နိုင်ငံခြား အရန်ငွေ ၆ ဘီလျံရှိပြီး ငွေကြေးတည်ငြိမ်စေရန် အတွက် အစွမ်းကုန်ကြိုးစားနေဟုဆို
လတ်တလော အကျပ်အတည်းကာလအတွင်း စီးပွားရေးကိုပံ့ပိုးနိုင်ရန် အစွမ်းကုန်ကြိုးစားနေတယ်လို့ နစကအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက
ရိုက်တာသတင်းဌာနကိုပြောဆိုထားပါတယ်။တပ်မှအာဏာရယူခဲ့ပြီးနောက်တွင် ငွေကြေးဖောင်းပွမှုသည် ၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး
လက်ရှိတွင် ဗဟိုဘဏ်၏ငွေလဲလှယ်နှုန်းအရ ကျပ်ငွေ ၁၁ ထရီလီယံနှင့်ညီမျှသော အရန်နိုင်ငံခြားငွေ ကန်ဒေါ်လာ ၆.၄ ဘီလျံရှိကြောင်း
နစက၏ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဦးအောင်နိုင်ဦးကအင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းဌာနအား
ဖြေကြားထားပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က ဗဟိုဘဏ်က စံချိန်တင် ကန်ဒေါ်လာ သန်း ၅၀ ကို ပျမ်းမျှငွေလဲနှုန်း ၁၈၂၀ ကျပ်ဖြင့် ရောင်းချပေးခဲ့တယ်
လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အောက်တိုဘာလ ၂၀ ရက်နေ့အထိ နိုင်ငံခြားငွေလဲနှုန်းမှာ ပြင်ပဈေးကွက် အမေရိကန်တစ်ဒေါ်လာ ဝယ်ဈေး ၂၀၀၅ ကျပ်၊
ရောင်းဈေး ၂၀၄၅ ထိရောက်ရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားကို ၁၈ သိန်းကျော် ရောက်ရှိနေပါတယ်။
Zawgyi
နိုင္ငံျခား အရန္ေငြ ၆ ဘီလ်ံရွိၿပီး ေငြေၾကးတည္ၿငိမ္ေစရန္ အတြက္ အစြမ္းကုန္ႀကိဳးစားေနဟုဆို
လတ္တေလာ အက်ပ္အတည္းကာလအတြင္း စီးပြားေရးကိုပံ့ပိုးနိုင္ရန္ အစြမ္းကုန္ႀကိဳးစားေနတယ္လို႔ နစကအစိုးရအဖြဲ႕ဝန္ႀကီးတစ္
ဦးက ရိုက္တာသတင္းဌာနကိုေျပာဆိုထားပါတယ္။တပ္မွအာဏာရယူခဲ့ၿပီးေနာက္တြင္ ေငြေၾကးေဖာင္းပြမႈသည္ ၅ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္ခဲ့ၿပီး
လက္ရွိတြင္ ဗဟိုဘဏ္၏ေငြလဲလွယ္ႏႈန္းအရ က်ပ္ေငြ ၁၁ ထရီလီယံႏွင့္ညီမၽွေသာ အရန္နိုင္ငံျခားေငြ ကန္ေဒၚလာ ၆.၄ ဘီလ်ံရွိေၾကာင္း
နစက၏ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဦးေအာင္နိုင္ဦးကအင္တာဗ်ဴးတစ္ခုတြင္ ရိုက္တာသတင္းဌာနအားေျဖၾကားထားပါတယ္။
ေအာက္တိုဘာလ ၁၈ ရက္ေန႔က ဗဟိုဘဏ္က စံခ်ိန္တင္ ကန္ေဒၚလာ သန္း ၅၀ ကို ပ်မ္းမၽွေငြလဲႏႈန္း ၁၈၂၀ က်ပ္ျဖင့္ ေရာင္းခ်ေပးခဲ့တယ္လို႔ထုတ္ျပန္ထားပါတယ္။
လက္ရွိမွာ ေအာက္တိုဘာလ ၂၀ ရက္ေန႔အထိ နိုင္ငံျခားေငြလဲႏႈန္းမွာ ျပင္ပေဈးကြက္ အေမရိကန္တစ္ေဒၚလာ ဝယ္ေဈး ၂၀၀၅ က်ပ္၊ ေရာင္းေဈး ၂၀၄၅ ထိေရာက္ရွိေနၿပီး အေခါက္ေရႊတစ္က်ပ္သားကို ၁၈ သိန္းေက်ာ္ ေရာက္ရွိေနပါတယ္။