အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအဖက်မလုပ်၍ Non-CDMဝန်ထမ်းများ အလုပ်ထွက်ရန်စဥ်စား
အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖယ်ကျဥ်လာသောလက်ရှိနိုင်ငံရေးအခင်းအကျင်းများက Non-CDM
ဝန်ထမ်းများကို အကာအကွယ်မဲ့စေပြီး ဆက်လက်တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ကြောင်း Non-CDM ဝန်ထမ်းများကပြောသည်။
CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထန်ဆောင်ဘဲ ၊အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေကြခြင်း
ဖြစ်သည်။
Non-CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြခြင်းဖြစ် သည်။
“ကျွန်တော်တို့ CDM မလုပ်ခဲ့တာက စစ်ကောင်စီကို ထောက်ခံလွန်းလို့ မဟုတ်ဘူး။ မိသားစုမှာ ကိုယ်မရှိရင် မဖြစ်တဲ့အခါ ဘယ်ကိုမှ
တိမ်းရှောင်မရလို့ အလုပ်ဆက်လုပ်နေတာ။ အခုကတော့ အလုပ်လည်း မလုပ်ချင်တော့သလို ရာထူးတိုးလည်း မလျှောက်တော့ဘူး။ အလုပ်
ထွက်ချင်ပြီ”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်အရာရှိတစ်ဦးက People Spring’s သတင်းဌာနသို့ ပြောသည်။
” သတင်းတွေ မြင်တွေ့နေရသလောက်နိင်ငံရေးအပြောင်းအလဲက ဖြစ်တော့မယ်လို့ ကျွန်မတို့ ဝန်ထမ်းတွေကြား ပြောနေကြတယ်။ စစ်
ကောင်စီကို မယုံကြတော့ဘူး။ အများစုက မဖြစ်လို့သာ လုပ်နေရတာ။အလုပ်ထွက်ချင်နေကြပြီ။ အရာရှိတွေလည်း ကြောက်နေကြပြီ”ဟု
ပြန်ဆက်ဌာနမှ ခရိုင်အဆင့် အမျိုးသားဝန်ထမ်းတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ယခင်က သူအားထောက်ခံခဲ့သည့် အာဆီယံအသိုက်အဝန်း၏ ပြစ်ပယ်မှုကိုပါရင်ဆိုင်လာရပြီး ကု
လသမ္မဂနှင့် EU နိုင်ငံများကလည်း ပြည်သူထံ အာဏာအမြန်ဆုံး ပြန်အပ်ရန် ဖိအားပေးနေသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်း
အောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုထားသလို ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ
အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားသည်ဟု ရိုက်တာသတင်းဌာနက
သတင်းဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဘဲ ကြားနေမူကိုင်စွဲထားသည်ဆိုသော အာဆီယံအဖွဲ့ကြီး၏ သမိုင်း
တွင်စစ် အာဏာသိမ်းမှုကြောင့် အာဆီယံထိပ်သီးအ စည်းအဝေးတွင် အာဏာလုခေါင်းဆောင်ကို မဖိတ်ကြားခြင်းမှာ ပထမဆုံးအကြိမ်
ဖြစ်သည်။ Source;People’s Spring
Zawgyi
အာဏာသိမ္းစစ္ေကာင္စီကို နိုင္ငံတကာအဖက္မလုပ္၍ Non-CDMဝန္ထမ္းမ်ား အလုပ္ထြက္ရန္စဥ္စား
