ၾကားသိသမွ်

တိရစ္ဆာန်တွေကိုအချောင်နေအချောင်စားဖြစ်အောင်လုပ်သလိုဖြစ်နေတဲ့ကုသိုလ်ယူနေမှုများ

မြန်မာတွေရဲ့ အကျင့်က အခါကြီး ရက်ကြီး ဘုရားသွားပြီးရင် ဘာလုပ်လဲ ဆိုတော့ ခိုစာကျွေးတာ၊ ငှက်လွှတ်တာ၊ လမ်းဘေးခွေးတွေ

အစာကျွေး၊ ငါးလွှတ် အရမ်းလုပ်တာဗုဒ္ဓဘာသာ အယူအဆအရဆိုရင် တိရစ္ဆာန်တွေကို ကျွေးမွေးတာ ကုသိုလ်ရတယ်ပေါ့လေ၊

အဲတော့ ဘာဖြစ်လဲ ဆိုတော့ ငှက်တွေ ခိုတွေကဒီနေရာ အစာကျွေးမှန်းသိတော့ သူ့ဘာသာပိုးကောင် မွှားကောင်တွေ ရှာမစားတော့ဘူး

လူတွေနဲ့ နီးတဲ့ ဘုရားကြို ဘုရားကြားအသိုက်ဖွဲ့ပြီး ကျွေးတာ လှည့်ပတ်စားနေတော့တာဘဲဘုရားစောင်းတန်းတွေ လူနေအိမ်တွေမှာ ချီးပါ

ချတယ်လူနေရပ်ကွက်မှာ အသိုက်ဖွဲ့တော့ သူတို့ သယ်ဆောင်လာတဲ့ အညစ်အကြေးတွေ၊ ပါချတဲ့ မစင်တွေကနေပိုးတွေ ဖြစ်တယ်၊

သက်ကြီးရွယ်အို နာမကျန်းတဲ့သူတွေကိုယ်ခံအားနည်းတဲ့ ကလေးတွေဆီ ရောဂါ ကူးတယ်ပတ်ဝန်းကျင် ညစ်ပတ်တယ်လမ်းဘေးခွေးတွေ

အစာကျွေးတယ်ကျွေးပြီးရင် ဘယ်သူမှ ပြန်မသိမ်းဘူး၊ ေခြးစားလို့မကုန္တဲ့အရိုးအရင်းတွေ စားကြွင်းစားကျန်တွေကနေတဆင့်

ကြွက်တွေက ပြန်သယ်တယ်၊ လူနေအိမ်တွေကြား လိုက်ဖြန့်တယ်၊ပိုးမွှားတွေ အကောင်ဗလောင်တွေ ဖြစ်၊ ရောဂါထူတယ်

ခွေးတွေက ဒီနေရာ အစာကျွေးမှန်းသိရင် အုပ်စုလိုက် အိမ်ဖွဲ့နေတော့ လမ်းသွားလမ်းလာတွေ

ကလေးငယ်တွေ ကိုက်မိရင် ဘယ်သူမှ တာဝန်မယူဘူး၊သူတို့ ချစ်လို့ အစာကျွေးတာက ဘေးပတ်ဝန်းကျင် ထိခိုက်တယ်ငါးတွေ လွှတ်တယ်

တခြားနေရာကနေ ငါးသားပေါက်တွေဝယ်လာပြီး ဘုရားတွေ ကန်တွေမှာလာလွှတ်တယ်၊ သူတို့ကတော့ ကုသိုလ်ရတယ်

ဆိုပေမယ့် ငါးတွေ အတွက်က သူ့ကျင်လည်ရာပတ်ဝန်းကျင်မဟုတ်တော့ အသက်ရှင်ဖို့ အစာရှာဖို့အတွက် ရုန်းကန်ရတယ်အမျိုးအစားမ

တူတဲ့ ငါးတွေပါလာရင် ဒေသခံ မျိုးရင်းတွေကို စားကုန်လို့သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးတယ်ကန်သန့်ရှင်းရေးလုပ်ပေးတဲ့ စုပ်

ခွက်ငါးတွေမြန်မာပြည် မြစ်ချောင်းအင်းအိုင်ထဲအဆမတန် မျိုးပွားလာတာ ငါးချစ်သူတွေလက်ချက် မကင်းဘူး

