အမေရိကန်နိုင်ငံခြားရေးဌာနအတွင်းဝန် Derek Chollet ဟာ ထိုင်းမှာ မြန်မာကို လူမှုရေးအကူအညီပေးဖို့ ဆွေးနွေးခဲ့ပြီးနောက် စင်ကာပူ
မှာလဲ အရေးပါတဲ့ကိစ္စတခုကို ဆွေးနွေးခဲ့ပါတယ်။ အဲဒါကတော့ အဘတို့နဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားငွေကြေးတွေကို ထိန်းချုပ်လိုက်ဖို့ပါပဲ။
မြန်မာပြည်က ခရိုနီတွေ အပါအဝင် သူဌေးအတော်များများဟာ စင်ကာပူမှာ အိမ်၊ ခြံ၊ မြေနဲ့ ငွေကြေးပိုင်ဆိုင်ကြတာတွေရှိပါတယ်။ တချို့
စင်ကာပူ Conpany တွေကလဲ တွဲဖက်လုပ်ကိုင်တဲ့လုပ်ငန်းအချို့ကို Black List အသွင်းခံရမှာကြောက်လို့ ဆက်မလုပ်တော့ပဲ
လက်တွဲဖြုတ်တာတွေရှိနေပါတယ်။
ဒီတချက်ကလဲ အတော်အထိနာစေမယ့်အချက်ဖြစ်ပြီး ဘယ်လိုအနေအထားတွေထိ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။ စင်ကာပူဟာ
မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအများဆုံး လုပ်ထားတဲ့ နိုင်ငတွေထဲက တခုပါ။ အမေရိကန်ကတော့ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာ
ပြီး ထိုသံတမန်အဖွဲ့ဟာ အင်ဒိုနီးရှားကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
မနေ့က ဦးကျော်မိုးထွန်းကို ဆုချီးမြှင့်ပွဲကို ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက် ဒီမို
ကရက်တစ်ကော ရီပတ်ဘလီကန်ပါ မြန်မာ့အရေးကို ပါဝင်လုပ်ကိုင်ပေးနေကြတာ ထင်ရှားပါတယ်။ ဒါ့အပြင် အိမ်ဖြူတော်ကလဲ အာဆီယံ
ရဲ့ မြန်မာ့အရေးလုပ်ဆောင်မှုတွေဟာ ကြိုးစားပေမယ့် လုံလောက်တဲ့အဆင့် မရှိသေးလို့ ဒီထက်ပိုလုပ်ဖို့လိုမယ်လို့ မနေ့က ပြောလိုက်ပါတယ်။
Nay Thway
Zawgyi
အေမရိကန္နိုင္ငံျခားေရးဌာနအတြင္းဝန္ Derek Chollet ဟာ ထိုင္းမွာ ျမန္မာကို လူမႈေရးအကူအညီေပးဖို႔ ေဆြးေႏြးခဲ့ၿ
ပီးေနာက္ စင္ကာပူမွာလဲ အေရးပါတဲ့ကိစၥတခုကို ေဆြးေႏြးခဲ့ပါတယ္။ အဲဒါကေတာ့ အဘတို႔နဲ႔ ဆက္ႏႊယ္တဲ့ နိုင္ငံျခားေငြေၾကးေတြကို ထိန္းခ်ဳပ္လိုက္ဖို႔ပါပဲ။
ျမန္မာျပည္က ခရိုနီေတြ အပါအဝင္ သူေဌးအေတာ္မ်ားမ်ားဟာ စင္ကာပူမွာ အိမ္၊ ၿခံ၊ ေျမနဲ႔ ေငြေၾကးပိုင္ဆိုင္ၾကတာေတြရွိပါတ
ယ္။ တခ်ိဳ႕စင္ကာပူ Conpany ေတြကလဲ တြဲဖက္လုပ္ကိုင္တဲ့လုပ္ငန္းအခ်ိဳ႕ကို Black List အသြင္းခံရမွာေၾကာက္လို႔ ဆက္မလုပ္ေတာ့ပဲ လက္တြဲျဖဳတ္တာေတြရွိေနပါတယ္။
ဒီတခ်က္ကလဲ အေတာ္အထိနာေစမယ့္အခ်က္ျဖစ္ၿပီး ဘယ္လိုအေနအထားေတြထိ ဆက္ျဖစ္မလဲ ေစာင့္ၾကည့္ရမွာပါ။ စင္ကာပူဟာ ျမန္မာနိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမႈအမ်ားဆုံး လုပ္ထားတဲ့ နိုင္ငေတြထဲက တခုပါ။
အေမရိကန္ကေတာ့ ျမန္မာ့အေရးမွာ ထဲထဲဝင္ဝင္ ပါဝင္လာၿပီး ထိုသံတမန္အဖြဲ႕ဟာ အင္ဒိုနီးရွားကို ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။
မေန႔က ဦးေက်ာ္မိုးထြန္းကို ဆုခ်ီးျမႇင့္ပြဲကို ရီပတ္ဘလီကန္ေခါင္းေဆာင္ Mitch McConnell ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့အတြက္ ဒီမိုကရက္တစ္ေကာ ရီပတ္ဘလီကန္ပါ ျမန္မာ့အေရးကို ပါဝင္လုပ္ကိုင္ေပးေနၾကတာ ထင္ရွားပါတယ္။
ဒါ့အျပင္ အိမ္ျဖဴေတာ္ကလဲ အာဆီယံရဲ့ ျမန္မာ့အေရးလုပ္ေဆာင္မႈေတြဟာ ႀကိဳးစားေပမယ့္ လုံေလာက္တဲ့အဆင့္ မရွိေသးလို႔ ဒီထက္ပိုလုပ္ဖို႔လိုမယ္လို႔ မေန႔က ေျပာလိုက္ပါတယ္။
Nay Thway