန႔္လႊတ္ၿပီး ေတာခိုခဲ့တာပါ။
ပုံေတြတင္ၾကတယ္ ဘုရားေတြသြားၾကလာၾကတယ္။သူမ်ားေပ်ာ္ေနတာျမင္ရင္ကၽြန္ေတာ္တို႔လဲ ေပ်ာ္ခ်င္ပါတယ္။လူစု
လူေဝးစည္ကားရာေနရာမ်ားမွာ မသမာသူမ်ားက PDFအသြင္ယူၿပီးေဖာက္ခြဲသြားရင္ ျပည္သူ႔အသက္မ်ား စိုးရိမ္မိလို႔ပါ။
အပစ္မရွိတဲ့ျပည္သူေတြ ထပ္မဆုံးရႈံးေစခ်င္ေတာ့ဘူး။သီတင္းကၽြတ္လျပည့္ေန႔ေလးမွာ ခ်စ္ရတဲ့မိဘႏွစ္ပါး(အေမြျပတ္စြန႔္လြတ္ထား
သူ)အပါအဝင္ ဆရာ၊ဆရာမမ်ားႏွင့္ ဓမၼဘက္မွရပ္တည္ေပးေသာမိမိထက္စကၠန႔္ပိုင္းမွစ၍ ႀကီးေသာသူအားလုံးကိုရိုေသေလးစား၊
ဦးထိပ္ထား၍ ကၽြန္ေတာ္ ေတာထဲတစ္ေနရာကဆီမီး ပူေဇာ္ ကန္ေတာ့လိုက္ပါတယ္🙏
ကာယကံ၊ဝဇီကံ၊မေနာကံ တပါးပါးေသာကံႏွင့္ပစ္မွားက်ဴးလြန္မိခဲ့ေသာ္ ထိုအပစ္တို႔မွခြင့္လႊတ္ေပးပါ။ကန္ေတာ့ေနတဲ့ပိုစ့္ေတြတ
က္လာရင္ပိုဝမ္းနည္းရတယ္ ဘာလိုလဲ သိလား❓အေမြျပတ္စြန႔္ထားတဲ့ကၽြန္ေတာ့္အေမလဲ သူ႔သားလာကန္ေတာ့မယ့္အခ်ိန္မုန႔္ဖိုးေပး
ဖို႔ 1000 တန္အႏြမ္းေလးကိုင္ၿပီး ေမၽွာ္ခ်င္ ေမၽွာ္ေနမွာပဲလို႔ထင္မိတယ္။…
မ်က္ရည္မက်ဖို႔ကို ထိန္းထားၾကည့္ေသးတယ္။ဒါေပမယ့္မရဘူး က်သြားတယ္။ေပ်ာ္စရာမဟုတ္ပဲ ေပ်ာ္ေနၾကတဲ့ေန႔ရက္ေ
တြေရာက္တိုင္းကၽြန္ေတာ္တို႔တို႔မ်က္ရည္ေတြ ဆက္က်ေနအုံးမွာပဲ။