ၾကားသိသမွ်

မင်းအောင်လှိုင်တစ်ယောက် ကျန်းမာ လို့ ချမ်းသာပါလေစ (ပြည်သူများ မှသိချင်နေကြပါ ပြီ)

မင်းအောင်လှိုင်တစ်ယောက် ကျန်းမာ လို့ ချမ်းသာပါလေစ (ပြည်သူများ မှသိချင်နေကြပါ ပြီ)

အာဏာ စသိမ်းတဲ့ရက်ကစလို့ တစ်နိုင်ငံလုံး ကောင်းခြင်းတွေပျောက် ဆိုးခြင်းများနဲ့သာနေ့ရက်တွေကိုဖြတ်သန်းခဲ့ကြရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ဘဝ အာဏာရှုးတွေ သိပါလေစ???

နေ့စဉ်နဲ့အမျှ နိုင်ငံနဲ့အဝှမ်း ပြည်သူလူထုကို သတ်ဖြတ်အကြမ်းဖက်လျက်ရှိတဲ့ ခေါင်းဆောင်ကြီး မင်းအောင်လှိုင်က အာဏာသိမ်းခဲ့တာ

(၈)လကျော်လာခဲ့ပြီ ဖြစ်သော်လည်း ပြည်တွင်းတင်မက ပြည်ပဘယ်နိုင်ငံကမှအသိအမှတ်မပြုသေးတဲ့ အစိုးရအမည်ခံ သူ့တို့ရဲ့အဖွဲ့ကို ရွေးကောက်ခံအစိုးရမဟုတ်ကြောင်း ဝန်ခံသွားပါတယ်။

နအဖ စစ်အစိုးရက တဖက်သတ်အသာစီးရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်မှာ တရားဝင်အတည်ပြု ပြဌာန်းခဲ့တာ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်ဘောင်းဘီချွတ်ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့တယ်။

အဲဒီနောက် . . . ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ သောင်ပြိုကမ်းပြို ဆန္ဒမဲရလဒ်နဲ့အတူ ပထမဦးဆုံး ရွေးကောက်ခံ အရပ်သားအစိုးရအဖြစ် ဒီချုပ်အစိုးရ တက်လာခဲ့တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၅)နှစ်တာအစိုးရသက်တမ်းပြည့်ခါနီးမှာ ၂၀၂၀ ရွေးကောက်ပွဲကို မဖြစ်မနေပြန်လည်ကျင်းပရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ခြေဥအရ ရွေးကောက်ခံအစိုးရသာလျှင် တရားဝင်တယ်။ ပြည်သူက ရွေးကောက်ပွဲနဲ့ အပ်နှင်းမှသာ နိုင်ငံတော်ရဲ့ အာဏာကို ရယူခွင့် ရှိတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုဆီက ဆင်းလာတယ်ဆိုတဲ့ ဥပဒေကို ရွေးကောက်ပွဲများနဲ့ အသက်သွင်းထားတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ လွှတ်တော်ရှိမယ်။ ရွေးကောက်ပွဲ ကော်မရှင် ရှိမယ်။ ရွေးကောက်ခံ အစိုးရ ရှိကို ရှိရပါမယ်။ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်မံပြီးအနိုင်ရရှိထားတဲ့ ဒီချုပ်ပါတီကိုယ်စားလှယ်အမတ်များနဲ့ လက်ရှိ ဒီချုပ်အစိုးရဟာ လွှတ်တော်ခေါ်ဖို့ ကြိုးစားပါတယ်။

ထပ်မံရွေးကောက်ခံရတဲ့အတွက် ဆက်လက်ပြီး အစိုးရအဖွဲ့အနေနဲ့ (၅)နှစ်တာ တာဝန်ထမ်းဆောင်ဖို့ လွှတ်တော်ကနေ အာဏာလွှဲပြောင်းကြမှာ ဖြစ်ပါတယ်။

ဒါတွေဟာ ဘယ်လိုမှ ချိုးဖောက်လို့မရတဲ့ တရားဥပဒေနဲ့ အညီ အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်များက ရွေးကောက်ခံအစိုးရ မဟုတ်တဲ့ နိုင်ငံတော်အာဏာကို လုယူထားတဲ့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်အဖွဲ့အစည်းကို မတွေ့ဆုံ၊

မဆွေးနွေး၊ အသိအမှတ် မပြုတာဟာ တရားဥပဒေနဲ့ အညီ ဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်တွယ်ထားပြီး အခြေခံဥပဒေထဲမှာ မပါရှိတဲ့ ရွေးကောက်ခံမဟုတ်ဘဲ အစိုးရအမည်ခံပြီး အာဏာရူးနေတဲ့

မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေကို တွေ့ဆုံဖို့ ကြိုးစားတာကသာလျှင် တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်

မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ခံမဟုတ်ဘဲ အစိုးရ ဖြစ်ချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ကိုယ်တိုင်ဆွဲစုတ်ဖြဲပစ်လိုက်မှပဲ ရပါမယ်။
ဒါတောင် မင်းအောင်လှိုင်ရဲ့ အားထုတ်မှုဟာ စိတ်ကူးယဉ်သက်သက်ပါပဲ။ ၂၀၀၈ ဟာ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ်များ မဟုတ်တာရယ် ဥပဒေပြုရေးရာကိစ္စများကို ဆောင်ရွက်နိုင်မယ့် တရားဝင် လွှတ်တော်မခေါ်နိုင်တာရယ်ကြောင့် ဖြစ်ပါတယ်။

တည့်တည့်ပြောရရင် မင်းအောင်လှိုင်နဲ့အဖွဲ့မှာ ပြည်တွင်းက ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကမှ လက်ခံတွေ့ဆုံနိုင်တဲ့ ဥပဒေကြောင်းအရ တရားဝင်မှုအဆင့် မရှိပါဘူး။

ရွေးကောက်ခံ မဟုတ်ဘဲ အစိုးရလို့ ကိုယ့်ကိုယ်ကို စိတ်ကူးယဉ်မယ်ဆိုရင်လည်း ဘယ်သူတွေကို ကိုယ်စားပြုတဲ့အစိုးရလဲလို့ ဆက်မတွေးရဲဖို့လည်း လိုပါလိမ့်မယ်။

မင်းအောင်လှိုင်ဟာ ၂၀၀၈ ခြေဥအရ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်၊ နိုင်ငံတော်ကို တိုက်ရိုက်ကိုယ်စားပြုတဲ့ သမ္မတကြီးဦးဝင်းမြင့်ကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဖိအားပေး နုတ်ထွက်ခိုင်းခဲ့တယ်။

ဒါဟာ နိုင်ငံတော်အာဏာကို ဗိုလ်ကျစိုးမိုးပြီး လုယူတာဖြစ်ပါတယ်။ ဒီလို နိုင်ငံတော်သစ္စာဖောက်နဲ့ အကျင့်ပျက်စစ်ဗိုလ်ချုပ်တွေဆီက ဗိုလ်ကျစိုးမိုးရေးနဲ့ ဗိုလ်ကျအနိုင်ကျင့်ရေးစစ်ဝါဒက လွဲပြီး ဘာမှ ရမှာ မဟုတ်ပါဘူး။

ဒါကို သိသိကြီးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို မျှော်လင့်ပြီး မင်းအောင်လှိုင်နဲ့အကြမ်းဖက် စစ်အုပ်စုဆီက ငြိမ်းချမ်းရေးကို ရမယ်လို့ ယုံကြည်မိရင်တော့ ဒါဟာ အင်မတန် စိတ်ကူးယဉ်ဆန်လွန်းရာရောက်ပါလိမ့်မယ်။

တကယ်တော့ ပြည်သူလူထုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်တွေ့ဆန်ပြီး အမှန်တရား၊ နိုင်ငံတကာ တရားဥပဒေများနဲ့အညီပါ တော်လှန်ရေးကြီးကို အောင်ပွဲအဆင့်ဆင့်နဲ့ တဆင့်ပြီး တဆင့် တက်လှမ်းချီတက်နေကြတာပဲ ဖြစ်ပါတယ်။

စိတ်ကူးယဉ်ကမ္ဘာထဲက မထွက်နိုင်ဘဲ လက်တွေ့နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ တရားဥပဒေဘောင်ပြင်ပကစကားတွေကို တွင်တွင်ကြီးပြောပြီး

ရာဇဝင်သစ်မှာ အရှုံးကြီး ကျဆုံးရတော့မယ့် မင်းအောင်လှိုင်အနေနဲ့ ကိုယ့်ကိုယ်ကို နိုင်ငံတော်ရဲ့ အန္တာရာယ်၊ အဓိက ဘုံရန်သူ၊ လူမျိုးတုန်းရာဇာဝတ်ကောင်အဖြစ်

ဘယ်လိုမှ ဖုံးကွယ်လှည့်ဖျားခွင့် မရှိတော့တဲ့အထိ လက်တွေ့ကျကျ သိမြင်နိုင်တော့မယ့် ရက်စွဲများကလည်း နီးကပ်လို့ လာနေပြီ ဖြစ်တဲ့အကြောင်း တိုင်းရင်းသားလက်နက်ကိုင်များ ကိုယ်စား တုန့်ပြန်ပြောဆိုသတိပေးလိုက်ပါရစေ။
ခရက်ဒစ်..နိုင်သင့်မြတ်