ၾကားသိသမွ်

မြန်မာစစ်ရာဇဝတ်ကောင်တွေအပေါ် (၃) ခြမ်းကွဲနေတဲ့အာဆီယံ

မြန်မာစစ်ရာဇဝတ်ကောင်တွေအပေါ် (၃) ခြမ်းကွဲနေတဲ့အာဆီယံ

အာဏာသိမ်းရာဇဝတ်ကောင်ကို ထိပ်သီးဆွေးနွေးပွဲပေးတက်သင့် မတက်သင့်အပေါ် အရေးပေါ်ဆွေးနွေးရာမှာ အဖွဲ့ (၃) ဖွဲ့ကွဲထွက်လာတယ်လို့ အာဆီယံသံတမန်တဦးကပြောပါတယ်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က ပေးမတက်သင့်တဲ့အုပ်စု (၁) လို့ သူက ပြောပါတယ်။ အလှည့်ကျတာဝန်ခံ ဘရူနိုင်း၊

အာဏာသိမ်းပြီး အစိုးရတက်လုပ်နေတဲ့ ထိုင်းနဲ့ မြန်မာစစ်တပ်နဲ့ရင်းနှီးမြုပ်နှံနေတဲ့ ဗီယက်နမ်တို့က အများသဘောပါဆိုတဲ့ ကြားနေအုပ်စု

(၂)လို့သူကပြောပါတယ်။ တရုတ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ လာအို နဲ့ ကမ်ဘောဒီယားတို့ကတော့ အာဆီယံမိသားစုဝင်အချင်းချင်း ပေးတက်သင့်တယ်ဆိုတဲ့ အုပ်စု(၃) လို့ဆိုပါတယ်။

အုပ်စု(၁) မှာ အပြင်းထန်ဆုံးကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားလို့ သူကပြောပါတယ်။ အာဏာသိမ်းစကစ ကို ဘယ်လိုအစည်းအဝေးမျိုးကို

မှ ပေးမတက်သင့်ဘူးဆိုတဲ့ အယူအဆကို ကိုင်စွဲထားပုံရှိတယ်ဆိုပါတယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကတော့ စကစခေါင်းဆောင်ကို လုံးဝပေး

မတက်ပေမယ့် အရေးမပါတဲ့ အစည်းအဝေးမျိုးတွေမှာတော့ စကစကိုယ်စားပြုသူတဦး အရှက်ပြေပေးတက်သင့်တာကောင်းမယ်ဆိုတဲ့ သဘောထားရှိတယ်လို့ အဆိုပါ အာဆီယံသံတမန်ကပြောပါတယ်။

အုပ်စု(၂) ကတော့ ကြားနေအုပ်စုဖြစ်သလို သိသာတဲ့သဘောထားမျိုးချပြတာမရှိပေမယ့် မြန်မာစစ်တပ်ကြောင့် အာဆီယံဂုဏ်သိက္ခာနဲ့ အာဆီယံစီးပွါးရေးထိခိုက်နေပြီဆိုတဲ့ သဘောထားမျိုး ပေးတယ်ဆိုပါတယ်။

ပေးတက်သင့်တယ်ဆိုတဲ့ အုပ်စု(၃) ကတော့ ဦးကျော်မိုးထွန်းကို UN မှာ အသိအမှတ်ပြု ဆက်လက်ခံသလိုမျိုး စကစခေါင်းဆောင်ကို အခွ

င့်အရေးပေးသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်လို့ သူကပြောပါတယ်။ ပေးမတက်သင့်ဘူးဆိုတဲ့အုပ်စု(၁) ဟာ မြန်မာစစ်တပ်က

အပြောင်းအလဲမလုပ်ရင် NUG နဲ့ အချိန်မရွေးအသိအမှတ်ပြုဆက်ဆံသွားမယ်ဆိုတဲ့ သဘောထားမျိုးတွေပြောသွားတယ်လို့လည်း အဆိုပါ

သံတမန်ကပြောပါတယ်။

မလေးရှားကတော့ လက်ရှိအခြေအနေသာမက ရိုဟင်ဂျာတွေအပေါ်စစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်ခဲ့တာတွေပါဖြေရှင်းဖို့ ပြောသွားတယ်ဆိုပါတယ်။

အစည်းအဝေးမတိုင်ခင်နဲ့ အစည်းအဝေးအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းတာတွေရှိခဲ့တယ်လို့လည်း အဆိုပါ သံတမန်ကပြောပါတယ်။ Source;BNN

Zawgyi

ျမန္မာစစ္ရာဇဝတ္ေကာင္ေတြအေပၚ (၃) ျခမ္းကြဲေနတဲ့အာဆီယံ

အာဏာသိမ္းရာဇဝတ္ေကာင္ကို ထိပ္သီးေဆြးေႏြးပြဲေပးတက္သင့္ မတက္သင့္အေပၚ အေရးေပၚေဆြးေႏြးရာမွာ အဖြဲ႕ (၃) ဖြဲ႕ကြဲထြက္လာတယ္လို႔ အာဆီယံသံတမန္တဦးကေျပာပါတယ္။

အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကာပူနဲ႔ ဖိလစ္ပိုင္တို႔က ေပးမတက္သင့္တဲ့အုပ္စု (၁) လို႔ သူက ေျပာပါတယ္။ အလွည့္က်တာဝန္ခံ ဘ႐ူနိုင္း၊ အာဏာသိမ္းၿပီး အစိုးရတက္လုပ္ေနတဲ့ ထိုင္းနဲ႔ ျမန္မာစစ္တပ္နဲ႔ရင္းႏွီးျမဳပ္ႏွံေနတဲ့ ဗီယက္နမ္တို႔က အမ်ားသေဘာပါဆိုတဲ့ ၾ

ကားေနအုပ္စု (၂)လို႔သူကေျပာပါတယ္။ တ႐ုတ္နဲ႔အနီးစပ္ဆုံးျဖစ္တဲ့ လာအို နဲ႔ ကမ္ေဘာဒီယားတို႔ကေတာ့ အာဆီယံမိသားစုဝင္အခ်င္းခ်င္း ေပးတက္သင့္တယ္ဆိုတဲ့ အုပ္စု(၃) လို႔ဆိုပါတယ္။

အုပ္စု(၁) မွာ အျပင္းထန္ဆုံးကေတာ့ အင္ဒိုနီးရွားနဲ႔ မေလးရွားလို႔ သူကေျပာပါတယ္။ အာဏာသိမ္းစကစ ကို ဘယ္လိုအစည္းအေဝးမ်ိဳးကိုမွ ေပးမတက္သင့္ဘူးဆိုတဲ့ အယူအဆကို ကိုင္စြဲထားပုံရွိတယ္ဆိုပါတယ္။

စင္ကာပူနဲ႔ ဖိလစ္ပိုင္တို႔ကေတာ့ စကစေခါင္းေဆာင္ကို လုံးဝေပးမတက္ေပမယ့္ အေရးမပါတဲ့ အစည္းအေဝးမ်ိဳးေတြမွာေတာ့ စကစကိုယ္စားျပဳသူတဦး အရွက္ေျပေပးတက္သင့္တာေကာင္းမယ္ဆိုတဲ့ သေဘာထားရွိတယ္လို႔ အဆိုပါ အာဆီယံသံတမန္ကေျပာပါတယ္။

အုပ္စု(၂) ကေတာ့ ၾကားေနအုပ္စုျဖစ္သလို သိသာတဲ့သေဘာထားမ်ိဳးခ်ျပတာမရွိေပမယ့္ ျမန္မာစစ္တပ္ေၾကာင့္ အာဆီယံဂုဏ္သိကၡာနဲ႔ အာဆီယံစီးပြါးေရးထိခိုက္ေနၿပီဆိုတဲ့ သေဘာထားမ်ိဳး ေပးတယ္ဆိုပါတယ္။ ေပးတက္သင့္တယ္ဆိုတဲ့ အုပ္စု(၃) ကေတာ့ ဦးေက်ာ္မိုး

ထြန္းကို UN မွာ အသိအမွတ္ျပဳ ဆက္လက္ခံသလိုမ်ိဳး စကစေခါင္းေဆာင္ကို အခြင့္အေရးေပးသင့္တယ္ဆိုတဲ့ သေဘာထားရွိတယ္လို႔ သူကေျပာပါတယ္။

ေပးမတက္သင့္ဘူးဆိုတဲ့အုပ္စု(၁) ဟာ ျမန္မာစစ္တပ္ကအေျပာင္းအလဲမလုပ္ရင္ NUG နဲ႔ အခ်ိန္မေရြးအသိအမွတ္ျပဳဆက္ဆံသြားမယ္ဆိုတဲ့ သေဘာထားမ်ိဳးေတြေျပာသြားတယ္လို႔လည္း အဆိုပါသံတမန္ကေျပာပါတယ္။

မေလးရွားကေတာ့ လက္ရွိအေျခအေနသာမက ရိုဟင္ဂ်ာေတြအေပၚစစ္တပ္က လူ႔အခြင့္အေရးခ်ိဳးေဖါက္ခဲ့တာေတြပါေျဖရွင္းဖို႔ ေျပာသြားတယ္ဆိုပါတယ္။

အစည္းအေဝးမတိုင္ခင္နဲ႔ အစည္းအေဝးအၿပီးမွာ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနက ဘ႐ူနိုင္း ဒုနိုင္ငံျခားေရးဝန္ႀကီးကို ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းတာေတြရွိခဲ့တယ္လို႔လည္း အဆိုပါ သံတမန္ကေျပာပါတယ္။ Source; BNN