အာ့မျိုးတွေ လုပ်တာ ဘယ်နိုင်ငံမှာမှမတွေ့ဖူးဘူး၊ တိုးတက်တဲ့ နိုင်ငံတွေကလမ်းဘေး ခွေးစာ ကြောင်စာ ငှက်စာ

ကျွေးဖို့ မပြောနဲ့ ကျွေးတာ မိရင် ဒဏ်ငွေရိုက်တယ်ထောင်ချတယ်၊ ဂေဟစနစ် ပျက်စီးမှာ စိုးလို့ ထိန်းသိမ်းတာစောင်ကျိုးနည်း ဗုဒ္ဓဘာသာ

တွေ များတဲ့နိုင်ငံမှာဘဲ တလွဲအတွေးအခေါ် အယူအဆတွေနဲ့ကိုယ်ကုသိုလ်ရရင် ပြီးရော သူများဘာဖြစ်ဖြစ် ပြီးစလွယ်လုပ်တာအဲ့ဒါနဲ့

ပတ်သက်ပြီးလွန်ခဲ့တဲ့ လက Jakarta post သတင်းစာမှာပါတဲ့ သတင်းတခု ပြောရအုံးမယ်အင်ဒိုနီးရှား ဘာလီကျွန်းဘက်မှာ

ကိုဗစ်မဖြစ်ခင်တုန်းက ကမ္ဘာ လှည့်ခရီးသွားတွေလာလည်ကြတော့ ဒေသခံ ကျေးရွာတွေ.လူနေမှု

စနစ်တွေ လိုက်ကြည့်၊ ရိုးရာအနုပညာတွေခံစား၊ အနားနီးတဲ့ တောတောင်တွေထဲဝင်

မျောက်တွေ တွေ့တော့ တယောက်စ နှစ်ယောက်စ ငှက်ပျောသီးတွေ ယူလာအစာကျွေးရာကနေ စောင်ကျင့်ပါပြီး

မျောက်တွေကလဲသူ့သဘာဝ အတိုင်း သစ်သီးသစ်ဥတွေမရှာစားတော့ဘဲ အရလွယ်တဲ့ လူတွေဆီကနေဘဲ

လိုက်တောင်းစားတော့တာဘဲကိုဗစ်ဖြစ်တော့ ကမ္ဘာလှည့်ခရီးသွားတွေမလာ၊ ဆင်းရဲတဲ့ ဒေသခံတွေကလဲ

အကောင်ရေများတဲ့မျောက်တွေ ရာထောင်ချီ ကို နေ့တိုင်းအစာမကျွေးနိုင်၊ အစကတော့ သူတို့ တတ်နိုင်သလောက်

ကျွေးသေးတယ်ကြာလာတော့ မျောက်တွေက အစာမလုံလောက်ရင်လူနေကျေးရွာအထိလာပြီး စပါးခင်းတွေ ဖျက်စီး

စိုက်ထားတဲ့ အသီးနှံတွေ အကုန် ဖျက်စီးလာတော့တာဘဲနောက်ဆုံး ရွာပါ ပြောင်းပြေးရတဲ့ အထိတကယ်ဖြစ်ခဲ့ဖူးတယ်၊ သူ့ဟာသူနေတဲ့

တောရိုင်း တိရစ္ဆာန် တွေရဲ့ အမူအကျင့်ကိုလူတွေရဲ့ ဖင်ယားမှုကြောင့်ဘဲ ပျက်စီးသွားတာကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဆိုတာ

တခုနဲ့ တခု အကုန် ဆက်စပ်နေတာပါသစ်ပင်တွေရှိမှ လေကောင်းလေသန့်ရသလိုပန်းတွေပွင့်ဖို့အတွက် ပျားပိတုန်းတွေ

ဝတ်မှုန်ကူးပေးရတယ်၊ အပင်ပေါင်းစုံ ပေါက်ပွားဖို့အတွက် တောနေ သတ္တဝါတွေ ခူးစားတဲ့ အသီးတွေကနေတဆင့်

မစင်တွေ ပါချရင်လဲ အပင်ပေါက်ကလေးတွေ ပွားတယ်၊ ငှက်တွေ စားတဲ့ သစ်သီးတွေကနေ အစေ့ကျပြီး အပင်တွေ ပေါက်တယ်၊

တောအုပ်ဖြစ်လာတယ်လူတွေ အောက်စီဂျင်ရဖို့ စိုက်ပျိုးမွေးမြူရေးတွေလုပ်ဖို့ ဂေဟစနစ် ဖြစ်ပေါ်လာတယ်၊ သူ့စည်း ကိုယ့်စည်းနဲ့ နေရာ

