မုံးကိုး၊ ဆုတောင်းတောင်ရှိ ကိုးကန့် MNDAA တပ်ဖွဲ့အား စစ်ကောင်စီမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံးများ
ဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရ (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၁၈
ကိုးကန့်၊ MNDAA တပ်ဖွဲ့မှ ခြေကုပ်ယူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်၊ ဆုတောင်းတောင်စခန်းအား အကြမ်းဖက်စစ်
ကောင်စီမှ လက်နက်ကြီးပစ်ကူများ အပြင်းအထန်ပစ်ခတ်ကာ မြေပြင်မှလည်း တပ်ရင်းများစွာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့်
MNDAA မှ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မှူးတစ်ဦး ထံမှ သိရသည်။
ဆုတောင်းတောင်စခန်းအား ကိုးကန့်ဒေသရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်းများမှ လက်နက်ကြီးများဖြင့် အောက်တိုဘာလ ၁၇ ရက်နှင့်
၁၈ ရက် မနက်ပိုင်းအထိ အကြိမ်ရေ ၂,၀၀၀ ဝန်းကျင်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တချိန်တည်းအတွင်း စစ်ကောင်စီ တပ်ရင်းများမှ နေ့
ဘက်တွင် ၂ ကြိမ်နှင့် ညဖက်တွင် ၃ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA မှ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း
MNDAA တပ်မှူးကို ကိုးကားပြီး The Kokang သတင်းတွင် ဖော်ပြသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၌ ကိုးကန့် MNDAA မှ နှစ်ဖက်အကျအဆုံးစာရင်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေဘဲ စစ်ကောင်စီဘက်
မှ ၅၀ ကျော် သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
” မနေ့ညက စစ်ကောင်စီတပ်တွေ MNDAA ထိုင်ထားတဲ့ ဆုတောင်းတောင်ကုန်းကို သွားတိုက်တာ မအောင်မြင်ဘဲ ဒီမနက်မှာ ပြန်ဆုတ်
လာကြတယ်။ စစ်ခွေး ၅၀ လောက် သေတယ်၊ အလောင်းတောင် မကောက်နိုင်ဘူး” ဟု ဒေသသတင်းရင်းမြစ်မှ ရန်ကုန် ခေတ်သစ်သို့
ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်များ စခန်းချထားသော ဆုတောင်းတောင်ကုန်းအား ကိုးကန့် MNDAA မှ ဝင်ရောက်
တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တောင်ကုန်းစခန်းအား ပြန်ရရန် အောက်တိုဘာလ ၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ်မှ
လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုကာ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။Source;KhitThitMedia
Zawgyi
မုံးကိုး၊ ဆုေတာင္းေတာင္ရွိ ကိုးကန႔္ MNDAA တပ္ဖြဲ႕အား စစ္ေကာင္စီမွ အျပင္းအထန္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေပမယ့္ အက်အဆုံးမ်ားျဖင့္ ျပန္လည္ဆုတ္ခြာခဲ့ရ (႐ုပ္/သံ)
ရန္ကုန္၊ ေအာက္တိုဘာ ၁၈
ကိုးကန႔္၊ MNDAA တပ္ဖြဲ႕မွ ေျခကုပ္ယူထားသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မုံကိုးၿမိဳ႕နယ္၊ ဆုေတာင္းေတာင္စခန္းအား
အၾကမ္းဖက္စစ္ေကာင္စီမွ လက္နက္ႀကီးပစ္ကူမ်ား အျပင္းအထန္ပစ္ခတ္ကာ ေျမျပင္မွလည္း တပ္ရင္းမ်ားစြာျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေပမယ့္ MNDAA မွ ခုခံတိုက္ခိုက္နိုင္ခဲ့ေၾကာင္း ကိုးကန႔္တပ္မႉးတစ္ဦး ထံမွ သိရသည္။
ဆုေတာင္းေတာင္စခန္းအား ကိုးကန႔္ေဒသရွိ စစ္ေကာင္စီအေျခစိုက္ တပ္စခန္းမ်ားမွ လက္နက္ႀကီးမ်ားျဖင့္ ေအာက္တိုဘာလ ၁၇ ရက္ႏွင့္ ၁၈ ရက္ မနက္ပိုင္းအထိ အႀကိမ္ေရ ၂,၀၀၀ ဝန္းက်င္ခန႔္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ တခ်ိန္တည္းအတြင္း စစ္ေ
ကာင္စီ တပ္ရင္းမ်ားမွ ေန႔ဘက္တြင္ ၂ ႀကိမ္ႏွင့္ ညဖက္တြင္ ၃ ႀကိမ္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္း၊ MNDAA မွ ေအာင္ျမင္စြာ ခုခံတိုက္ခိုက္နိုင္ခဲ့ေၾကာင္း MNDAA တပ္မႉးကို ကိုးကားၿပီး The Kokang သတင္းတြင္ ေဖာ္ျပသည္။
အဆိုပါ တိုက္ပြဲႏွင့္ပတ္သက္၌ ကိုးကန႔္ MNDAA မွ ႏွစ္ဖက္အက်အဆုံးစာရင္း တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးေပဘဲ စစ္ေကာင္စီဘက္မွ ၅၀ ေက်ာ္ ေသဆုံးေၾကာင္း ေဒသသတင္းရင္းျမစ္ထံမွ သိရသည္။
” မေန႔ညက စစ္ေကာင္စီတပ္ေတြ MNDAA ထိုင္ထားတဲ့ ဆုေတာင္းေတာင္ကုန္းကို သြားတိုက္တာ မေအာင္ျမင္ဘဲ ဒီမနက္မွာ ျပန္ဆုတ္
လာၾကတယ္။ စစ္ေခြး ၅၀ ေလာက္ ေသတယ္၊ အေလာင္းေတာင္ မေကာက္နိုင္ဘူး” ဟု ေဒသသတင္းရင္းျမစ္မွ ရန္ကုန္ ေခတ္သစ္သို႔ ေျပာဆိုသည္။
စက္တင္ဘာလ ၁ ရက္ေန႔တြင္ စစ္ေကာင္စီတပ္မ်ား စခန္းခ်ထားေသာ ဆုေတာင္းေတာင္ကုန္းအား ကိုးကန႔္ MNDAA မွ ဝင္ေရာက္
တိုက္ခိုက္သိမ္းပိုက္ထားနိုင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေတာင္ကုန္းစခန္းအား ျပန္ရရန္ ေအာက္တိုဘာလ ၈ ရက္ေန႔မွစ၍ စစ္ေကာင္စီတပ္မွ လက္နက္ႀကီးပစ္ကူ အမ်ားအျပား အသုံးျပဳကာ ျပန္လည္ ထိုးစစ္ဆင္ တိုက္ခိုက္ေနျခင္းျဖစ္သည္။