ၾကားသိသမွ်

” စစ်ကောင်စီကိုယ်စားလှယ်နဲ့ မတွေ့ချင်လို့ အာဆီယံညီလာခံကို ရွှေ့ဆိုင်းလိုက်တဲ့ ကုလ အထွေထွေ အတွင်းရေးမှုး ”

” စစ်ကောင်စီကိုယ်စားလှယ်နဲ့ မတွေ့ချင်လို့ အာဆီယံညီလာခံကို ရွှေ့ဆိုင်းလိုက်တဲ့ ကုလ အထွေထွေ အတွင်းရေးမှုး ”

အာဆီယံညီလာခံကို ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှုးက ရွှေ့ဆိုင်းခိုင်းလိုက်ပါတယ် ။ဘာ့ကြောင့်လည်းဆိုတော့ ဒီညီလာခံကို ကု

အထွေထွေအတွင်း ရေးမှုး တက်ရောက်လာမှာပါ ။ အဓိက ဖိတ်ကြားရတဲ့အကြောင်းကတော့ အာဆီယံအဖွဲ့အတွင်းက ပြဿနာတွေ

ရှုပ်ထွေးနေတဲ့ မြန်မာ့အရေးအတွက် ဖိတ်ကြားထားတာပါ ။

သို့ပေမယ့် ညီလာခံမတိုင်မီ ရက်ပိုင်းအလိုမှာ ကုလ အထွေထွေအတွင်းရေးမှုးက ညီလာခံကို ရွှေ့ဆိုင်းခိုင်းလိုက်ပါတယ် ။ဒီဆွေးနွေးပွဲကို

ဘာ့ကြောင့်ရွှေ့ ဆိုင်းလိုက်ရသလဲဆိုရင် ၊ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ်ကို အခန်းတစ်ခန်းထဲမှာ အတူထိုင်ပြီး ဆွေးနွေးမှု့ မလုပ်ချင်

တာပါ ။

တကယ်လို့ အာဆီယံအစည်းအဝေးခန်းမမှာ စစ်ကောင်စီကိုယ်စားလှယ်နဲ့အတူ ဆွေးနွေးခဲ့မယ်ဆိုရင် ရာဇဝတ်မှု့တွေ ကျူးလွန်ထားတဲ့

မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားလိမ့်မယ်လို့ ပြောကြားခဲ့တာပါ ။ ကုလသမဂ္ဂမှာ နိုင်ငံအများစုက တောင်းဆိုထားတဲ့

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ သက်တမ်းအတွက် အထောက်အထားစီစစ်ရေးကော်မတီက လေ့လာနေချိန်မှာ စစ်ကောင်စီနဲ့ မတွေ့နိုင်

သေးပါဘူးတဲ့ ။

လာမယ့်သောကြာနေ့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဖယ်ထုတ်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေ

ဆွေးနွေးကြတော့မှာပါ ။ အခြေအနေအရ အာဆီယံခေါင်းဆောင်တွေရဲ့ လုပ်ရပ်နဲ့ သဘောထားကို စောင့်ကြည့်ချင်သေးလို့ အစည်း အဝေး

ကို ရွှေ့ဆိုင်းခိုင်းလိုက်တယ်လို့ ကုလ ပြောရေးဆိုခွင့်ရှိသူ STEPHANE DUJARRIC က နိုင်ငံတကာ သတင်းထောက်တွေကို ပြောကြား

ခဲ့တာပါ ။

အာဆီယံနိုင်ငံအများစုကလည်း ဧပြီလမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို ဝေ့လည်ရှောင်ပတ်လုပ်နေတဲ့ စစ်ကောင်စီကို အတူတူ

အစည်းအဝေးမလုပ်ချင်တော့ပါဘူး ။ ဘရူနိုင်းကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတာကိုလည်း ပယ်ချခဲ့တဲ့

အတွက် အာဆီယံခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ပယ်ထုတ်ဖို့ စဉ်းစားလာကြတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှုးဟာ စစ်ကောင်စီရဲ့ ကိုယ် စားလှယ်နဲ့အတူ အစည်းဝေးခန်းမအတွင်းမှာ အတူထိုင်ခဲ့မယ်ဆိုရင် မြန်မာပြည်သူ

တွေရဲ့ရင်ထဲမှာ အလွန်ခံစားသွားရနိုင်တယ်လို့ အသိပေးခဲ့သူကတော့ ပြည်သူ့ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပါ ။ ဦးကျော်

မိုးထွန်းရဲ့ သတိပေးမှု့အပြီးမှာ ကုလအတွင်းရေးမှု းက အာဆီယံညီလာခံကို ရွှေ့ဆိုင်းခိုင်းလိုက်ပါတယ် ။

ဆိုရရင် …၊ အာဆီယံ ညီလာခံ ရွှေ့ဆိုင်းရတဲ့ အဓိက အကြောင်းရင်းဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ သတိပေးချက်အရ ကုလ

အတွင်းရေးမှုးက ဆုံးဖြတ်လိုက်တာပါ ။ ဒီတော့ …၊ ဒါဟာ သံတမန်နည်းအရ စစ်ကောင်စီကို လူရာမသွင်းဖို့ ကြိူးစားမှု့တစ်ခုပါဘဲ ။

ဒါကတော့ ရိုက်တာသတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် Michlle Nichols ရဲ့ ဆောင်းပါးကို ကောက်နုတ် တင်ပြလိုက်တာပါ ။

ဘကြီးအောင် LA14 October , 2021