ၾကားသိသမွ်
အရပ်သားကားအယောင်ဆောင်ထားသည့် စစ်ကောင်စီ ယာဉ်တစ်စီးကို KNU ကပစ်ခတ် တိုက်ခိုက်၊ ဒုဗိုလ် ၁ ဦး၊ စစ်သား ၄ဦးနှင့် စစ်သမီး ၁ဦး စုစုပေါင်း ၆ ဦး
ကျိုက်ထို၊ သိမ်ဇရပ်တွင် အရပ်သားကားအယောင်ဆောင်ထားသည့် စစ်ကောင်စီ ယာဉ်တစ်စီးကို KNU ကပစ်ခတ် တိုက်ခိုက်၊ ဒုဗိုလ် ၁ ဦး၊
စစ်သား ၄ဦးနှင့် စစ်သမီး ၁ဦး စုစုပေါင်း ၆ ဦးသေဆုံး (ရုပ်/သံ)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇလုံရွာနားတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တစ်စီးကို ဘီးလင်း KNLA တပ်ရင်း ၃ က
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်သောကြောင့် ယာဉ်ပေါ်ပါလာသော စစ်ဗိုလ် ၁ ဦး၊ စစ်သား ၄ဦးနှင့် စစ်သမီး
၁ဦးသေဆုံးခဲ့ကြောင်း KNLA အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီကားက အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကလို့ သိရတယ်။ စစ်ဗိုလ် ၁ကောင် အပါအဝင် ရဲဘော် ၄
ကောင် စစ်သမီး ၁ ကောင်တို့ သေသွားတယ်လို့ သိရတယ်။ အဲကားက အုတ်လာဝယ်တာလား။ ထောက်လှမ်းရေး လာလုပ်တာလားတော့
မသိဘူး။ တပ်မဟာ ၁ နယ်မြေထဲမှာဖြစ်တာ ဘီးလင်း KNLA တပ်ရင်း ၃က ပစ်ခတ်ရှင်းလင်းလိုက်တာလို့ သိရတယ်” ဟု KNLA တပ်ဖွဲ့
ဝင် တစ်ဦးကပြောဆိုသည်။
KNU ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် ဒုဗိုလ်ကျော်ထွန်းအောင်၊ တပ်ကြပ်ဝင်းဌေး အပါအဝင် ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။ Source; Khit Thit Media
Zawgyi