“သမိုင်းသစ်ရေးမည့်လက်များ”
“ကမ္ဘာကြီးက ဘယ်သတင်းမျိုးမှ ခံတွင်းလိုက်နေတာတဲ့ လဲ”မြို့ပြလမ်းမှာပြောက်ကျားသပိတ်ထဲပါနိုင်သလောက် ပါ
ဓာတ်ပုံလည်း ရိုက်ရွာကိုမြေလှန်မီးရှို့ခံရတော့ဖုန်းစုတ်လေးနဲ့ရိုက်ပို့တယ်(နိုင်ငံသားသတင်းသမား)
ကမ္ဘာမြေတနေရာက ၊ဒါကိုရရှိကြောင်းအကြောင်းပြန် အမှုတွဲ ဖိုင်အသစ်ဖွင့်ပြီ ။ဘယ်လမ်းထဲ စခဘယ်နှစင်း ဝင်လာ
ဘယ်လောက်ပါတယ်တွေ့ လို့တင်၊share ချင်သူတွေနဲ့ ပြည်တွင်းပြည်ပ၊ညီညာနိုင်သောလက်တွေရဲ့ ကျက်သရေ ရှိတဲ့ဝါကျများ
၂၁ရာစုမှာ ကြည်းရေလေစစ်တပ်ကြီးကိုတူမီးနဲ့တော်လှန်တာဘယ်နိုင်ငံမှာ ကြုံဖူးလဲဘယ်သမိုင်းမှာ သင်ဘူးလဲ ။
“နိုင်ငံခြားမှာ ကိုယ့်ပညာနဲ့ကိုယ်နေနိုင် စားနိုင် ဂေါက်ရိုက်ပြနေရာက
ကောက်စိုက်သမတွေလို တကုန်းကုန်းဘာတွေ ကြော်လှော်ချက်နေသတုန်း “လစဥ် ဒေါ်လာတစ်ထောင် လှူရလည်း
အားမရနိုင်ပေါင် ဆိုမှတော့ညိုမြတို့ ဉာဏ်များပုံ တသက်လုံး လင်နဲ့သားတွေကို ကြက်ဥသာ ကြော်ကျွေးတဲ့ မိန်းမက
ခုတော့ရံပုံငွေ စျေးရောင်းပွဲမှာကမ္ဘာမှာ မရှိဖူးတဲ့ မီနူးအသစ်တဲ့
ငါးဆိုရင် ငါးမြင်း ငါးဒန် ကကတစ်လိုငါးသလဲထိုး ခုတ်သားရှိတယ် ထင်သူကမီနူးအသစ်ထွင်ချလိုက်ပြီ
ရှင်က နယ်စပ်ပို့ကျွန်မက အတွင်းနဲ့ CDM ပို့မယ်ဇနီးမောင်နှံ ကိုယ်သန်ရာ ကိုယ် ပို့ အလစ်မှာ နည်းနည်း ပိုပို ပို့ ။
ကိုဗစ်တုန်းက ဝယ်စုထားသမျှ အစားအစာတွေ၊
အဖေ့အိမ် ပို့မယ့်အထုပ်တွေ၊ဟိုမှာ ခလေးတွေ ခက်နေပြီ ဆိုတာနဲ့ ယူစေ၊ လှူစေပူ မနေဘူးနောက်တခါ ပြန်ဝယ်တယ် ဟေ့
နောက်တနေရာ လိုပြန်ပြီဟေ့လှူသဟေ့ ယူလေ့ ယာဂု ထမနဲ အိုးကြီးကွဲမှလှူတာမဟုတ် သဒ္ဓါကြည်ဖြူဆိုတာဒါကိုခေါ်တာ
Fund Raising မှာလက်လွန် ကြက်သွန်တွေ ခဏခဏဒီကိစ္စနဲ့ ပတ်သက်ပြီး လင်မယား သတ်ရလည်းတန်ပါတယ် တဲ့ ။
“အသုံးအဖြုန်းကြီး ငါ့သမီး၊ကပ်စီး ဘာကြောင့်နည်း သွားရ”“မရှိမဖြစ်ကလွဲရင် ဘာမှ ဇိမ်ခံ မဝယ်တော့ဘူး
လှူစရာတွေအများကြီးမှာတယောက်ထဲ ကောင်းကောင်းစား၊ လှလှလေး နေရတာလိပ်ပြာမလုံပါဘူး အမေရာ “ဒီလိုသမီး အများကြီး ။
ထီလက်မှတ်တွေ ရောင်းမယ်ဟေ့၊(ဝယ်ဒေဟေ့)၂ရက်ဖယ်တစ်ကပ် ရောင်းတယ်ဟေ့၊
(ဝယ်ဒေဟေ့)၂မပေါက်လဲပျော်၊ပေါက်လဲပျော်လှူဖြစ်ခြင်းသာ ဒို့လိုရင်းကွအမိမြေကိုချစ်ခြင်းများနဲ့ ပြည်သူတွေ ။
