ၾကားသိသမွ်

အဖွားကပြောတယ် ခြံထဲ အိမ်ထဲကိုသူခိုးလား ဓားမြလား ခွဲခြားမရတဲ့ လူစိမ်းတွေမဝင်စေနဲ့

သြော် ငယ်ရွယ်စဉ်အချိန်ကဆုံးသွားရှာပြီဖြစ်တဲ့ အဖွားကပြောတယ်

ခြံထဲ အိမ်ထဲကို လူစိမ်းတွေမဝင်စေနဲ့တဲ့ ကိုယ်ကအဖွားကို ပြန်ပြောမိတယ်

အဖွားရယ် လူဖြူ လူမည်း နှစ်မျိုးပဲ တွေ့ဖူးပါတယ် ဘယ်က လူစိမ်းက ပေါ်လာတာလဲ

ပြန်မေးကြည့်တော့ အဖွားပြန်ရှင်းပြတာလေးက ငါ့မြေး လူကလေး

မသိရင္မွတ္ထား သူခိုးလား ဓားမြလား ခွဲခြားမရတဲ့ သူတွေကို လူစိမ်းလို့ခေါ်သတဲ့

ကဲအဖွားရေ အဖွား ငယ်ငယ်ကပြောခဲ့တဲ့ သူခိုး ဓားမြနဲ့တူတဲ့ လူစိမ်း

အုပ်စု တွေ့နေရပြီ အဖွားရေ အဖွားကိုချစ်တဲ့မြေး အဖွားစကားကိုနားထောင်ပြီး

သူခိုးဓားမြ လူစိမ်းအုပ်စုကို ခြံထဲအိမ်ထဲ အဝင်မခံနိုင်သလို

ရွာပြင်ရောက်အောင် မောင်းထုတ်ဖို့ မြေးလေး ကတိပေးပါတယ် ဖွားဖွားရယ်

ခရက်ဒစ်

Zawgyi










ခရက်ဒစ်