ၾကားသိသမွ်

ညီဖြစ်သူကို စစ်တပ်က ပစ်သတ်၍ ခမရ ၅၄၅ မှတပ်သား ကိုထိုက် MNDAA တပ်ဖွဲ့ထံသို့ ပူးပေါင်း၊ MNDAA က သူ့ကို ယုံကြည်ပါက စစ်ကောင်စီတပ်ကို ပြန်တိုက်ရာတွင် ပူး​ပေါင်းမည်ဟု ဆို

ညီဖြစ်သူကို စစ်တပ်က ပစ်သတ်၍ ခမရ ၅၄၅ မှတပ်သား ကိုထိုက် MNDAA တပ်ဖွဲ့ထံသို့ ပူးပေါင်း၊ MNDAA က သူ့ကို ယုံကြည်ပါက

စစ်ကောင်စီတပ်ကို ပြန်တိုက်ရာတွင် ပူး​ပေါင်းမည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၄၅ တပ်ရင်းမှူးအောင်ကို

မြင့်၏ လုံခြုံရေး စနိုက်ပါတပ်သား ကိုထိုက်သည် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့ထံ လာရောက်

ပူးပေါင်းခဲ့ပြီး MNDAA တပ်ဖွဲ့က ၎င်းအား ယုံကြည်ပါက စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ကိုးကန့်သတင်း

ရင်းမြစ် The Kokang တွင် ဖော်ပြသည်။

အဆိုပါ တပ်သား ကိုထိုက်သည် ၂၀၁၃ တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ၇ လပိုင်းတွင် ကိုးကန့်ဒေသသို့ ရောက်ရှိလာ

ကြောင်း သိရပြီး ယမန်နေ့တွင် တပ်ရင်းမှူးလုံခြုံရေးယူနေစဉ် အားလပ်ချိန်တွင် ထွက်ပြေးကာ ကိုးကန့် MNDAA တပ်များထံ ခိုလှုံခဲ့

ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား ကိုထိုက်သည် နွေဦးတော်လှန်ရေးအတွင်း ဆန္ဒပြသည့် ညီဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး

နောက် စစ်ကောင်စီတပ်အတွင်း မနေချင်တော့ကြောင်း၊ အထက်အရာရှိဖြစ်သူများက လက်အောက်ငယ်သားများကို လူလို မဆက်ဆံ

ကြောင်း ကိုးကန့်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်မှ ထွက်ပြေးလာခဲ့သည့် ကိုထိုက်သည် တကယ် တာဝန်ထမ်းဆောင်နိုင်မည် လို့ယုံကြည်ရကြောင်း၊ ကျန်းမာရေး စစ်ဆေး

ခဲ့ပြီး ကိုဗစ်ရောဂါကာကွယ်ရေးစီမံချက်အရ ကွာရန်တင်း ဝင်ခိုင်းထားကြောင်း MNDAA ရှေ့တန်းအရာရှိအားကိုးကားပြီး The Kokang

တွင် ရေးသားဖော်ပြသည်။

ဓါတ်ပုံ – MNDAA ဘက်သို့ ခိုလှုံလာသည့် ကိုထိုက်အား ကျန်းမာရေးစစ်ဆေးနေပုံ

Zawgyi

ညီျဖစ္သူကို စစ္တပ္က ပစ္သတ္၍ ခမရ ၅၄၅ မွတပ္သား ကိုထိုက္ MNDAA တပ္ဖြဲ႕ထံသို႔ ပူးေပါင္း၊ MNDAA က သူ႔ကို ယုံၾကည္ပါက စစ္ေကာင္စီတပ္ကို ျပန္တိုက္ရာတြင္ ပူး​ေပါင္းမည္ဟု ဆို

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန႔္ေဒသတြင္ ထိုးစစ္ဆင္တိုက္ခိုက္ေနေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ခမရ ၅၄၅ တပ္ရင္းမႉးေ

အာင္ကိုျမင့္၏ လုံျခဳံေရး စနိုက္ပါတပ္သား ကိုထိုက္သည္ ယမန္ေန႔ ေအာက္တိုဘာလ ၁၈ ရက္တြင္ ကိုးကန႔္ MNDAA တပ္ဖြဲ႕ထံ လာေရာ

က္ပူးေပါင္းခဲ့ၿပီး MNDAA တပ္ဖြဲ႕က ၎အား ယုံၾကည္ပါက စစ္ေကာင္စီတပ္ဖြဲ႕ကို ျပန္လည္တိုက္ခိုက္မည္ျဖစ္ေၾကာင္း ကိုးကန႔္သတင္းရင္းျမစ္ The Kokang တြင္ ေဖာ္ျပသည္။

အဆိုပါ တပ္သား ကိုထိုက္သည္ ၂၀၁၃ တြင္ စစ္တပ္အတြင္း ဝင္ေရာက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ၇ လပိုင္းတြင္ ကိုးကန႔္ေဒသသို႔ ေရာက္ရွိ

လာေၾကာင္း သိရၿပီး ယမန္ေန႔တြင္ တပ္ရင္းမႉးလုံျခဳံေရးယူေနစဥ္ အားလပ္ခ်ိန္တြင္ ထြက္ေျပးကာ ကိုးကန႔္ MNDAA တပ္မ်ားထံ ခိုလႈံခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္သား ကိုထိုက္သည္ ေႏြဦးေတာ္လွန္ေရးအတြင္း ဆႏၵျပသည့္ ညီျဖစ္သူကို အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕က ပစ္သတ္ခဲ့

ၿပီးေနာက္ စစ္ေကာင္စီတပ္အတြင္း မေနခ်င္ေတာ့ေၾကာင္း၊ အထက္အရာရွိျဖစ္သူမ်ားက လက္ေအာက္ငယ္သားမ်ားကို လူလို မဆက္ဆံေၾကာင္း ကိုးကန႔္သတင္းဌာနသို႔ ေျပာဆိုသည္။

စစ္ေကာင္စီတပ္မွ ထြက္ေျပးလာခဲ့သည့္ ကိုထိုက္သည္ တကယ္ တာဝန္ထမ္းေဆာင္နိုင္မည္ လို႔ယုံၾကည္ရေၾကာင္း၊ က်န္းမာေရး စ

စ္ေဆးခဲ့ၿပီး ကိုဗစ္ေရာဂါကာကြယ္ေရးစီမံခ်က္အရ ကြာရန္တင္း ဝင္ခိုင္းထားေၾကာင္း MNDAA ေရွ႕တန္းအရာရွိအားကိုးကားၿပီး The Kokang တြင္ ေရးသားေဖာ္ျပသည္။

ဓါတ္ပုံ – MNDAA ဘက္သို႔ ခိုလႈံလာသည့္ ကိုထိုက္အား က်န္းမာေရးစစ္ေဆးေနပုံ