ၾကားသိသမွ်

CDM အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အမွှာ ဦးကိုကိုဝင်းတို့ကို လုပ်ကြံသည့် ပျူစောထီး အပါအဝင် အဖွဲ့များကိုမြို့ပြပျောက်ကျား ၇ ဖွဲ့က လက် တုံ့ပြန်မည်

CDM အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အမွှာ ဦးကိုကိုဝင်းတို့ကို သတ်ဖြတ်သည့် ပျူစောထီး အပါအဝင် အဖွဲ့များကို စုံစမ်း၍ မြို့ပြပျောက်

ကျား ၇ ဖွဲ့က လက် တုံ့ပြန်မည်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာမြောက်ရွာမှ CDM အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အမွှာ ဦးကိုကိုဝင်းတို့ ၂ ဦးကို အောက်တိုဘာလ

၁၇ ရက်နေ့ နံနက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိ လူတစ်စုက သေနတ်ဖြင့် လာရောက် ပစ်ခတ်သတ်ဖြတ်မှုကို စုံစမ်း

ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြို့ပြပျောက်ကြား ၇ ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာမြောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းသည် စစ်ကောင်စီယန္တရားတွင် ပါဝင်လိုခြင်းမ

ရှိ၍ ၃ ကြိမ်တိုင် နုတ်ထွက်စာ တင်ခဲ့သူဖြစ်ကြောင်း၊ စစ်ကောင်စီယန္တရားတွင်လည်း လုံး၀ ပါဝင်ပတ်သက်ခြင်းမပြုခဲ့ကြောင်း၊

လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ဦးညီညီဝင်းနှင့် အမွှာ ဦးကိုကိုဝင်းတို့ကို လက်နက်ကိုင်တစ်စုက သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရှိရသည်။

ညီအစ်ကိုနှစ်ဦးအသတ်ခံရသည့်ကိစ္စအား မည်သူ့လက်ချက်ဖြစ်သည်ကို စုံ စမ်း သိရှိပြီးပါက စာရင်းရှင်းမည်ဖြစ်ကြောင်း မုံရွာမြို့ရှိ မြို့ပြ

ပြောက်ကျား မဟာမိတ် (၇) ဖွဲ့ က ထုတ်ပြန်သည်။

စစ်ကောင်စီယန္တရားတွင် ပူးပေါင်းပါဝင်ခြင်းမရှိသည့် ဦးညီညီဝင်းနှင့် ဦးကိုကိုဝင်း တို့ကို သတ်ဖြတ်ခဲ့သည့် ပျူစောထီး အဖွဲ့အပါအဝင် မည်

သည့်အဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချပြီး၊ မည်သူမည်ဝါစုံစမ်းသိရှိပြီဆိုပါက တရားဝင်စာရင်းရှင်းမည် ဟု ထုတ်ပြန်ချက်

တွင် ဖော်ပြထားသည်၊

ထို့ပြင် အောက်တိုဘာလ ၁၄ရက်နေ့က မြို့လယ်မီးပွိုင့်ပေါက်ကွဲမှုကြောင့် အရပ် သားတစ်ဦးသေဆုံးကာ တစ်ဦးလက်ပြတ်ခဲ့သည့် ဖြစ်စဉ်

သည်လည်း မိမိတို့နှင့် လုံးဝမပတ်သက်ကြောင်း ပြောက်ကျား မဟာမိတ် (၇) ဖွဲ့ က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် မြို့ပြ ပြောက်ကျားအဖွဲ့များနှင့် ပြည်သူ လူထုကြား သွေးကွဲစေရန် တန်ပြန်လုပ်ဆောင်နေသည်ကို

သတိပြု၍ ပြည်သူများအနေဖြင့် လုံခြုံရေးကို ဂရုစိုက်ကြရန် ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။