အာဏာသိမ္းစစ္ေကာင္စီအား နိုင္ငံတကာကအသိအမွတ္မျပဳဘဲ ဖယ္က်ဥ္လာေသာလက္ရွိနိုင္ငံေရးအခင္းအက်င္းမ်ားက Non-CDM ဝန္ထ
မ္းမ်ားကို အကာအကြယ္မဲ့ေစၿပီး ဆက္လက္တာဝန္ထမ္းေဆာင္ရန္ စိတ္မပါေတာ့ေၾကာင္း Non-CDM ဝန္ထမ္းမ်ားကေျပာသည္။
CDM ဝန္ထမ္းမ်ားမွာ အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္တြင္ တာဝန္မထန္ေဆာင္ဘဲ ၊အၾကမ္းမဖက္ဘဲ အာဏာဖီဆန္ေနၾကျခ
င္းျဖစ္သည္။ Non-CDM ဝန္ထမ္းမ်ားမွာ အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္တြင္ ဆက္လက္တာဝန္ထမ္းေဆာင္ေနၾကျခင္းျဖစ္ သည္။
“ကၽြန္ေတာ္တို႔ CDM မလုပ္ခဲ့တာက စစ္ေကာင္စီကို ေထာက္ခံလြန္းလို႔ မဟုတ္ဘူး။ မိသားစုမွာ ကိုယ္မရွိရင္ မျဖစ္တဲ့အခါ ဘယ္ကိုမွ တိ
မ္းေရွာင္မရလို႔ အလုပ္ဆက္လုပ္ေနတာ။ အခုကေတာ့ အလုပ္လည္း မလုပ္ခ်င္ေတာ့သလို ရာထူးတိုးလည္း မေလၽွာက္ေတာ့ဘူး။ အ
လုပ္ထြက္ခ်င္ၿပီ”ဟု အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အဆင့္အရာရွိတစ္ဦးက People Spring’s သတင္းဌာနသို႔ ေျပာသည္။
” သတင္းေတြ ျမင္ေတြ႕ေနရသေလာက္နိင္ငံေရးအေျပာင္းအလဲက ျဖစ္ေတာ့မယ္လို႔ ကၽြန္မတို႔ ဝန္ထမ္းေတြၾကား ေျ
ပာေနၾကတယ္။ စစ္ေကာင္စီကို မယုံၾကေတာ့ဘူး။ အမ်ားစုက မျဖစ္လို႔သာ လုပ္ေနရတာ။အလုပ္ထြက္ခ်င္ေနၾကၿပီ။ အရာရွိေတြ
လည္း ေၾကာက္ေနၾကၿပီ”ဟု ျပန္ဆက္ဌာနမွ ခရိုင္အဆင့္ အမ်ိဳးသားဝန္ထမ္းတစ္ဦးကေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီသည္ ယခုအခါ ယခင္က သူအားေထာက္ခံခဲ့သည့္ အာဆီယံအသိုက္အဝန္း၏ ျပစ္ပယ္မႈကိုပါရင္ဆိုင္လာရၿပီး ကုလသ
မၼဂႏွင့္ EU နိုင္ငံမ်ားကလည္း ျပည္သူထံ အာဏာအျမန္ဆုံး ျပန္အပ္ရန္ ဖိအားေပးေနသည္။
ေအာက္တိုဘာ ၂၆ ရက္မွ ၂၈ ရက္အထိက်င္းပမည့္အာဆီယံထိပ္သီးအစည္းအေဝးတြင္ အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေ
အာင္လွိုင္ကို ဖိတ္ၾကားမည္မဟုတ္ဟု အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူနိုင္းနိုင္ငံက အတည္ျပဳထားသလို ျပဳျပင္ေျပာင္းလဲေရး မလုပ္သမၽွ
အာဆီယံအစည္းအေဝးမ်ားတြင္ စစ္ေကာင္စီကို တက္ခြင့္မေပးရန္ အင္ဒိုနီးရွားနိုင္ငံက အဆိုျပဳထားသည္ဟု ရိုက္တာသတင္းဌာနက သတ
င္းေဖာ္ျပထားသည္။ နိုင္ငံတစ္နိုင္ငံ၏ ျပည္တြင္းေရးကို ဝင္မစြက္ဘဲ ၾကားေနမူကိုင္စြဲထားသည္ဆိုေသာ အာဆီယံအဖြဲ႕ႀကီး၏ သ
မိုင္းတြင္စစ္ အာဏာသိမ္းမႈေၾကာင့္ အာဆီယံထိပ္သီးအ စည္းအေဝးတြင္ အာဏာလုေခါင္းေဆာင္ကို မဖိတ္ၾကားျခင္းမွာ
ပထမဆုံးအႀကိမ္ျဖစ္သည္။ Source;People’s Spring