ၾကားသိသမွ်

အာဏာသိမ်းအုပ်စုအတွက် စတေးခံနေရသည့် စစ်သား၊ရဲနှင့်ဝန်ထမ်းများ ပြည်သူနှင့်အတူ ရပ်တည်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလ ကသီတင်းကျွတ်လပြည့်နေ့ ဆုတောင်းစကားဖြင့် တိုက်တွန်း

အာဏာသိမ်းအုပ်စုအတွက် စတေးခံနေရသည့် စစ်သား၊ရဲနှင့်ဝန်ထမ်းများ ပြည်သူနှင့်အတူ ရပ်တည်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

အာဏာသိမ်းအုပ်စုကိုယ်ကျိုးအတွက် စတေးခံနေရသော တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနအသီးသီးမှ လူပုဂ္ဂိုလ်များအနေဖြင့်

မိမိတို့၏ လုပ်ရပ်များကို ပြန်လည်စဉ်းစားဆင်ခြင်ကာ ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် ထပ်မံအလေးအနက်တိုက်တွန်းသည်ဟု

ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့တွင် သီတင်းကျွတ်လပြည့်နေ့ ဆုတောင်းစကားဖြင့် တိုက်တွန်း

ထားသည်။

“စစ်အာဏာရှင်၏ ရမ်းကားသတ်ဖြတ်မှုများကြောင့် ပြန်လည်အစားထိုးမရနိုင်သော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော မိဘများနှင့်

သားသမီးများ၏ ဝမ်းနည်းပူဆွေးမှုများကိုလည်း မိမိတို့ ထပ်တူခံစားမိပါသည်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် ၎င်းတို့၏ စွန့်လွှတ်စွန့်စား

မှုများကို သတိရလျှက် စာနာလေးစားစိတ်များဖြင့် ပြည်သူ့တော်လှန်ရေးကို တခဲနက် ဆက်လက် ပါဝင်အားဖြည့်ကြရန် မေတ္တာရပ်ခံ

တိုက်တွန်းလိုပါသည်။”ဟုလည်း ယာယီသမ္မတ၏ ဆုတောင်းစကားတွင် ထည့်သွင်းဖေါ်ပြထားသည်။

အကျဉ်းထောင် များထဲတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများ၊ တိုင်းပြည်၏ အာဏာရှင် စနစ်ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေ

စီတည်ဆောက်ရေးအတွက် နေရာကဏ္ဍအသီးသီးတွင် တိုက်ပွဲဝင်ပံ့ပိုးပေးနေသူများ၊ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများအားလုံး

မိသားစုအသီးသီးနှင့် အမြန်ဆုံးငြိမ်းချမ်းစွာ ဆုံစည်းကြစေရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အစွမ်းကုန်ကြိုးပမ်းနေပြီး တရား

သော ပြည်သူ့ခုခံတော်လှန်ရေး မုချအောင်မြင်မည်ဖြစ်ကြောင်းကိုလည်း အလေးအနက် သစ္စာပြုပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရ

သည်။