ၾကားသိသမွ်

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်လိုက်သည့် အဆိုတော်ကျားပေါက်၏ Ukulele ကမ္ဘာ့ဈေးအမြင့်ဆုံးဖြင့် စံချိန်သစ်တင်

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်လိုက်သည့် အဆိုတော်ကျားပေါက်၏ Ukulele ကမ္ဘာ့ဈေးအမြင့်ဆုံးဖြင့် စံချိန်သစ်တင်

အဆိုတော်ကျားပေါက် (ခ) ဟန်ထူးလွင်၏ Doole Art Ukulele ကို မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် လေလံတင်လိုက်သည့်

နှစ်ရက်တာအတွင်း အမေရိကန်ဒေါ်လာ (၂၇၅၀၀) ဖြင့်ဝယ်ယူသွား၍ ကမ္ဘာ့ဈေးအမြင့်ဆုံးရောင်းချရသည့် Ukulele အဖြစ် စံချိန်တင်သွား

ပြီဖြစ်သည်။

အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင် ကိုယ်တိုင် Doodle Art ဖန်တီးမှုပါဝင်သည့် Ukulele ကို အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)တွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန်အတွက် ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ (၁၀၀၀) ဖြင့် ၂၀၂၁ ခုနှစ်၊

အောက်တိုဘာလ (၁၆) ရက်နေ့တွင် ပန်ဆယ်လို၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လေလံတင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့် art ကိုဝယ်ချင်တာထက် NUG ကို support လုပ်ချင်တဲ့ စေတနာတွေလို့ ယုံကြည်ပါတယ်”ဟု အဆိုတော် ကျားပေါက်က

၎င်း၏ FACEBOOK စာမျက်နှာတွင် ရေးသားထားသည်။

လေလံပွဲအား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တိုဘာလ(၁၇)ရက်နေ့ ည(၉)နာရီတိတိအထိ သတ်မှတ်ထားခဲ့ခြင်းဖြစ်

ပြီး လေလံပွဲရောင်းချရငွေအားလုံးကို NUG ထံ ပေးအပ်သွားမည်ဖြစ်ပြီး လေလံအောင်သူကိုလည်း NUG မှ အသိအမှတ်ပြု အလှူရှင်

မှတ်တမ်းကိုလည်း ပေးအပ်မည်ဟု သိရသည်။

၂၀၀၇ ခုနှစ်က eBay တွင် အမေရိကန်ဒေါ်လာ (၂၆၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့သည့် John D’Angelico ၁၉၃၀ ခုနှစ်က ဖန်တီးခဲ့သည့်

Ukulele မှာ ကမ္ဘာ့ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားရာမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် အဆိုတော်ကျားပေါက် (ခ)

ဟန်ထူးလွင်၏ Doole Art Ukulele က အမေရိကန်ဒေါ်လာ (၂၇၅၀၀) ဖြင့် အမြင့်ဆုံးဈေးနှုန်း စံချိန်တင်လိုက်ခြင်းဖြစ်သည်။

Zawgyi

ျမန္မာ့ေႏြဦးေတာ္လွန္ေရးရန္ပုံေငြအတြက္ ေလလံတင္လိုက္သည့္ အဆိုေတာ္က်ားေပါက္၏ Ukulele ကမၻာ့ေဈးအျမင့္ဆုံးျဖင့္ စံခ်ိန္သစ္တင္

အဆိုေတာ္က်ားေပါက္ (ခ) ဟန္ထူးလြင္၏ Doole Art Ukulele ကို ျမန္မာ့ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြအတြက္ ေလလံတင္လိုက္သ

ည့္ ႏွစ္ရက္တာအတြင္း အေမရိကန္ေဒၚလာ (၂၇၅၀၀) ျဖင့္ဝယ္ယူသြား၍ ကမၻာ့ေဈးအျမင့္ဆုံးေရာင္းခ်ရသည့္ Ukulele အျဖ

စ္ စံခ်ိန္တင္သြားၿပီျဖစ္သည္။

အဆိုေတာ္ က်ားေပါက္ (ခ) ဟန္ထူးလြင္ ကိုယ္တိုင္ Doodle Art ဖန္တီးမႈပါဝင္သည့္ Ukulele ကို အမ်ိဳးသားညီညြတ္ေရး

အစိုးရ(NUG)တြင္ လိုအပ္သည့္ေနရာ အသုံးျပဳနိုင္ရန္အတြက္ ၾကမ္းခင္းေဈး အေမရိကန္ ေဒၚလာ (၁၀၀၀) ျဖင့္ ၂၀၂၁ ခုႏွစ္၊

ေအာက္တိုဘာလ (၁၆) ရက္ေန႔တြင္ ပန္ဆယ္လို၏ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေလလံတင္ခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ့္ art ကိုဝယ္ခ်င္တာထက္ NUG ကို support လုပ္ခ်င္တဲ့ ေစတနာေတြလို႔ ယုံၾကည္ပါတယ္”ဟု အဆိုေတာ္ က်ားေပါက္က

၎၏ FACEBOOK စာမ်က္ႏွာတြင္ ေရးသားထားသည္။

ေလလံပြဲအား ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၁၆)ရက္ေန႔မွ ေအာက္တိုဘာလ(၁၇)ရက္ေန႔ ည(၉)နာရီတိတိအထိ သတ္မွတ္ထားခဲ့ျခ

င္းျဖစ္ၿပီး ေလလံပြဲေရာင္းခ်ရေငြအားလုံးကို NUG ထံ ေပးအပ္သြားမည္ျဖစ္ၿပီး ေလလံေအာင္သူကိုလည္း NUG မွ အသိအ

မွတ္ျပဳ အလႉရွင္မွတ္တမ္းကိုလည္း ေပးအပ္မည္ဟု သိရသည္။

၂၀၀၇ ခုႏွစ္က eBay တြင္ အေမရိကန္ေဒၚလာ (၂၆၀၀၀) ျဖင့္ ေရာင္းခ်နိုင္ခဲ့သည့္ John D’Angelico ၁၉၃၀ ခုႏွစ္က ဖန္တီးခဲ့သည့္

Ukulele မွာ ကမၻာ့ေဈးအျမင့္ဆုံးအျဖစ္ စံခ်ိန္တင္ထားရာမွ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ အဆိုေတာ္က်ားေပါက္

(ခ) ဟန္ထူးလြင္၏ Doole Art Ukulele က အေမရိကန္ေဒၚလာ (၂၇၅၀၀) ျဖင့္ အျမင့္ဆုံးေဈးႏႈန္း စံခ်ိန္တင္လိုက္ျခင္းျဖစ္သည္။