၅၀၅(က) စာရင်းမှ ဖယ်ရှားခံရသော်လည်း သူမတင် လာတဲ့ ခံစားချက်အပြည့်နဲ့ ပိုစ့်တခုကြောင့် ပရိတ်သတ် တွေ စိတ်ပူစေခဲ့တဲ့ မင်းသမီး
ချောလေး ခင်ဝင့်ဝါ
မင်းသမီးချောလေး ခင်ဝင့်ဝါဆိုရင်တော့ ပရိတ်သတ်တွေတိုင်းက တမ်းတမ်းစွဲချစ်ခင်အားပေးရလောက်အောင်ကို လှပပြီး တကယ် ထူးချွန်
တဲ့ အမျိုးသမီးလေးဆိုတာ အားလုံးကသိကြမှာပါ။သူမဟာ အလှမယ်အဖြစ် အနုပညာလောကကို စတင်ဝင်ရောက်လာသူဖြစ်ပြီး နောက်
ပိုင်းမှာ သရုပ်ဆောင်နှင့် မင်းသမီး အဖြစ် အနုပညာလုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ရာမှ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အ
ပြည့်အဝရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံအား အာဏာထိန်းချုပ်ခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှစတင်ကာ ပြည်သူနှင့်တစ်သားတည်း နိုင်ငံရေးလှုပ်ရှားမှုများတွင်
ပါဝင် လှုပ်ရှားတော်လှန်ခဲ့တဲ့ ပြည်သူ့မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ထိုကဲ့သို့သော တက်ကြွစွာပါဝင်လှုပ်ရှားမှုများကြောင့် အဝေးတစ်
နေ ရာသို့ရှောင်တိမ်းနေခဲ့ရတာ ကာလအတော်အသင့်ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
သူမဟာ ယမန်နေ့အောက်တိုဘာ(၁၈)ရက်နေ့က သူမရဲ့ Facebook စာမျက်နှာမှာ သူမဟာ စာသားလေးတစ်ခုကို ခံစားချက်အပြည့်နှင့်
ရေး သားဖော်ပြခဲ့တာဖြစ်ပါတယ်။သူမ ရေးသားထားတာကတော့ “ငါ့ရဲ့ ဘဝကို ဘယ်လိုပုံစံနဲ့ ဆက်သွားရဦးမလဲဆိုတာတော့ ကြည့်ချင်
သေးတယ်..ဒါကလည်းအရမ်းတော့မျှော်လင့်ထားတဲ့အရာမဟုတ်ပါဘူး..ခုတော့ဘဝက ရိုလာကိုစတာပေါ်ရောက်နေသလိုပဲ ရင်ခုန်နေရပြီး
တော့ဒီလိုအရာကိုပဲ ဆက်ခံစားကြည့်ချင်သေးတယ်”ဆိုတဲ့
အဓိပ္ပာယ်ရတဲ့ စာသားတစ်ချို့နဲ့ သူမရဲ့ အရေပြားများကွာနေတဲ့ လက်ပုံလေး ကို တင်ထားခဲ့တာဖြစ်ပါတယ်။ ယမန်နေ့က ထွက်လာတဲ့
၅၀၅(က)မှ ဖျက်သိမ်းခံခဲ့ရတဲ့ အနုပညာရှင်အချို့တွင် သူမ ပါဝင်လာခဲ့သော်လည်း သူမရဲ့ ဒီပို့စ်ကြောင့် သူမရဲ့ ပရိတ်သတ်အချို့က သူမ
အတွက် စိတ်မကောင်းဖြစ်ပြီး စိုးရိမ်နေခဲ့ကြပါတယ်။
Crd : MM LOad