ပလပ်စတစ်အိပ်လေးတထွာတညှို့ထဲအကိုက်အခဲပျောက်ဆေး၊ပိုးသတ်ဆေးနဲ့ပလပ်စတာဓာတ်ဆားထုပ်နဲ့ မုန့်ခြောက်ပါတယ်
ပိုက်ဆံကလေး ငါးထောင်(၁)သောင်းလည်း ပါသပေါ့ဘယ်ကမွေးမွေး – ဒို့ကလေးပဲကလေးတွေလာရင်ပေးချင်လို့တဲ့
ဪ…..ဒို့ပြည်သူတွေ…..ပြည်သူတွေ ။” အဲဒီက အားဆေးသည်၊ အားပေးမယ်” တဲ့ ဗီတာမင်အပြည့်နဲ့ စကားတွေ
စိတ်မကျနဲ့ ပြန်တင်လှဲ့ … Live လွှင့်ပြီးတွဲခေါ်ပြီ ခရီးကြမ်းမှာ ဘယ်သူ့ကိုမှ လဲကျန် မခံအရတွဲထူ ကမ်းခေါ်ယူပြီ ပြည်သူတွေ ပြည်သူတွေ
မြတ်သောပြည်သူတွေ … ။“CDMသားသမီးများကို အခမဲ့သင်ပေးပါရစေ”အွန်လိုင်းသင်တန်းနဲ့စေတနာဝန်ထမ်းတွေ ပြည်သူတွေ ပြည်
သူတွေ မြတ်သောပြည်သူတွေ … ။Click to donate တဲ့ကလစ်နှိပ်ပြီး ကူငွေရှာကြတဲ့အခါကွန်ပြူတာလက်တော့ပ်တွေပတ်လည်
ထောင်သားသမီးတောင်ဂရုမစိုက်နိုင်လည်း ကလေးတွေ၀မ်းမနည်းဘူး
ကြေကွဲစရာတွေ
သူတို့ခေတ်အထိ အရောက်မခံ နည်းပညာနဲ့အာခံနေတာ သူတို့သိတယ်ဒါကမြို့လည်ခေါင် လေးဘက်ထောက် အကန်ခံရတဲ့
မိန်းကလေးတယောက်ရဲ့ ဂုဏ်သိက္ခာအတွက်ဒါကလက်သုံးချောင်းထောင်ရင်း ဖူးယောင်နေတဲ့မျက်နှာက ထီမထင်မျက်လုံးတွေနဲ့
လဲကျသွားတဲ့ သားနှစ်ယောက်အတွက်ခံပြင်းတဲ့မျက်ရည်၊ မာန်တင်းတဲ့မျက်ရည် သမိုင်းသစ်ရေးမယ့်လက်တွေ…. ။
ကျွန်းနိုင်ငံကလေးမှာ အိမ်အကူအလုပ် လုပ်ရရှာသူ ကလေးမ
(၁)ပတ်မှာ(၁)ရက်နားရက်ရတာကိုအိမ်အကူ လာလုပ်ပေးပါရစေလှူချင်လွန်းလို့ပါတဲ့နာရီပိုင်းအတွင်းခေါ်သူအပြည့်
လူငယ်လေးတွေကလည်း
အဲကွန်းပြင်တတ်တယ်လုပ်အားခပြန်လှူချင်လို့”ခေါ်ပါဗျို့”ဆိုတာနဲ့ မိနစ်ပိုင်းအတွင်းဝိုင်းခေါ်ကြ ၀န်းရံပြည်သူတွေ… ။
ဒီလိုညီတဲ့ပြည်သူတွေဘယ်တော်လှန်ရေးမှာ ရှိဖူးကြလဲဘယ်သမိုင်းမှာ ကြားဖူးကြလဲ ဘယ်မှာနေနေ ဘယ်ရေသောက်သောက်
ဘယ်လောက်ဝေးဝေး သွေးမအေးဘူး”အရေးကြီးပြီ ညီနောင်အပေါင်းတို့” တစ်ယောက်ခေါ်ရာ၊ ရာထောင်သိန်းသန်း
ကုဋေကဋာ လက်ဆန့်တန်းပြီ ဘာမဆိုငါတို့လက်နဲ့ မီတယ်”သမိုင်းသစ်ရေးတယ်”ဆိုတာ တင်စားတာမဟုတ်ဘူး
တကယ်ကို…ကမ္ဘာ့တော်လှန်ရေးသမိုင်းအသစ်ကျပ်ချွတ်ကို ရေးနေတယ် ပြည်သူတွေ မြင့်သော ပြည်သူတွေ မြတ်သော ပြည်သူတွေ… ။ ။
(ဆက်ရန်)
# မင်းကိုနိုင်