ကနေ လူတွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့်တောရိုင်း တိရစ္ဆာန် တွေ ကျက်စားမြေ လျှော့လာတယ်

တချို့တွေ မျိုးသုန်းပျောက်ကွယ်ကုန်တယ်တိချစ်သူတွေကြောင့် ကျေးငှက်တွေလူ့ပတ်ဝန်းကျင်ကို မှီခိုလာတယ်၊ သူ့ဟာသူ

အစာရှာပြီး ရှင်သန်တဲ့ ဗီဇတွေပျောက်ဆုံးကုန်တာဘဲဒါကြောင့်ဘဲ တိုးတက်တဲ့ နိုင်ငံကြီးတွေကသစ်တောတွေ သားရိုင်း တိရစ္ဆာန် တွေကို

အစာမကျွေးဖို့ လူတွေနေတဲ့ နေရာနားရောက်မလာအောင် ဥပဒေတွေနဲ့ တားဆီးကြတာ၊ ကိုယ်က တိရစ္ဆာန် ချစ်တတ်ရင် အိမ်ခေါ်မွေး

ထား၊ဖြစ်သမျှ တာဝန်ယူကြ၊ ခွေးမွေးလို့ ညနေဘက် လမ်းလျှောက်ထွက်ရင်တောင် ကိုယ့်ခွေးပါတဲ့.မစင်ကျုံးဖို့ ခွေးပိုင်ရှင်တွေကို ပလပ်စ

တစ်အိတ်တွေ ဆောင်ထားခိုင်းတာ၊ ကိုယ်မွေးတဲ့ ခွေးက လမ်းသွားလမ်းလာ လူတွေကို ကိုက်မိရင် ရှင်းပေတော့ဘဲ

စင်ကာပူဆို သူ့နိုင်ငံသေးသေးလေးနဲ့သစ်တောတွေ မပျက်အောင်၊ Green space areas တွေ များလာအောင် ပိုက်ဆံ အကုန်ခံပြီး လုပ်

ထားတာအကြောင်းမဲ့ မဟုတ်ဘူးလူတွေ ကျန်းမာ ဘေးကင်းစွာနဲ့ အသက်ရှင်သန်

နေထိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လိုတယ်၊ ကမ္ဘာလှည့်ခရီးသည်တွေ ဘယ်လောက်ဘဲလာလာ

ငှက်တွေ အစာမကျွေးရဘူး၊ ငါးမလွှတ်ရဘူး ( ဒေသမျိုးရင်းတွေကို စားသွားမှာ စိုးလို့) တောထဲဝင်ရင်

မျောက်တွေ တောဝက်တွေ သမင်တွေကို အစာမကျွေးရဘူး၊ သူ့ဟာသူ အစာရှာတဲ့ စနစ်နဲ့ ဂေဟစနစ်မပျက်အောင် ထိန်းသိမ်းထားတာ

ဒါကြောင့်ဘဲ စင်ကာပူဟာ ကမ္ဘာ့ လူနေမှု အဆင့်အတန်း

အရှိဆုံး ဆယ်နိုင်ငံ စာရင်းထဲပါတာ၊ တရားဥပဒေ စိုးမိုးတာလဲ အဓိက အကြောင်းတခုထဲ ပါတာပေါ့

မြန်မာပြည်မှာကျ စောင်တလွဲ ဘာသာရေး အယူအဆတွေနဲ့ စောင်ကျိုးနည်း ဗုဒ္ဓ ဘာသာဝင်တွေများတော့

လူနေရပ်ကွက်လဲ အဆင့်အတန်းမရှိ၊အခါကြီး ရက်ကြီးဆို ပတ်ဝန်းကျင် နားမခံသာအောင် တရားခွေတွေဖွင့်၊ ငါကုသိုလ်ရရင်ပြီးရော ကျန်

တဲ့ လူဘာဖြစ်ဖြစ် အတ္တတွေ ရှေ့တန်းတင်တဲ့ သူများတော့ သဘာဝပတ်ဝန်းကျင်လဲ ပျက်စီး၊ နေပျော်ဖို့ မကောင်းတဲ့ နိုင်ငံ၊ ရောဂါ ထူပြော

တဲ့ နိုင်ငံတခု အနေနဲ့ မှတ်တမ်း ဝင်သွားတာဘဲ ရှိတာပေါ့ ။
# ChanHtaw