ၾကားသိသမွ်

စစ်ကောင်စီက ကျင်းပသည့်NCA ပွဲသို့တတ်ရောက်သည့် အဖွဲ့ ၈ ဖွဲ့ကို ကန့်ကွက်ကြောင့် GSCB သဘောထားထုတ်ပြန်

NCA ပွဲသို့တတ်ရောက်သည့် အဖွဲ့ ၈ ဖွဲ့ကို ကန့်ကွက်ကြောင့် GSCB သဘောထားထုတ်ပြန်

စစ်ကောင်စီက ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ( NCA ) လက်မှတ်ရေးထိုးခြင်း ခြောက် နှစ်ပြည့်

အခမ်းအနားသို့ တတ်ရောက်သည့် အဖွဲ့ ရှစ်ဖွဲ့ကို ကန့်ကွက်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု ( General Strike

Coordination Body – GSCB) ကပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကဲ့သို့ ကန့်ကွက်ကြောင်း နှင့် ၎င်းတို့ရဲ့ သဘောထားများကို အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံတွင်းသပိတ်အဖွဲ့

အစည်းများ စုဖွဲ့ထားသည့် အဖွဲ့ပေါင်း ၅၃ ဖွဲ့ကကြေညာသည်။

GSCB ရဲ့ သဘောထားထုတ်ပြန်ချက်တွင် စစ်ကောင်စီရဲ့ ပွဲသို့ တတ်ရောက်သည် အဖွဲ့ရှစ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နှင့်

ဧပြီလ ၄ ရက်နေ့ ကြေငြာထားသည့် ဘုံသဘောတူညီချက်များနှင့် ဆန့်ကျင်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာရေးသားထားသည်။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) ကထုတ်ပြန်သည့် CDM အပါအဝင် လူထုလှုပ်ရှားမှုအားလုံးကိုအပြည့်အ၀ ထောက်ခံ

ကြောင့် နှင့် လိုအပ်သည့်များကို ပံ့ပိုးသွား မည်။ လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေး ညှိနှိုင်းမှုများကို

ရပ်ဆိုင်းထားမည် “ ဟု ( PPST) အဖွဲ့ရဲ့ ထုတ်ပြန်ချက်များတွင် အဓိက ထားဖော်ပြထားသည်။

ဆက်လက်ပြီး GSCB က “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်း (CRPH) ရဲ့ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုထောက်ခံ

ကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်ကြိုဆိုကြောင်း ကို ကိုသတင်းထုတ်ပြန်ထားပြီးနောက် စစ်အုပ်စုကကျင်းပသည့် ( NCA )

ခြောက်ကြိမ်မြောက်အစည်းသို့ တတ်ရောက်ခြင်းက အထက်ပါကြေညာချက်များနှင့် ဆန့်ကျင်လျက်ရှိသည် “ ဟု ဖော်ပြထားသည်။

အဲဒီနောက် ( NCA ) လက်မှတ်ထိုးထားသည့် အဖွဲ့ ရှစ်ဖွဲ့အနေဖြင့် ကိုယ်တိုင်ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို တန်ဖိုးထားသော

အားဖြင့်လည်းကောင်း ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို တန်ဖိုးထားသော်အားဖြင့်လည်းကောင်း နောင်နောင် စစ်အုပ်စုနှှု့်

ဆက်ဆံမှု ထပ်မံမပြူလုပန်ရင် တိုက်တွန်းကြောင်း ဆိုထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(( NCA )လက်မှတ်ရေးထိုးခြင်း (၆) နှစ်ပြည် နှင့်ပတ်သက်ပြီး လက်မှတ်

ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် သဘောတူညီချက်

ရှစ်ချက်ကိုထုတ်ပြန်ထားသည်။

“ ခြောက်နှစ်ပြည် နှစ်ပတ်လည်အခါသမယတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံးနှင့် ပြည်သူလူထုများအား ခြွင်းချက်မရှိ လွှတ်ပေးပြီး

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိနိုှင်းဖြေရှင်းပေးကြ ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး

ကိုတိုက်တွန်းကြောင်း “ ကို ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အောက်တိုဘာ (၁၅) ရက်မှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ စစ်ကောင်စီ မှ

ဦးဆောင်ပြီး ခြောက်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ခဲ့သည်။

ခြောက်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား သို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ရှစ်ဖွဲ့ တတ်

ရောက်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီ

အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည်

ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်

အစည်းအရုံး(LDU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့မှတာဝန်ရှိသူများ တတ်ရောက်ခဲ့

ကြောင်း သိရသည်။